ပြောင်းလဲလာသောရာသီဥတုနှင့်
နောက်ခံအခြေအနေများကြောင့်
မြန်မာနိုင်ငံတွင်
အဖြစ်အများဆုံးရောဂါ
္တ➳ ➳ ➳ ➳ ➳ ➳
သူ့နှုတ်က မ န္တန်ရွတ်နေသလိုလို
်ကျိန်စာတိုက်နေသလိုလို...
သူဘာကိုမကျေနပ်နေသလဲ
ဘသူ့ကိုမကြိုက်တာလဲ
သူ့ပုံက ခံစားချက်အတော်ပြင်းထန်...
တိုက်ပွဲဝင်တော့မယ့်
တကယ့် တော်လှန်ရေးသမားပုံစံနဲ့....
မဲမဲမြင် ပစ်မှာပဲ..
သူ့ပုံက တကယ်လုပ်မဲ့ပုံ
ဓာတ်တိုင်ကိုကြည့်ပီးသူမကျေနပ်
သစ်ပင်တွေကိုမကျေနပ်
ဘတ်စ်ကားကိုသူမကျေနပ်
မိန်းမတွေလည်းမကျေနပ်
အမှိုက်ပုံ စည်ပင်
စူပါမားကက်နဲ့ သတင်းစာတွေလည်း
သူမကျေနပ်...
သြော်...ငါကအကောင်းမှတ်လို့ကြည့်နေတာ။
ညိုမြသွေး
10:20am
Wed,26 Apr 2017
poem#observation#shinlhu
Wednesday, April 26, 2017
Monday, April 24, 2017
ရှင်လူIdol ♥ ♥
ရှင်လူIdol
♥ ♥ ♥
ခုတလောရှင်လူတယောက်စာရေးချင်စိတ်
်တွေကုန်သလိုဖြစ်နေတယ်။
ဒါနဲ့ အရက်ပုလင်းတွေဓာတ်ပုံရိုက်တင်၊
အချစ်အလွမ်းရိုမန်တစ်ကဗျာတွေရေး
လိုရေး၊ကိုယ့်အသက်အရွယ်မှကိုယ်မ
ထောက်၊ အရက်မူး အချစ်မူး ရင်ခုန်သံ
တဒုန်းဒုန်းနဲ့ ဝုန်းဒိုင်းကြဲနေခဲ့တာကြာပြီ။
ဘာလို့စာမရေးချင်တာလဲလို့ ကိုယ့်ဘာသာ
ဆန်းစစ်လိုက်တော့၊ရှင်လူတို့နိုင်ငံမှာ
လူမှုရေးအစ ဘာသာရေးအလယ် နိုင်ငံရေးအဆုံး အကြမ်းအားဖြင့် ဝေဖန်
သုံးသပ်စရာ ကိစ္စတွေက တကယ်ရှိနေတာ
နည်းနည်းလေးရယ်။ ဝေဖန်သုံးသပ်လိုက်
မှ ပြဿနာတွေကပိုကြီးကုန်တာများတယ်။
အဲဒါကြောင့်ရှင်လူတို့လို သဘာကြီး ဝါကြီးတဲ့လူတွေအလကားအားအားယားယား ရှိနေရင်ဖွန်ပဲကြောင်ကြောင်၊အရက်
်မူးပြီးပဲရမ်းရမ်း အချစ်ကဗျာလေးတွေပဲ
ဖွဲ့ဖွဲ့။ ပေါက်ကရတွေ လိုက်လုပ်နေတာကမှ
နောင်လာနောက်သားတွေအန္တရာယ်ကင်းအုံးမယ်လို့ ရှင်လူအတွေးဆန့်မိတယ်။
ဥပမာလူကြီးတွေကအထိမ်းအမှတ်နေ့ 
တနေ့ သတ်မှတ်တယ်ဆိုပါစို့....
တော်လှန်ရေးနေ့ဆိုပြီး၊အဲဒါတဖြည်းဖြည်း
နဲ့ နောက်ပညာရှိလူကြီးမင်း တယောက်က
တပ်မတော်နေ့လို့ ပြောင်းခေါ်ပြန်လေရော။
အဲဒီအချိန်က စပြီး မူလ တော်လှန်ရေး
ဂိုဏ်းနဲ့ နောက်ပေါ် တပ်မတော်ဂိုဏ်း
နှစ်ဂိုဏ်းကွဲတယ်။ဒီတော့ သူတို့နဲ့ ဆက်စပ်
ရာသားစဉ်မြေးဆက်တွေပါနှစ်ဂိုဏ်းကွဲက
ရော။တမြေထဲနေတရေထဲသောက်
ကလေးလူငယ်တွေကအစဘုမသိဘမသိ
ဲ့ငြင်းကြခုံကြ ရန်ဖြစ်ကြနဲ့ဆယ်စုနှစ်တွေနဲ့ချီ
ပြီးတရုတ်သိုင်းဂိုဏ်းတွေလိုဖိုက်နေလိုက်
်ကြတာမပြီးနိုင်မစီးနိုင်။တကယ်တော့ဒီကိစ္စရဲ့ဇာစ်မြစ်က LDC ဘဝကလွတ်မြောက်ပြီး
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတခုရယ်လို့
ဖြစ်မြောက်လာရအောင်ဘာတခုမှအ
ထောက်အကူပြုတဲ့ကိစ္စမဟုတ်။
အမှန်တော့အဲဒီလူကြီးဆိုတဲ့လူတွေနိုင်ငံ
ံရေး ဆိုတာကိုကောင်းကောင်းနားမလည်ပဲ
ဆင့်ဟိုဒင်းအနာလုပ်ထားတဲ့ကိစ္စ။နောက်မျိုးဆက်တွေကပါ အဲဒီအနာကို ပလာစတာလိုက်ကပ်နေကြရတာ။
ခုလည်းလာပြန်ပြီတံတားသစ်နာမည်ပေးဖို့
ကို ငြင်းကြခုန်ကြဆန္ဒပြကြနဲ့လွှတ်တော်ထဲ
မဲခွဲယူရတဲ့အထိဖြစ်ကြသတဲ့။ရှင်လူတို့
တောင်ဥက္ကလာ ဝေဇယန္တာလမ်းမှာ
``အောင်ကျော်တံတားဆိုတာရှိတယ်´´
နာမည် ကဘယ်လောက်ခန့်လိုက်သလဲ။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ဝန်းကျင် ဥက္ကလာ
ဂေါက်ကွင်းတည်ဆောက်စ ကာလတုန်း
က မနက်၅ နာရီလောက်ဆိုရင် ရှင်လူတို့
ကျန်းမာရေးလေ့ကျင့်ခန်းယူသူတွေ
တံတားနားမကပ်ရဲတော့။သရဲခြောက်လို့မထင်ပါနဲ့။သရဲထက်ဆိုးပါတယ်။ဂေါက်ကွင်း
တည်ဆောက်ရေးလုပ်သားတန်းလျားမိသားစုများအတွက် ဂေါက်ကွင်းထဲ အိမ်သာ
လုပ်ပေးထားပုံမရပါ။ ဘာကြောင့်ဆိုတော့
ပျိုပျို အိုအို ကြီးကြီးငယ်ငယ် အကုန်လုံး
တံတားဘောင်ပေါ်တန်းစီပြီး အီးထိုင်ပါ
ကြတာကြောင့်ရှင်လူကအောင်ကျော်တံတားကို အီးတံတားလို့ကိုယ့်ဘာသာ
အမည်ပြောင်းခဲ့ရပါတယ်။အဲဒီအတွေ့အ
ကြုံကရတဲ့ အတွေးအခေါ်နဲ့ မိတ်ဆွေ
အင်ဂျင်နီယာတယောက်ကို အကြံပေးခဲ့ဖူး
ပါတယ်..ခင်ဗျားတို့ နောက်ဆို တံတားတွေ
ဆောက်ဖို့ပုံဆွဲရင်အိမ်သာပါအောင်ထည့်ဆွဲဗျာလို့။တကယ်တော့တံတားနာမည်ထက်တံတားရဲ့ဝန်ဆောင်နိုင်စွမ်းကပိုအရေးကြီးတာပါ။အဲဒါကို ခုရှေ့မျိုးဆက်တွေက
ဆင့်ဟိုဒင်းအနာလုပ်ခဲ့တော့နောက်မျိုးဆက်တွေက ဆင့်ဟဝှါ ပလာစတာကပ်ကြ
ပါအုံးမယ်။လမ်းနာမည်တွေကလည်း
ခုတမျိုး တော်ကြာတမျိုး။မဂိုလမ်းဆိုပြီး
ဝင်သွားလိုက်ပါတယ်ဟိုဘက်ထိပ်လည်းရောက်ကရော ရွှေဘုံသာလမ်းဖြစ်လို့။
ထမင်းဆာလို့ထမင်းဆိုင်ဝင်စားမိပါတယ်
၇၅ကျပ်တန်ပိုက်ဆံကတရားမဝင်တော့ဘူးဆိုလို့လက်ပတ်နာရီလေးအပေါင်ထားခဲ့ရပါတယ်။သုံးနေရတဲ့ငွေစက္ကူတွေကလည်းနှစ်ရာတန်ချင်းအတူတူ ကြီးတာကကြီး
သေးတာကသေး၊ကျန်တဲ့အရွက်တွေ
လည်းအားလုံးဒီအတိုင်း။နိုင်ငံတော်အလံဆိုလည်း ရှင်လူ့တသက် အကြိမ်ကြိမ်
ပြောင်းလွန်းလို့ဘယ်ဟာအလေးပြုရမှန်း
တောင်မသိတော့ဘူး။အဲတော့ ရှင်လူ
တွေးမိတာက ငါတို့လို ပညာရှိတွေ နိုင်ငံရေး ဝင်လုပ်ရင် အလုပ်မရှိငဥသန်းရှာ
တာတို့ ၊ဆင့်ဟိုဒင်းပလာစတာကပ်တာတို့၊
ကိုယ်တွေလုပ်ရုံတင်မကသားစဉ်မြေးဆက်
တိုင်အောင် သောက်လုပ်မရှုပ်ရှုပ်အောင်
ဘိုးဘွားအမွေအနှစ်ဆိုပြီးချစ်မြတ်နိုးခိုင်း
သေး။ ဒီကြားထဲ အစဉ်အလာအရ သရဏ
ဂုံတည်ခဲ့ကြတဲ့ဘာသာဝင်များကျတော့လည်းသရဏဂုံတပါးကသားဖောက်သာသနာပြုအမွေကိုပေးချင်သတဲ့။ ကဲဗျာ ရှင်လူ
ဘာလို့စာမရေးချင်ပဲ အရူးသိုင်း အမူးသိုင်း
ကနေ ဖွန်ကြောင်နိဒါန်းပျိုးနေရသလဲဆို
တာ ခင်ဗျားတို့သဘောပေါက်လောက်ပါပြီ။
ကဲမိတ်ဆွေပညာရှိသူတော်ကောင်းကြီး
များခင်ဗျာ။ခင်ဗျားတို့တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင်တောလုပ်တောင်လုပ်
ဆင့်ဟိုဒင်းပလာစတာကပ်တဲ့အလုပ်တွေ
ဆက်မလုပ်ကြပဲ ရှင်လူနဲ့ အတူ နေညိုချိန်
တိမ်တောက်တဲ့ခါ ဝီစကီလေးတမြမြ..
အချစ်ကဗျာလေးတွေရွတ်ဆိုရင်း...
fb ထဲကစမီးလေးတွေနဲ့ချက်နေကြရင်
ခင်ဗျားတို့နိဗ္ဗာန်မဂ်ဖိုလ် မရတောင်နောင်
လာနောက်သားတွေအတွက် ဗမာပြည်/
မြန်မာပြည်ကြီးကတော့ငြိမ်းချမ်းသာယာပြီး
ဘေးမသမ်းပဲအေးချမ်းမှာအမှန်ပင်။
story#observation#shinlhu

Thursday, April 20, 2017
ကောင်းကင်မှာလွှင့်တင်ထားတဲ့အလွမ်း ♡ ♡ ♡
ကောင်းကင်မှာလွှင့်တင်ထားတဲ့အလွမ်း
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ကြိုးပြတ်သွားတဲ့ စွန်ကလေးကို
လွမ်းသလိုမျိုး
မင်းကိုလွမ်းပါတယ်...
ကောင်းကင်ကိုမော့ကြည့်ရင်း
မင်းဘယ်ဆီမျောလွင့်သွားပလဲ
ငေးရတာလည်း ငါ့မှာ မော လို့..
တကယ်တော့ သံယောဇဉ်ဆိုတာမျိုးဟာ
ကိုယ်ကမဖြတ်လည်း
သူကပြတ်တတ်တဲ့ အမျိုးပါ...
ညိုမြသွေး
7:48 am
Fri,21 Apr 2017
poem#observation#shinlhu
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ကြိုးပြတ်သွားတဲ့ စွန်ကလေးကို
လွမ်းသလိုမျိုး
မင်းကိုလွမ်းပါတယ်...
ကောင်းကင်ကိုမော့ကြည့်ရင်း
မင်းဘယ်ဆီမျောလွင့်သွားပလဲ
ငေးရတာလည်း ငါ့မှာ မော လို့..
တကယ်တော့ သံယောဇဉ်ဆိုတာမျိုးဟာ
ကိုယ်ကမဖြတ်လည်း
သူကပြတ်တတ်တဲ့ အမျိုးပါ...
ညိုမြသွေး
7:48 am
Fri,21 Apr 2017
poem#observation#shinlhu
Monday, April 17, 2017
ချစ်သူရယ်♪ ကဗျာမဆန်နဲ့ကွယ်♪ ♬
ချစ်သူရယ်♪ ကဗျာမဆန်နဲ့ကွယ်♪ ♬
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
♥ ဒီနေ့ နှစ်ဆန်း ၁ ရက်..
အိမ်ရှေ့အဆောင်မှာနေတဲ့ကောင် က
စောင်းသလိုလို ရိသလိုလို လာလုပ်တာနဲ့
ရှင်လူ နည်းနည်းကဗျာစပ်လိုက်မိတာ၊
အကြီးအကျယ်ရန်ပွဲတပွဲ ဖြစ်သွားတယ်။
သူတပြန်ကိုယ်တပြန်အော်ဟစ်ဆဲဆိုကြ
ပြီးပွဲကြမ်းလာချိန်မှာအရပ်ကဝင်ထိန်းလိုက်
လို့သာပြီးသွားတာ။နို့မို့မလွယ်ဘူး။ရှင်လူ့ကို
အခန်းထဲကနေပြီးဖင်ခေါင်းမကျယ်နဲ့တဲ့။
ဒါနဲ့ အပြင်ထွက်ပေးလိုက်တယ်၊လာသတ်
ငါလည်စင်းပေးလိုက်မယ် လို့။
ဇာတ်လမ်းအစကတော့ကိုရီးယားကျွန်းဆွယ်နဲ့ ခတ်ဆင်ဆင်ပဲ။
ဒီကောင်မူးပြန်လာရင်လင်မယား
ရန်ဖြစ်တယ်။
သူ ဘာလုပ်ဘာကိုင်တယ်တော့
မပြောတော့ဘူး ၊ဘဝတူလူတန်းစားတွေ
သိက္ခာကျမစိုးလို့။ သူတို့လင်မယား
ရန်ဖြစ်ရင် မကြားဝန့်မနာသာ ဆဲဆိုသံ
ကမိုးမွှန်ကရော။ကြာတော့ရှင်လူကမနေ
နိုင်လို့ဝင်ပြောမိရာက စတာပဲ။ပထမတော့
ရှင်လူက အကျိုးသင့် အကြောင်းသင့်ပြော
တာပဲ။သူ့ဘက်ကမူးမူးရူးရူးနဲ့အပ်ကြောင်းထပ်လာတော့ရှင်လူဒေါပွလာရော။
ဒီ 179flatထဲမှာအပျိုရွယ်လူပျိုရွယ်
တွေရော သက်ကြီးဝါကြီးတွေပါရှိကြတယ်။
ရှင်လူလည်းအရက်သောက်တတ်တာပဲ။
ဒါပေမယ့်အရက်ဆိုင်တို့ဖာတန်းတို့မှာပြောတဲ့ရုန့်ရင်းတဲ့စကားမျိုး ရှင်လူမပြောဘူး။
ဒီကောင် အရပ်ကိုပမာမခန့်လုပ်တာ ရှင်လူ
သီးခံလို့မရ။ဆိုင်ရာနဲ့ရှင်းဖို့ကျတော့ရှင်လူမလုပ်ချင်။အိမ်ငှားနေရသူတွေချင်းကိုယ်ချင်းစာစိတ်နဲ့သီးခံနေတာ။အဲဒါ သူမူးလာတိုင်း
ရိသလိုပတ်သလိုနဲ့ ရှင်လူ့ကိုမထိတထိ
စောင်းတယ်။ရှင်လူတတ်နိုင်သမျှသီးခံ
တယ်။ သူရိသလောက်ပတ်သလောက်
ကတော့ ၁၆နှစ်သားကထဲကကဗျာရေးလာ
တဲ့ကောင်တတ်သပေါ့။ဒါပေမယ့်ငါတတ်ထားတဲ့ကဗျာဟာကိုယ်ကျိုးသုံးဖို့မဟုတ်ဘူးလို့ တသက်လုံးစောင့်ထိမ်းလာတာ။
ဒီနေ့တော့ သောက်တလွဲသုံးလိုက်မိတယ်။
အကုသိုလ်ပဲ။ကြည့်လေ သူပြောပုံက
``ငါကသင်္ကြန်တွင်းတတွင်းလုံး တောကျောင်း မှာသာသနာသွားပြုနေတာ၊
အသက်ကြီးပြီးအချိန်မစီး အိမ်မှာနေပြီး
အရက်သောက်နေတာမဟုတ်ဘူး..´´တဲ့။
ဘုန်းကြီးကလည်းပြောတယ် စာတတ်တိုင်း
အထင်မကြီးနဲ့ စာမတတ်တဲ့သူတွေ နိဗ္ဗာန်
ရောက်တာ အများကြီး၊ ငါ့ကျောင်းက
ခေါင်လွန်းလို့ နှစ်တိုင်းဒုလ္လဘတွေလာရင်
စာတတ်ပေတတ်တွေမလာဘူး၊အရက်သမားတွေကရောက်အောင်လာတယ်..တဲ့။
ဒီလောက်ထိရှင်လူသီးခံနေသေးတယ်။
သူ့မိန်းမဘက်လှည့်ပြီး ``ခင်ဗျားလည်း
အသက်ကြီးပြီယဉ်ကျေးလိမ္မာလေးဘာ
လေး တက်သင့်ပြီ ..´´တဲ့။ ဒီကောင်တွေ ဒီအချိုးအတိုင်းချည်းပဲ။သင်္ကြန်ဒုလ္လဘ
လေး ၇ ရက်လောက်ဝတ်ထားရင် တရပ်ကွက်လုံးက ထိုင်ရှိခိုးရမလောက်
မျက်နှာပေးနဲ့ဓမ္မစင်္ကြာဟောချင်သေး
သကိုး။ ရှင်လူလည်း အမှတ်တမဲ့ သတိလွတ်ပြီး``ယီးဒယ်မသင်္ကြန်တတွင်းလုံး မိုးတအေးအေးနဲ့ ငြိမ်းချမ်းသလောက်
နှစ်ဆန်းတရက်လည်းရောက်ရော
လူရောနားရောပူတော့တာပဲ´´လည်းဆို
လိုက်ရော ၊ သာသနာပြုပုဂ္ဂိုလ် ၄၁ နှစ်နဲ့
ရှင်လူ ၆၄ နှစ်တို့ စိန်ခေါ်ပွဲကြီး စတော့တာပါပဲ...။

Saturday, April 15, 2017
အလွမ်းဖျက်မနုဿ ဖွေး ♥ ♥
အလွမ်းဖျက်မနုဿ ဖွေး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
သင်္ကြန်မိုးရေစက်လေးတွေက လေးတိလေးတွဲ့ တပေါက်ချင်း တစက်ချင်း
ခုန်ဆင်းကြရင်းစိမ်းမြမြပိတောက်ဖူးလေး
တွေကိုတို့ကာထိကာချစ်ရေးဆိုနေတဲ့ခုလိုနေလယ်ခင်းအချိန်ကလေးမှာ ရှင်လူ့လိုဂြိုဟ်သားတယောက်အဖို့တော့မိမိမွေးဖွားကြီးပြင်းခဲ့ရာဇာတိဂြိုဟ်ကမ္ဘာရှိရာကို မှန်းဆရင်း အလွမ်းတွေက ကမ္ဘာ့မြို့ပြကြီးတွေမှာ ယာဉ်ကြောပိတ့်ဆို့
နေသလို ရှေ့တိုးမရ နောက်ဆုတ်မရ
မလှုပ်နိုင်မရှားနိုင်အောင်ပါပဲ။
ဒီလိုနဲ့မိမိနဲ့အဆင်ပြေမယ့်အလွမ်းသီချင်းတပုဒ်လောက် ဆိုကြည့်ရကောင်းမလားလို့ လူသားဒေတာတွေထဲကဂူဂဲလ်ကိုခေါက်လိုက်တော တကောင်ထဲပဲ ♪ ဖော်ကွဲခဲ့
လို့♬ လွမ်းပါသည်♪ ♬ ဆိုတဲ့စာသားကပေါ်လာခဲ့ပါတယ်။ဒီအခိုက်အတန့်ကလေးမှာပဲ မိမိမျက်နှာပေါ်ကို
အေးခနဲH²Oတွေကျရောက်လာတာကြောင့် လှည့်ကြည့်လိုက်တော့ ဤကမ္ဘာမြေဖွား
မနုဿ ကလေးတယောက်က သူ့လက်ထဲက H²O Gunနဲ့ အဆက်မပြတ်
တိုက်ခိုက်နေတာကိုအငိုက်မိခံလိုက်ရပါတယ်။ ခုနလေးတင်ကမှ တခါလဲထားတဲ့
ဂြိုဟ်သား ရှော့ပင်ရော စွပ်ကျယ်တွေပါ
ရွှဲရွှဲစိုကုန်ပါတယ်။ ဂြိုဟ်သားရှင်လူအနေနဲ့
ဒီကိစ္စအပေါ် စိတ်မသက်မသာဖြစ်ပေမယ့်
ရှင်လူနေထိုင်ခဲ့ရာ ဝေလ ဂြိုဟ်ရဲ့ အခြေ
ခံဥပဒေအခန်း၇အပိုဒ်၅ဃမှာရေးသားပြ
ဋ္ဌာန်းထားတာကိုသတိရမိပါသည်။
ဝေလဂြိုဟ် ခြေဥနီ
အခန်း ၇ အပိုဒ် ၅ ဃ။။သင့်အား
မနုဿကလေးငယ်တယောက်ယောက်က
H²O Gunဖြင့်တိုက်ခိုက်လာခဲ့ပါက သင်သည်
ယင်း ကလေးငယ်အား အာရှအချိုရည်
သို့မဟုတ် ကိုကာကိုလာထည့်ထားသော
အပေါ့စား Spary Gun နှင့်သာ ပြန်လည် ခုခံပိုင်ခွင့်ရှိသည် ဆိုထားလေတော့..

ဲ
Monday, April 3, 2017
ချစ် ကြောက် ရိုသေမျိုးဆက်များ ✏
ချစ် ကြောက် ရိုသေမျိုးဆက်များ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မတ်လကုန်ပိုင်း နေပူပူနေ့တနေ့မှာ
ဖုန်းနဲ့ လှမ်းချိတ်ထားတဲ့အတိုင်း ရှင်လူ့အိမ်ကို ဘိုပီ ရောက်လာခဲ့ပါတယ်။
အကြောင်းကတော့ဘိုပီတို့အသိုင်းအဝိုင်း
တွေထဲက ဂျာနယ်တစောင်ထုတ်မှာမို့
ရှင်လူ့ဆီကသရော်စာတောင်းထားတဲ့ကိစ္စပါ ။စာမူတောင်းကတည်းက စာမူခမရဘူး
ပြောထားလေတော့ ပေါ့လို့မဖြစ်။စာမူမပေး
နိုင်ရင် စာမူခမရလို့ ပေါ့ဆတယ် အဖြစ်မခံ။
ပြီးစလွယ်ကလည်းမရေးတတ်။ဂျာနယ်နာမည်မေးတော့လည်း ဘိုပီက ဘာမှ ရေရေ
လည်လည်မပြောနိုင်။ဒီတော့ရှင်လူလည်း
ဘာရေးလို့ရေးရမှန်းမသိ။စာမူရက်ချိန်းကလည်း တပတ်ကနေနှစ်ပတ်မကဖြစ်
နေချိန် ကံကောင်းထောက်မစွာ fb ပေါ်အမှတ်တမဲ့ ရေးတင်မိတာလေးတခုက
ဘာမှန်းမသိရတဲ့ဂျာနယ်နဲ့အဆင်ပြေ
ကောင်းရဲ့တွေးမိပြီးဘိုပီ့ကိုဖုန်းလိုက်တာပါ။
စာမူပေးလိုက်ပြီးနှစ်ဦးသားအိမ်နားကလက်ဖက်ရည်ဆိုင်ထိုင်မိကြတော့ ဘိုပီ
က သူ့ကျောပိုးအိပ်ထဲက စာအုပ်တအုပ်
ထုတ်လိုက်ပါတယ်။ဒါကျနော်ရထား
တာ အဘအတွက်ယူထားလိုက်ပါ တဲ့။
စာအုပ်ကိုကောက်ကြည့်လိုက်တော့
ပါရီလမ်းမများသို့..တဲ့။ဒီစာအုပ် fb ပေါ်
သူများတွေတင်ထားတာခုတလောတွေ့
တွေ့နေကတည်းကစိတ်ဝင်စားနေခဲ့တာ
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။စာအုပ်ကောက်လှန်လိုက်တော့ကိုယ်နဲ့ရင်းနှီးသူတိုင်းပါဝင်ရေးသားထားတာတွေ့ရတယ်။လတ်တ
လောဒီထဲကရှင်လူတို့နောက်မျိုးဆက်လို့ဆိုရမယ့် ကဗျာဆရာ နေလအောင်ရဲ့
ရဲတိုက်ထဲကရယ်သံ ကဗျာလေးကို အာရုံကျမိတယ်။ နေလအောင်ဆိုတာ
ညီကဗျာဆရာလကျာ်ဝင်းနဲ့ဆက်စပ်ပတ်သက်ခဲ့ရသူလူငယ်(အင်း၄၀ ဝန်းကျင်
ထင်ရဲ့) သင်္ဘောသားအရာရှိ Second mate
ဆိုလားThird mateဆိုလား၊သူတို့ရာထူး
တွေတော့ရှင်လူမခေါ်တတ်။မကြာခင်နှစ်ကမင်္ဂလာဆောင်ဖိတ်လို့သွားခဲ့ရသေးတယ်။သဘောသကာယပြည့်ဝပြီး စကားနည်းနည်း နှစ်လိုဖွယ်အပြုံးနဲ့ ယုန်ကလေးလိုအေးအေးဆေးဆေးသမား။
သူ့ပုံပန်းနဲ့သူ့ကဗျာလိုက်ဖက်ရဲ့လားတွေး
ရင်းရဲတိုက်ထဲကရယ်သံကိုဖတ်နေမိတယ်။
♕ရဲတိုက်ထဲက ရယ်သံ♕
စောစောထ
သော့ခလောက်ကိုဖွင့်
မိုးသံ
လေသံတွေကြား
ခြေကိုဖွဖွနင်းကာ
ကျားတွေဟာ
လှောင်အိမ်တွေထဲက ထွက်လာကြတယ်။
ရှေ့တိုးတယ်
နောက်ဆုတ်တယ်
လေထုထဲစိမ့်ဝင်နေတဲ့ ကြောက်စိတ်ကို
ရှိုက်သွင်းရင်း
မာန်ဖီကြတယ်။
တကောင်နဲ့တကောင်
ကိုက်ဖဲ့ရင်း
ကျားဖြစ်ကြောင်းသက်သေပြကြတယ်။
တခါတရံ
စင်ပေါ်တက်ပြီး
တဝေါင်းဝေါင်းနဲ့
လည်ချောင်းရှင်းကြတယ်။
သူတို့ဟာ
အသက်သွင်းထားတဲ့
ကျားသေတွေ မဟုတ်ရကြောင်း
ကမ္ဘာကြီးကို
ဦးတိုက်လျှောက်ထားကြတယ်။
တနေ့တာ ပင်ပန်းမှုတွေအတွက်တော့
ကျားတွေဟာ
ကျားကစားကွင်းတွေ ရှိရာ သွားကြတယ်။
မှောင်လာရင်တော့
ရရာအသားတစ်ကိုကိုက်ဆွဲရင်း
လှောင်အိမ်ရှိရာ ပြန်ကြရတယ်။
နောက်တော့
ကြာပွတ်သံ တရွမ်းရွှမ်းအောက်
``ကိုယ့်ကိုခွင့်လွှတ်ပါ´´လို့
ရှိုက်ကြီးတငင်ငိုကြွေးရင်း
သူတို့သခင်ရဲ့ရင်ခွင်ထဲ
မောမောပန်းပန်းနဲ့ ငြိမ်သက်သွားကြတယ်။
နေလအောင်
ရှင်လူက ကဗျာကိုဖတ်နေရင်း တကိုယ်လုံး
တရွရွနဲ့ ယားယံလာတယ်။
တကောင်နဲ့တကောင်
ကိုက်ဖဲ့ရင်း
ကျားဖြစ်ကြောင်း သကသေပြကြတယ်..တဲ့
ဘုရားဘုရား..။
တခါတခါ
စင်ပေါ်တက်ပြီး
တဝေါင်းဝေါင်းနဲ့
လည်ချောင်းရှင်းကြတယ်...တဲ့။ ဒုက္ခပါပဲ။
နောက်တော့
ကြာပွတ်သံတရွှမ်းရွှမ်းအောက်
``ကိုယ့်ကိုခွင့်လွှတ်ပါ´´လို့
ရှိုက်ကြီးတငင် ငိုကြွေးရင်း
သူတို့သခင်ရဲ့ ရင်ခွင်ထဲ
မောမောပန်းပန်းနဲ့ ငြိမ်သက်သွားကြတယ်...တဲ့။ သူသိသွားပြီ၊
ရှက်လိုက်တာ။ ရှင်လူနှုတ်က ဝေါင်းကနဲ
ဟိန်းဟောက်လိုက်ပြီး နောက်ကျွမ်းပစ်ချလိုက်ချိန်မှာ ရှင်လူဟာ
သမန်းကျားတကောင်ရဲ့ ကျားအသွင်ကို
ရုတ်တရက်ပြောင်းလဲသွားပါတယ်။
နေလအောင်ရဲ့ ရဲတိုက်ထဲက ရယ်သံ
ကဗျာကို နမ်းကြည့်လိုက် နောက်တလှမ်း
နှစ်လှမ်းဆုတ်လိုက်နဲ့ ဒီပုံစံအတိုင်း
အကြိမ်ကြိမ်ပြုလုပ်ပြီးမှ နောက်လှည့်ပြီး
ရိုးမတောနက်ကြီးရှိရာကိုအသားကုန်ပြေးပါတော့တယ်။ အဲဒီ အချိန်ကစပြီး ကျားဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပါဘူး ဆိုတဲ့စကားပုံစတင်လာခဲ့တာပါပဲ။

Saturday, April 1, 2017
စိမ်းရွက်လွှာ ♡ ♡ ♡
စိမ်းရွက်လွှာ
♡ ♡ ♡ ♡
♥♪စိမ်းရွက်လွှာ♪
လေမှာလှုပ်ပြန်တော့♬
နွေသရုပ်ရယ်တဲ့ ♪ ဒီ ပန်ချီ♬ ♪ စိမ်းလေပြီ♪ စိမ်းလေပြီ♬ လေယူတိမ်းမှာ ♪ ♬ စိမ်း♪ မြမြ♪စိမ်း♪ ♬ ♪ ♬
ပါရမီ မီးပွိုင်ကိုဖြတ်လျှောက်ရင်း ညောင်ပင်မှတ်တိုင်က ရင့်ကျက်စိမ်းမြလာတဲ့ ညောင်ရွက်လွှာတွေကိုကြည့်ရင်း ရှင်လူတယောက် ချိုပြုံးရဲ့ ပိတောက်စိမ်း
သီချင်းကိုတီးတိုးဆိုလိုက်မိပါတယ်။
ကုန်လွန်ခဲ့တဲ့ နွေဦးပေါက်ကာလလေးမှာတော့
တယောက်သောသူက ရောင်စုံယှက်ဖြာ
နေတဲ့ ညောင်ရွက်ညွန့်ဖူးလေးတွေကို
ကြည့်ရင်း လှလိုက်တာ နောက်နေ့ ဘာရောင်တွေပြောင်းအုံးမလဲ သိချင်လိုက်တာ တဲ့။ အင်း...ခု စိမ်းမြ
ရင့်ကျက်ခဲ့ပြီလေ၊အရင်လိုတော့ မနုညက်
မလှပနိုင်တော့။

Subscribe to:
Posts (Atom)