ခေါင်စဉ်မဲ့သွားတဲ့ကဗျာတပုဒ်
♬ ♪ ♬ ♪ ♬ ♪ ♬ ♪ ♬
နွေဦးပေါက်ရာသီရဲ့
ကသီကရီ လမ်းမကလေးရေ
မင်းက အလွမ်းတွေနဲ့ဖောက်လုပ်ထားတာလား
ဟို အဝေးကမြူတွေထဲတန်းတန်းမတ်မတ်
တိုးဝင်သွားနိုင်ဖို့
မင်းက
ငါ့ကို သယ်ဆောင်သွားမှာလား
အဲဒီမှာ ဘာတွေတွေ့နိုင်မလဲ
မင်းမသိသလို
ငါလည်းမသိနိုင်သေး...
ခရီးတခုရဲ့အဖြေ သေချာသိနိုင်ဖို့ကတော့
ငါတို့ ဆက်လျှောက်ကြမယ်လား
ညိုမြသွေး
10:33PM
Sun,26 Mar 2017
poem#observation#shinlhu
No comments:
Post a Comment