Saturday, March 11, 2017

သိတ်​မ​သေချာတဲ့အခန်းတခန်း ✏ ✏ ✏

သိတ်​မ​သေချာတဲ့အခန်းတခန်း
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ညိုမြ​သွေး
သာမာန်​အခန်းတခန်းပါပဲ...
ပရိ​ဘောဂ အကျိုးအပဲ့နည်းနည်း
ရှုပ်​ပွ​နေတဲ့အမှိုက်​သရိုက်​ကများများ
မီးခလုတ်​ခုံ ၊မီး​ချောင်းနှစ်​​ချောင်းနဲ့
ခပ်​ချာချာ ရှုခင်းပုံ ပန်းချီကားနှစ်​ချပ်
နံရံ​ပေါ်မှာ​ 2017 ပြက္ခဒိန်​တခုနဲ့
ဖုံတက်​​နေတဲ့ အိမ်​​ထောင်​စုစာရင်းမှတ်​တမ်း...
လူနှစ်​ဦး တွဲဓာတ်​ပုံ ကပ်​ထား​ပေမယ့်
တဦးထဲ ကျန်​​နေ​သေးတဲ့ အခန်း...
ဧည့်​လာ​သောင်​လာ သိတ်မ​​ရှိ
ပစ္စည်းပစ္စယ​တွေ တုံးလုံးပက်​လက်​တင်​ထားတဲ့
ဖုံတက်​စားပွဲတလုံး..
အဝတ်​​ဟောင်း​တွေ တို့လို့တွဲ​လောင်း
အိကျ​နေတဲ့ ကြိုးတန်းက
ဇာတ်​သဘင်​တခုက ထပ်​တွန့်​ ကတ္တီပါ
ပြည်​ဖုံးကားတခုလို...
ကြမ်းပြင်​​ပေါ်မှာ
တုံးလုံးပက်​လက်​ အရက်​ပုးလင်းခွံတချို့နဲ့
စီးကရက်​တို​တွေက မွစာကြဲ...
လွန်​ခဲ့တဲ့ နှစ်​​ပေါင်းသုံးဆယ်​နီးပါး
လမိုက်​တဲ့ ညတညမှာ
ခွေး​ဟောင်​သံ​တွေ ဆူညံ
တံခါးထုသံ တဒုန်းဒုန်း​ကြောင့်
တံခါးဂျက်​ကို ဖြုတ်​​ပေးလိုက်​ချိန်
သေနတ်​ကိုယ်​စီနဲ့ အရက်​မူး​နေတဲ့
တပ်​မ ၂၂ ကအခန်းကိုဝိုင်းထားပြီးမှ
တခြားအ​ကြောင်းတခုနဲ့ ပြန်​ထွက်​သွားခဲ့ကြ...
ခြင်​​ထောင်​ထဲမှာ ​ဘောပင်​တ​ချောင်းနဲ့
ဧည့်​စာရင်း Date ​ပြောင်း​နေတဲ့ ​ရွှေဘုန်းလူတ​ယောက်​...
ဒီတကြိမ်​ ကံ​ကောင်းခဲ့ဖူးတယ်​။
ကျောင်းသား နိုင်​ငံ​ရေးသမား
ဝရမ်း​ပြေးနှစ်​​ယောက်
တရက်​ပြီးတရက်​ တိုက်​တိုက်​ဆိုင်​ဆိုင်
ရောက်​လာခဲ့ကြ... အိမ်​​ရှေ့ခန်းခြင်​​ထောင်​စုတ်​တလုံးထဲအတူ
အိပ်​စက်​ခဲ့ 
့တ​ယောက်​က သူရိန်
တ​ယောက်​က​ရွှေဘုန်းလူ
တခါမှမမြင်​ဖူးကြတဲ့ ဘဝတူရဲ​ဘော်​များ..
တခါတခါ
ညဉ့်​နက်​သန်း​ခေါင်​​ရောက်​မှ
ကုပ်​​ချောင်း​ချောင်းနဲ့ တံခါးလာ​ခေါက်​ကြတဲ့
နှင်းခါးမိုး ၊ဝင်းနိုင်​ဦး...
သူတို့​တွေလည်း အများနည်းတူ နိုင်​ငံ​ရေး
ဝရမ်း​ပြေး​တွေပါပဲ....
ထောင်​ကထွက်​ ပြည်​ပထွက်​ပြီး
ခေတ္တပြန်​လာတဲ့ ​အောင်​ဒင်​တ​ယောက်​လည်း
အရက်​မူးမူးနဲ့ ဒီအိမ်​​ရှေ့ခန်း ခါးပန်း​ခေါင်းတင်​ပြီး တုံးလုံးပက်​လက်​​နေခဲ့ဖူး​သေးတယ်
အ​ကြောင်းအား​လျှော်​ တခါတ​ခေါက်​​လောက်​​တော့
ကို​နေနွယ်​တို့ ကို​အောင်​သူတို့လည်း
ဒီအခန်း​ရှေ့​တော့ ရပ်​ရပ်​သွားသွား
လာခဲ့ဖူးကြတယ်​..
နွေလယ်​​နေ တို့ ​စေတတို့
နိုင်ငံ​​ရေးသမားကဗျာဆရာလက်ျာဝင်းတို့လာတတ်​သလို
မကြာခင်​ နှစ်​က​တော့ အ​​ကြောင်းတိုက်ဆိုင်လို့ 
ေ​နာက်ပိုင်းမျိုးဆက်ထဲက ဘိုပီတ​​ယောက် သုံး​​လေးလ​​လောက်​လာ​နေသွားရဲ့...
ခု​တော့ ဒီအခန်းမှာ
တ​ခေါင်​လုံးဖြူ​နေတဲ့ လူတ​ယောက်​ရယ်
ခန်းလုံးပြည့်​ သိပ်​ထည့်​ထားတဲ့ အလွမ်း​တွေရယ်​...
ဥဒဟိုဖြတ်​သန်း​နေကျ သန်​သန်​မာမာ
မြေကြွက်​ကြီး​တွေ အတူ​နေကြတယ်​...
ဒီအခန်းနဲ့ ဒီအလွမ်း​တွေက
သက်​တမ်းကုန်​​တော့မလား
ဒါက သိတ်​​တော့မ​သေချာ...
ဒါက အမှတ်​တရလား ကဗျာလား
သိတ်​​တော့မ​သေချာ....
ညိုမြ​သွေး
9:23 PM
Fri,10 Mar 2017
poem#observation#shinlhu

No comments:

Post a Comment