ချစ်သူရယ်♪ ကဗျာမဆန်နဲ့ကွယ်♪ ♬
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
♥ ဒီနေ့ နှစ်ဆန်း ၁ ရက်..
အိမ်ရှေ့အဆောင်မှာနေတဲ့ကောင် က
စောင်းသလိုလို ရိသလိုလို လာလုပ်တာနဲ့
ရှင်လူ နည်းနည်းကဗျာစပ်လိုက်မိတာ၊
အကြီးအကျယ်ရန်ပွဲတပွဲ ဖြစ်သွားတယ်။
သူတပြန်ကိုယ်တပြန်အော်ဟစ်ဆဲဆိုကြ
ပြီးပွဲကြမ်းလာချိန်မှာအရပ်ကဝင်ထိန်းလိုက်
လို့သာပြီးသွားတာ။နို့မို့မလွယ်ဘူး။ရှင်လူ့ကို
အခန်းထဲကနေပြီးဖင်ခေါင်းမကျယ်နဲ့တဲ့။
ဒါနဲ့ အပြင်ထွက်ပေးလိုက်တယ်၊လာသတ်
ငါလည်စင်းပေးလိုက်မယ် လို့။
ဇာတ်လမ်းအစကတော့ကိုရီးယားကျွန်းဆွယ်နဲ့ ခတ်ဆင်ဆင်ပဲ။
ဒီကောင်မူးပြန်လာရင်လင်မယား
ရန်ဖြစ်တယ်။
သူ ဘာလုပ်ဘာကိုင်တယ်တော့
မပြောတော့ဘူး ၊ဘဝတူလူတန်းစားတွေ
သိက္ခာကျမစိုးလို့။ သူတို့လင်မယား
ရန်ဖြစ်ရင် မကြားဝန့်မနာသာ ဆဲဆိုသံ
ကမိုးမွှန်ကရော။ကြာတော့ရှင်လူကမနေ
နိုင်လို့ဝင်ပြောမိရာက စတာပဲ။ပထမတော့
ရှင်လူက အကျိုးသင့် အကြောင်းသင့်ပြော
တာပဲ။သူ့ဘက်ကမူးမူးရူးရူးနဲ့အပ်ကြောင်းထပ်လာတော့ရှင်လူဒေါပွလာရော။
ဒီ 179flatထဲမှာအပျိုရွယ်လူပျိုရွယ်
တွေရော သက်ကြီးဝါကြီးတွေပါရှိကြတယ်။
ရှင်လူလည်းအရက်သောက်တတ်တာပဲ။
ဒါပေမယ့်အရက်ဆိုင်တို့ဖာတန်းတို့မှာပြောတဲ့ရုန့်ရင်းတဲ့စကားမျိုး ရှင်လူမပြောဘူး။
ဒီကောင် အရပ်ကိုပမာမခန့်လုပ်တာ ရှင်လူ
သီးခံလို့မရ။ဆိုင်ရာနဲ့ရှင်းဖို့ကျတော့ရှင်လူမလုပ်ချင်။အိမ်ငှားနေရသူတွေချင်းကိုယ်ချင်းစာစိတ်နဲ့သီးခံနေတာ။အဲဒါ သူမူးလာတိုင်း
ရိသလိုပတ်သလိုနဲ့ ရှင်လူ့ကိုမထိတထိ
စောင်းတယ်။ရှင်လူတတ်နိုင်သမျှသီးခံ
တယ်။ သူရိသလောက်ပတ်သလောက်
ကတော့ ၁၆နှစ်သားကထဲကကဗျာရေးလာ
တဲ့ကောင်တတ်သပေါ့။ဒါပေမယ့်ငါတတ်ထားတဲ့ကဗျာဟာကိုယ်ကျိုးသုံးဖို့မဟုတ်ဘူးလို့ တသက်လုံးစောင့်ထိမ်းလာတာ။
ဒီနေ့တော့ သောက်တလွဲသုံးလိုက်မိတယ်။
အကုသိုလ်ပဲ။ကြည့်လေ သူပြောပုံက
``ငါကသင်္ကြန်တွင်းတတွင်းလုံး တောကျောင်း မှာသာသနာသွားပြုနေတာ၊
အသက်ကြီးပြီးအချိန်မစီး အိမ်မှာနေပြီး
အရက်သောက်နေတာမဟုတ်ဘူး..´´တဲ့။
ဘုန်းကြီးကလည်းပြောတယ် စာတတ်တိုင်း
အထင်မကြီးနဲ့ စာမတတ်တဲ့သူတွေ နိဗ္ဗာန်
ရောက်တာ အများကြီး၊ ငါ့ကျောင်းက
ခေါင်လွန်းလို့ နှစ်တိုင်းဒုလ္လဘတွေလာရင်
စာတတ်ပေတတ်တွေမလာဘူး၊အရက်သမားတွေကရောက်အောင်လာတယ်..တဲ့။
ဒီလောက်ထိရှင်လူသီးခံနေသေးတယ်။
သူ့မိန်းမဘက်လှည့်ပြီး ``ခင်ဗျားလည်း
အသက်ကြီးပြီယဉ်ကျေးလိမ္မာလေးဘာ
လေး တက်သင့်ပြီ ..´´တဲ့။ ဒီကောင်တွေ ဒီအချိုးအတိုင်းချည်းပဲ။သင်္ကြန်ဒုလ္လဘ
လေး ၇ ရက်လောက်ဝတ်ထားရင် တရပ်ကွက်လုံးက ထိုင်ရှိခိုးရမလောက်
မျက်နှာပေးနဲ့ဓမ္မစင်္ကြာဟောချင်သေး
သကိုး။ ရှင်လူလည်း အမှတ်တမဲ့ သတိလွတ်ပြီး``ယီးဒယ်မသင်္ကြန်တတွင်းလုံး မိုးတအေးအေးနဲ့ ငြိမ်းချမ်းသလောက်
နှစ်ဆန်းတရက်လည်းရောက်ရော
လူရောနားရောပူတော့တာပဲ´´လည်းဆို
လိုက်ရော ၊ သာသနာပြုပုဂ္ဂိုလ် ၄၁ နှစ်နဲ့
ရှင်လူ ၆၄ နှစ်တို့ စိန်ခေါ်ပွဲကြီး စတော့တာပါပဲ...။
story#observation#shinlhu
No comments:
Post a Comment