Saturday, April 15, 2017

အလွမ်းဖျက်​မနုဿ ​ဖွေး ♥ ♥

အလွမ်းဖျက်​မနုဿ ​ဖွေး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
သင်္ကြန်​မိုး​ရေစက်​​လေး​​တွေက ​လေးတိ​လေးတွဲ့ တ​ပေါက်​ချင်း တစက်​ချင်း
ခုန်​ဆင်းကြရင်းစိမ်းမြမြပိ​တောက်​ဖူး​လေး
တွေကိုတို့ကာထိကာချစ်​​ရေးဆိုနေတဲ့ခုလို​နေလယ်​ခင်း​အချိန်​က​လေးမှာ ရှင်​လူ့လိုဂြိုဟ်​သားတ​ယောက်​အဖို့​တော့မိမိ​မွေးဖွားကြီးပြင်းခဲ့ရာဇာတိဂြိုဟ်​ကမ္ဘာရှိရာကို မှန်းဆရင်း အလွမ်း​တွေက ကမ္ဘာ့မြို့ပြကြီး​တွေမှာ ယာဉ်​​ကြောပိတ့်​ဆို့
နေသလို ​ရှေ့တိုးမရ ​နောက်​ဆုတ်​မရ
မလှုပ်​နိုင်မရှားနိုင်​​အောင်​ပါပဲ။
ဒီလိုနဲ့မိမိနဲ့အဆင်​​ပြေမယ့်​အလွမ်းသီချင်းတပုဒ်​​လောက်​ ဆိုကြည့်​ရ​ကောင်းမလားလို့ လူသား​ဒေတာ​တွေထဲကဂူဂဲလ်​ကို​ခေါက်​လိုက်​​တော တ​​ကောင်ထဲပဲ ♪ ​ဖော်​ကွဲခဲ့
လို့♬ လွမ်းပါသည်​♪ ♬ ဆိုတဲ့စာသားက​ပေါ်လာခဲ့ပါတယ်​။ဒီအခိုက်​အတန့်​က​လေးမှာပဲ မိမိမျက်​နှာ​ပေါ်ကို
အေးခနဲH²O​တွေကျ​ရောက်​လာတာ​ကြောင့်​ လှည့်​ကြည့်​လိုက်​​တော့ ဤကမ္ဘာ​မြေဖွား
မနုဿ က​လေးတ​ယောက်​က သူ့လက်​ထဲက H²O Gunနဲ့ အဆက်​မပြတ်
တိုက်​ခိုက်​​နေတာကိုအငိုက်​မိခံလိုက်​ရပါတယ်။ ခုန​​လေးတင်ကမှ တခါလဲထားတဲ့
ဂြိုဟ်​သား ​ရှော့ပင်​​ရော စွပ်​ကျယ်​​တွေပါ
ရွှဲရွှဲစိုကုန်​ပါတယ်​။ ဂြိုဟ်​သားရှင်​လူအ​နေနဲ့
ဒီကိစ္စအ​ပေါ် စိတ်​မသက်​မသာဖြစ်​​ပေမယ့်
ရှင်​လူ​နေထိုင်​ခဲ့ရာ ​ဝေလ ဂြိုဟ်​ရဲ့ အ​ခြေ
ခံဥပ​ဒေအခန်း၇အပိုဒ်​၅ဃမှာ​ရေးသားပြ
ဋ္ဌာန်းထားတာကိုသတိရမိပါသည်​။
ဝေလဂြိုဟ်​ ​ခြေဥနီ
အခန်း ၇ အပိုဒ်​ ၅ ဃ။။သင့်​အား
မနုဿက​လေးငယ်​တ​ယောက်​​ယောက်​က
H²O Gunဖြင့်​တိုက်​ခိုက်​လာခဲ့ပါက သင်​သည်
ယင်း က​လေးငယ်​အား အာရှအချိုရည်
သို့မဟုတ်​ ကိုကာကိုလာထည့်​ထား​သော
အ​ပေါ့စား Spary Gun နှင့်​သာ ပြန်​လည်​ ခုခံပိုင်​ခွင့်​ရှိသည်​ ဆိုထား​လေ​တော့..
story#observation#shinlhu


No comments:

Post a Comment