Wednesday, June 28, 2017
ကောင်းကင်မှာလွှင့်တင်ထားတဲ့အလွမ်း ♡ ♡ ♡
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ကြိုးပြတ်သွားတဲ့ စွန်ကလေးကို
လွမ်းသလိုမျိုး
မင်းကိုလွမ်းပါတယ်...
ကောင်းကင်ကိုမော့ကြည့်ရင်း
မင်းဘယ်ဆီမျောလွင့်သွားပလဲ
ငေးရတာလည်း ငါ့မှာ မော လို့..
တကယ်တော့ သံယောဇဉ်ဆိုတာမျိုးဟာ
ကိုယ်ကမဖြတ်လည်း
သူကပြတ်တတ်တဲ့ အမျိုးပါ...
ညိုမြသွေး
7:48 am
Fri,21 Apr 2017
poem#observation#shinlhu
Tuesday, June 27, 2017
လူလိုသိတဲ့ကွန်ပျူတာလည်းလိုသဗျ ❀ ❀ ❀
❀ ❀ ❀ ❀ ❀ ❀ ❀
ခု YBS အပြောင်းအလဲမှာ fb ပေါ်က messanger ကလည်း ဘတ်စကားလိုင်းတွေရှာဖို့ ကွန်ပျူတာနဲ့လုပ်ထားတဲ့
✆ဘာစီးရမလဲ✆
အမေးအဖြေကဏ္ဍဆိုတာရှိနေပါပြီ။ရှင် လူဆိုတာက ခင်ဗျားတို့သိတဲ့အတိုင်း fb ပေါ်မှာ မြှောက်ပေးတဲ့လူတွေကလည်းမြှောက်ပေးနေတော့ ဆရာကြီးအထာနဲ့ စိတ်ကြီးက ဝင်ချင်ချင်ရယ်။ ✆ဘာစီးရမလဲ ✆ကွန်ပျူတာနဲ့လည်းတွေ့ကရော ပြဿနာနည်းနည်းတော့ရှိခဲ့သဗျ။ဝေဖန်အကြံပြု ဆုံးမသင့်တာကလေးတွေလည်းဆုံးမခဲ့ပါတယ်။ မိတ်ဆွေများ ဖတ်ကြည့်ကြပါကုန်.....
ရှင်~တောင်ဥက္ကလာ ကတောင်ဒဂုံစက်မှုဇုံကိုဘာစီးရလဲ
ကွန်~တောင်ဥက္ကလာကတောင်ဒဂုံစက်မှုဇုံ ဆိုတဲ့မှတ်တိုင်မတွေ့ဘူးဗျ.. ရှင်~တောင်ဥက္ကလာ ကနေပြီး တောင်ဒဂုံစက်မှုဇုံကိုသွားဖို့ဘာကားစီးရမလဲမေးတာဗျ၊ခင်ဗျားကကွန်ပျူတာ
ပြီပြီ အတော်ဒုန်းဝေးတာပဲ၊အရေးဘာသာစကားအပြင် အပြောဘာသာစကားကိုလည်းသင်ထားဦး၊တောင်ဥက္ကလာနဲ့တောင်ဒဂုံစက်မှုဇုံဆိုတာ အဝေးကြီးဆိုတာ google map မှာကြည့်။
ကွန်~လမ်းကြောင်းတော့ မရှာတက်သေးဘူးဗျ၊ ဘယ်မှတ်တိုင် ဘာကားတွေ ရောက်လဲပဲ ပြောတက်သေးတယ်
ရှင်~ကောင်းပြီ ဒီတခါခွင့်လွှတ်လိုက်မယ်..
ကွန်~မတွေ့ဘူးဗျ.. ကောင်းပြီဒီတခါခွင့်လွှတ်လိုက်မယ်..
ီ်ဆိုတဲ့မှတ်တိုင်...
အင်း ဒီကွန်ပျုတာက မှတ်တိုင်နံမည်အတိအကျ တခုဆိုတခုပဲမေးမှဖြေတတ်တာကိုးဗျ။
လူလိုကိုမသိပါဘူးဗျာ..
ရှင်လူ
story#observation#shinlhu
ု
်
သင်ဖြူးဖျာလေးတချပ် ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥
Mon,26 Jun 2017
ဒီနေ့ ရှင်လူကြီးဘဝမှာ ထူးထူးခြားခြား
သင်ဖြူးဖျာချောလေးတချပ်လက်ဆောင်ရပါတယ်။ပေးသူကသိတ်ချမ်းချမ်းသာသာ
ကြီးထဲကမဟုတ်၊ ရှင်လူ့အပေါ် အမှန်ပင်
ခင်မင်လွန်းလို့သာ ပို့ပေးလိုက်တာကြောင့်
ရှင်လူကလည်းအသာတကြည်ပင်လက္ခံထားလိုက်ပါတယ်။တယောက်အိပ်သင်ဖြူး
ဖျာလေးကို ဖြန့်ခင်းကြည့်လိုက်တော့
ထူထူထဲထဲ ချောအိအိလေးမို့ ရှင်လူအလွန်
ပျော်သွားမိပါတယ်။ရှင်လူ့ဘဝမှာသင်ဖြူး
ဖျာ မပြောနဲ့ ခင်းအိပ်စရာနှီးချောဖျာတောင်
မရှိတာ ၈ နှစ်ကျော်ခဲ့ပါပြီ။ တလောကတော့ဈေးထိပ်ဖျာဆိုင်မှာတွေ့တဲသဘော့ဖျာကိုမေးကြည့်တော့ဈေးက ငါးထောင် ကျော်နေပါတယ်။ အဲဒီဖျာလေး
ကို တနေ့တော့ ဝယ်မယ်လို့ကြံနေဆဲမှာပဲ
ခုသင်ဖြူးဖျာလေးလက်ဆောင်ရတာဖြစ်ပါတယ်။ ဒီဖျာအသစ်ကလေးကိုခင်းအိပ် မယ်ကြံဆဲမှာပဲရှင်လူ့စိတ်တွေလေးလံလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကပေါ့။ ရှင်လူတို့ငှါး
နေတဲ့အိမ်ကြီးက လေးပင်သုံးခန်း နှစ်ထပ် အိမ်ကြီးဖြစ်ပြီး မြောက်ဘက်က အဖီပါထပ်ဆွဲပြီး ငှါးရမ်းထားတဲ့အတွက်
အိမ်ခန်းတွေက အများကြီးဖြစ်နေပါတယ်။
ရှင်လူ့ဇနီးသည် မမက အပျိုကြီးဘဝက
လာသူပြီပြီ အသန့်အပြန့်ကြိုက်ပါတယ်။
ဒါပေမယ့်ဘုံရိပ်သာကြီးလိုလူအများ
စုပေါင်းနေထိုင်ကြတဲ့ ဒီအိမ်ကြီးထဲမှာတော့ ကိုယ့်အခန်းကဘယ်လောက်သန့်အောင်
နေနေ၊ဘေးခန်းတွေကမသန့်ရင် အလကားပါပဲ။ အပေါ်ထပ်က အပျိုကြီးက
ခွေးချစ်တတ်တော့ သူ့အိမ်ကထမင်းကျန်
ဟင်းကျန်ဆို ခြံဝင်းထဲ ကြုံရာမှာပုံကြွေး
လေ့ရှိပါတယ်။ ခွေးကအကုန်မစားတော့
တခြားအိမ်တွေကစည်းမဲ့ကမ်းမဲ့မွေးထားတဲ့ကြက်တွေကဝင်ယက်၊မြေကြွက်ကြီး
တွေကထွက်စား။အမြင်မတော်လို့ဝင်ပြောမိရင်လည်း တိရိစ္ဆာန်လေးတွေငတ်နေလို့
ကြွေးတာကို မလိုတမာပြောသလိုမျိုး
မျက်စောင်းထိုးခံရပါသေးတယ်။ဒီလိုပါပဲ
တချို့ကလည်းဘုရားဆွမ်းတော်စွန့်တာ
တွေလမ်းပေါ်ကြဲပြီးခိုစာကြွေးတဲ့သူက
ကြွေး။ ဒီအိမ်ကြီးဟာမြေကြွက်၊ပုရွက်ဆိတ်
နဲ့ ခြင်ယင်လှေးမွှားတို့ပျော်ရာ။အဆိုးဆုံးက
ကြမ်းပိုးပါပဲ။ညည အိပ်ရေးပျက်အောင်
နှိပ်စက်တတ်တဲ့သွေးစုတ်ကောင်တွေပါ။
ကိုယ့်အိမ်ခန်းက ဆေးဖြန်းသန့်ရှင်းလည်း
တခြားအခန်းမှာမျိုးဆက်ပွားနေတော့
မကြာခင်ပြန်ရောက်လာတာပါပဲ။ တနေ့ည
ပေါ့။ အခန့်မသင့်တဲ့တညမှာကြမ်းပိုးကိုက်လို့
ရှင်လူအိပ်မပျော်ပါဘူး။ ခေါင်းတွေလည်း
ကိုက်နေပါတယ်။ဒီကြားထဲ န အ ဖ မိုးခါးကြီးရွာနေတဲ့ခေတ်ကာလကလည်း
ဖြစ်နေပြန်ပါတယ်။တနေ့တနေ့ သတင်းစာ
ရေဒီယိုနဲ့ အတွေ့အကြုံမှန်သမျှက ခါးသက်လွန်းသမို့ ရှင်လူတို့စိတ်တွေလည်း
ခါးသက်လို့ နေပါတယ်။ကြမ်းပိုးကြောင့်
အိပ်မပျော်တော့ အနားရှိတဲ့မမကို ကြမ်းပိုး
မရှာရကောင်းလား အပြစ်တင်မိပါတယ်။
သူကလည်း နေ့စဉ်ရှာတဲ့အကြောင်း တခါတခါမအားလပ်တဲ့အခါမျိုးသာမရှာနိုင်
ကြောင်းဆင်ခြေပေးလာတော့နှလုံးသားတခုလုံးခါးသက်နေတဲ့ရှင်လူကနှစ်ယောက်သားအိပ်နေတဲသင် ဖြူးဖျာကိုဆွဲယူပြီး
နောက်ဖေးလမ်းကြားထဲလွှင့်ပစ်လိုက်ပါတယ်။ဒီလိုနဲ့ ဖျာမပါပဲ အိပ်ခဲ့ကြတာ
တနှစ်လောက်အကြာမှရှင်လူ့စိတ်ထဲအသိတချို့ဝင်လာပါတယ်။ငါကငယ်သူမို့ကိစ္စမဟုတ်၊မမကအသက်ကြီးနေပြီ(ရှင်လူ့ထက်
၁၆ နှစ်ကြီးပါတယ်)။မဖြစ်သေးပါဘူးလေ
ဆိုပြီး ကုပ်ကုပ်ကပ်ကပ်ပိုက်ဆံလေးနဲ့
တယောက်အိပ်သင်ဖြူးဖျာလေးတချပ်
ဝယ်လိုက်ပါတယ်။ ရည်းစားသက် ၊အိမ်ထောင်သက်နှစ်ပေါင်းလေးဆယ်အတွင်းမှာဇနီးသည်ကိုဒီတကြိမ်ပဲချီးမြှောက်
်နိုင်ခဲ့ပါတယ်။ ဒီဖျာအသစ်ကလေးပေါ်မှာပဲ
၇၃ နှစ်အရွယ်ဇနီးသည်ကွယ်လွန်ခဲ့တာ
၈ နှစ်ကျော်ခဲ့ပါပြီ။ကိုကျော်သူ့ကားရောက်
လာတော့ အညာစောင်ကလေးလွှမ်းပြီး
ဒီသင်ဖြူးဖျာကလေးပါမပြီးကားပေါ်တင်
ပေးလိုက်ပါတယ်။သူ့အတွက်နောက်ဆုံး
ထည့်ပေးလိုက်နိုင်တာ ဒီလောက်ပါပဲ။
ခုတိုင် ရှင်လူကြီး ဖယောင်းပုဆိုးကွက်
ပလပ်စတစ်ခင်းနဲ့ပဲအိပ်နေပါတယ်။
လက်ဆောင်ရတဲ့သင်ဖြူးဖျာလေးပါးကပ်
ပြီးအိပ်မိတိုင်း မမနဲ့သင်ဖြူးဖျာကလေးကို
သတိရနေတော့မှာမို့ ဒီတသက် ရှင်လူ
သင်ဖြူးဖျာသစ်လေးပေါ်မှာမအိပ်တော့ပါ။
ဖျာသစ်ကလေးကိုပရုပ်လုံးထည့်ပြီးသိမ်းထားပါ့မယ်။လက်ဆောင်ပေးသူကုသိုလ်
ရအောင် ဧည့်သည်လာရင်ခင်းပေးပါ့မယ်။
အိမ်နီးနားချင်းတွေအလှူအတန်းလုပ်လို့
လိုအပ်တဲ့ခါ ငှါးပေးပါမယ်။
(ဖျာလက်ဆောင်ပေးတဲ့ မိတ်ဆွေကို
ဒီpost လေး fb တင်ပါရစေ ဆိုပီးခွင့်တောင်းတော့ #လူ့ဘဝကတိုတိုလေးပါ စိတ်ချမ်းသာအောင်နေပါ#
လို့ ရှင်လူ့ကိုသတိပေးပါတယ်။ ခင်ဗျားတို့ရှင်လူကြီး ကျင့်နေတဲ့တရားက
ဘယ်လောက်သွေးသွေး ခုတ်လိုက်ရင်
အသွားလိပ်သွားတဲ့ဓားလိုပဲ ဗျ။ )
story#observation#shinlhu
အဝေးပြေးဂိတ် ♥ ♥ ♥
♥ ♥ ♥ ♥ ♥
ဒီနေရာ
မရောက်တာကြာတော့
ငါ့အတွက် တစိမ်းဆန်လွန်းရဲ့
ဒီနေရာဟာ
မြို့တော်တခုရဲ့ ဗဟိုရ်ချက်မ
ကိစ္စ ဝိစ္စတွေ အစုံစုံ
စုပုံနေတဲ့နေရာ
ဒီနေရာမှာ
ခေတ်အဆက်ဆက်ရဲ့ ပန်းချီကားတွေ
အမှတ်တရ ချိတ်ဆွဲထား တဲ့နေရာ
အော်သံ ဟစ်သံ ကြွေးကြော်သံတွေနဲ့
ရုန်းကန်စီတန်းခဲ့တဲ့နေရာ
မလှမ်းမကမ်းမှာ စကော့မားကက် တဲ့
တချိန်က ခေါ်ခဲ့တာပါ
ခုတော့ ဗိုလ်ချုပ်ဈေး
အပြည့်ခေါ်ရင် ဗိုလ်ချုပ်အောင်ဆန်းဈေး
မြို့ပတ်ရထားစီး ဘုရားလမ်းဘူတာဆင်းပြီး
လမ်းမပေါ်တက်လာခဲ့ရင် ပဋ္ဌမဆုံးတွေ့တဲ့
မီးပွိုင့်ကိုဖြတ်လိုက်ပါ
လေဟာပြင်ညဈေး တဲ့
ပြားပြားဝပ်ဝပ် ငါတို့ အကြိမ်ကြိမ်ဖြတ်ခဲ့တဲ့နေရာ
ခုတော့အထပ်ထပ် မတ်မတ်ရပ်မော့ကြည့်
ဖွံ့ဖြိုးမှုတွေအပေါ်မှာရှိနေပလား
ငါ့မှာ တက်မကြည့်အားနိုင်သေး
မလှမ်းမကမ်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ မလွယ်ပေါက်ကိုသာ
ငါ့မှာ လိုက်ရှာနေမိတယ်
ဒီနေရာ တဝိုက်ဟာ
ငါတို့လူ အတော်များများ ခရီးထွက်ရာ
အဝေးပြေး ကားဂိတ်ပဲ
မှတ်မှတ်ရရ
ဆရာကွေးကိုလိုက်ပို့ကြတုန်း
တဖက်ဘတ်စ်ကားပြူတင်းက
ငါ့ကိုလက်ပြနှုတ်ဆက်သွားတဲ့
နေကာမျက်မှန်နက်နဲ့ လှသန်းကိုမြင်ယောင်တယ်
သွားမယ်လို့ ပြောတာလား
လိုက်ခဲ့လို့ပြောတာလား
အဓိပ္ပါယ် ဘယ်လိုဖွင့်ဖွင့်
သွားမယ် လိုက်ခဲ့လို့ပဲရတယ်
ဒီနေရာမှာ လက်ပြရင်
အားလုံး ဒီအဓိပ္ပါယ်ပဲထွက်မယ်
ီလိုက်ခဲ့မှာပါ
ဒီပရင်္ဂ လှသန်းရယ်
သိမီသူတွေကော
မသိမမီသူတွေကော
ငါတို့အားလုံးအတွက် တစိမ်းဆံလှတဲ့
ဟောဒီ ရန်ကုန်မြို့တော်ကြီးမှာ
ဟောဒီနေရာကွက်ကွက်လေးသာ
ရင်းနှီး
ဟောဒီနေရာကွက်ကွက်လေးသာ
ကျွမ်းဝင်
ငါတို့သမိုင်းတွေ စတင်တာထွက်ရာ
အဝေးပြေးဂိတ်တခု မဟုတ်လား
ငါတို့ အားလုံး လိုက်ခဲ့မှာပါ
လုပ်စရာရှိတာတွေကို
မင်းတို့လိုပဲ
အားလုံးလက်စသတ်ပြီးရင်ပေါ့
ီု့ညိုမြသွေး
4:48pm
Mon,26 Jun 2017
poem #observation #shinlhu
Monday, June 19, 2017
ပုံတူ ❀❀ ညဟာ သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ပါးပြင်လို အေးစက်နေတယ် ညိုမြသွေး 11:07pm Mon,19 Jun
❀❀
ညဟာ
သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ပါးပြင်လို
အေးစက်နေတယ်
ညိုမြသွေး
11:07pm
Mon,19 Jun 2017
poem#observation #shinlhu
Sunday, June 18, 2017
တွန်းပို့နေသောတရားများ ➳ ➳ ➳
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ငါ့ရင်ခွင်တခုလုံး အေးခဲနေမှ
မုန်တိုင်းမိုးက နေ့ဆက် ရက်ဆက်ရွာတယ်
နေရ ထိုင်ရ အဆင်မပြေဘူး
ဥပါဒါန်ကို ထိတ်လန့်လာတယ်
စီးကရက် မီးခိုးတွေနဲ့
အရက်ခွက်ထဲမှာတောင်
ကိလေသာက ပေါလော ပေါ်တယ်
တရားရစရာအကြောင်းပဲ
ရှုံးစာရင်းအကပ်ခံရတဲ့အထဲ
ငါ့နာမည် ထိပ်ဆုံးပါတယ်
လောကဓံအဆိုးက ငါ့ပါးကိုနေ့တိုင်းရိုက်နေမှတော့
ငါမှ တရားထူးမရရင်
ဒီကမ္ဘာမှာ တရား မရှိနိုင်တော့ဘူး
ညိုမြသွေး
10:10 pm
Sat,17 Jun 2016
poem#observation #shinlhu
Friday, June 16, 2017
နိုင်ရာစားလောက ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥
ဒီpost ကိုရှင်လူတင်ဖြစ်တာ ဖွေးဖွေးသိမ့်
ပယောဂလို့ပြောရမှာဖြစ်တယ်။ ဒီနေ့ရှင်လူ
ဈေးကပြန်လာပြီး မီးပြန်လာတုန်း ဈေးက
ဝယ်လာတဲ့အမဲသားကိုအရင်ကြော်နေခိုက်
``မြွေကြီး..မြွေကြီးငါးရှဥ့်ကိုမြိုနေတယ်´´ဆိုတဲ့အသံတွေဖွေးတို့အခန်းဘက်ကထွက်လာပါတယ်။
ရှဉ်လူလည်း အမဲကြော်ဒယ်အိုး ခဏထား
ခဲ့ပြီး သွားကြည့်တော့ ဖွေးတို့အခန်းခြေရင်း
အုတ်တံတိုင်းဘေးမှာ မြွေတကောင်က
ငါးရှဥ့်ကိုမြိုနေပါတယ်။ ရှင်လူပြန်လှည့်လာတော့ ဖွေးအမေ မလှိုင်က ``ဦးလေး ဓာတ်ပုံရိုက်..ဓာတ်ပုံ
ရိုက်´´တဲ့ရှင်လူ့ကိုခိုင်းတော့ရှင်လူဘာမှမပြောပဲ ကိုယ့်အခန်းကိုယ်ပြန်ခဲ့ပါတယ်။
ငါးရှဥ့်ကိုမြွေမြိုတာသတင်းမှမဟုတ်ပဲ၊
မြွေကိုငရှဥ့်မြိုမှ သတင်းဖြစ်မှာ။ ရှင်လူ
ဓာတ်ပုံမရိုက်တဲ့အတွက် မလှိုင်က ``ဦးလေးကလည်း ဒါမျိုးတော့မရိုက်ဘူး
ဘာမဟုတ်တာတွေကျ လိုက်ရိုက်တယ်´´
ဆိုပြီးလှမ်းပြော နေပေမယ့်ရှင်လူ ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်ပါတယ်။
ငါးရှဥ့်ကိုမြွေမြိုတာပဲ အဆန်းလား။ ရှင်လူလည်းဒဲအိုးထဲအမဲသားကြော်နေတယ်။ သတ္တလောကကြီးကနိုင်ရာစား
လောကကြီးပဲ။ ဒီကြားထဲအခန့်မသင့်လို့
မြွေမယောက်ျားက ၅၅ ဃ နဲ့တရားစွဲရင်
ရှင်လူအချောင်ခံနေရဦးမယ်။
အဲဒီ အခိုက်မှာပဲ သူ့အခန်းပြူတင်းပေါက်
က မြွေကြည့်နေတဲ့ ဖွေးဖွေးသိမ့်က
``ဓာတ်ပုံရိုက်...ဓာတ်ပုံရိုက်´´လို့အော်နေပါတယ်။ဒီအခါမှာတော့ရှင်လူမနေသာ
တော့ပါ ။ ဖုန်းယူပြီး မြွေကိုဓာတ်ပုံရိုက်ရ
ပါတော့တယ်။ ဟောဒီ သတ္တလောကကြီး
မှာရှင်လူမလွန်ဆန်နိုင်တာ၊ရှင်လူ့ကိုနိုင်တာ ဖွေးဖွေးသိမ့်ပဲရှိပါတယ်။
Wednesday, June 14, 2017
သတ်ပုံမှားတဲ့မိဘနှစ်ပါး ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥ ♥
ရှင်လူလေး၈နှစ်သားအရွယ်လောက်တုန်းကပေါ့။
တညနေ ရှင်လူ့ဖခင်ရုံးကပြန်လာချိန်။
အဖေက အိမ်ပြန်ရောက်ရောက်ချင်း ခါ
တိုင်းလို အမောတောင်မဖြေပဲ အိမ်ခန်းထဲ
တန်းဝင်သွားပါတယ်။အိမ်ခန်းထဲမှာ
တောက်တိုမယ်ရလုပ်နေတဲ့အမေ့ကိုတွေ့
တော့ ``မနေ့က ယူနီဖောင်းတွေလျှော်ပီး
သွားပလား´´
``အင်း´´ အမေက စိတ်မဝင်စားသလိုပုံနဲ့
အင်းတလုံးထဲ ပြန်ဖြေပါတယ်။
``စာအိတ်တအိတ် မတွေ့ဘူးလား´´
``တွေ့ပါဘူး၊ ကျုပ်လျှော်ခါနီးတိုင်း အရေးကြီးစာရွက်စာတမ်းတွေရေစိုမစိုးလို့
နှိုက်ရှာနေကျ´´
အဖေက ဘာမှဆက်မပြောတော့ပဲ အမေ့ကို မသင်္ကာသလို တချက်ကြည့်ကာ
ပက်လက်ကုလားထိုင်မှာ ခြေပစ် လက်ပစ်
ထိုင်ချလိုက်ပါတယ်။ ဒီအခိုက်မှာပဲ အမေ့
နှုတ်က သီချင်းလိုလို ကဗျာလိုလို အသံတသံ ထွက်လာပါတယ်
``နေ့လဲမျှောရ ၊ ညလဲမျှောရ ၊တော်သေပီ´´
အမေ့အသံကြောင့်အဖေပက်လက်ကုလားထိုင်ပေါ်က ဝုန်းခနဲထရပ်လိုက်ပါတယ်။
``ပေးစမ်း ဘယ်မလဲ အဲ့ဒီစာ´´
``ဘာစာလဲ သိပါဘူး ၊တော်သေပီ´´
အမေက ပြောပြောဆိုဆို စာအိတ်ကို
ကျစ်ကျစ်ဆုပ်လိုက်ပြီးလက်ကိုနောက် ကျောဘက်ဝှက်လိုက်ပါတယ်။
``နင်တော့ နာချင်ပီနဲ့တူတယ်၊ပေးစမ်း
ငါ့စာ´´အဖေကအမေ့လက်ဖမ်းဆွဲတာ
မမိတော့ မိရာ ဆံပင်ကိုဆွဲမိသွားပါတယ်။
အမေကလည်း နာတော့ ဆွဲမိဆွဲရာ ပြန်ဆွဲလိုက်တာ အဖေ့ဟဝှါကို မိမိရရကြီး
ဆွဲမိသွားပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ
အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါတယ်၊
အဖေကရုန်းမရပြုမရကုန်းကွကွကြီးဖြစ်နေတော့ ကြံမိကြံရာ စားပွဲတင်နာရီနဲ့ အမေ့
ခေါင်းကိုဂွမ်းခနဲထုလိုက်တာအမေ့ဆံပင်
တွေကြားက သွေးတွေစီးကျလာပါတယ်။
ရုတ်ရုတ်သည်းသည်း အသံတွေကြောင့်
ဘုရားခန်းထဲက အဖွား(အဖေ့အမေ)
ထွက်လာပြီး``ဟဲ့ ဟဲ့သေကုန်ကြတော့
မှာပဲ ၊ စိုးအောင် လွှတ်စမ်း ´´``အမေ့
သမီးကေGွးစေ့ကိုညှစ်ထားတယ်´´
ဤသို့တိုက်ပွဲပြင်ထန်းနေခိုက်အမေ့လက်က လွတ်ကျသွားတဲ့စာအိတ်ခေါက်လေးကို ပြေးကောက်လိုက်ပြီး ခင်ဗျားတို့ရှင်လူလေး
နောက်ဖေးဘူးစင်အောက်ကိုလစ်ထွက်ခဲ့ပါတယ်။စာအိတ်ထဲကစာရွက်လေးထုတ်
ဖတ်လိုက်တော့...
အဖေ..အဖေ ၊တယ်စွန်တဲ့အဖေပါလား။
သူ့ရည်းစားဆီက စာဖြစ်နေတယ်လေ။
(တီဗွီဇာတ်လမ်းတွဲတွေဆိုရင်တော့
နောက်တနေ့ ဆက်ရန် ဆိုပြီး တပိုင်းရပ်ထားလိုက်မှာပေါ့ဗျာ၊ ရှင်လူကတော့ မလုပ်ချင်ပါဘူး၊အဲ့စာကို
အောက်မှာ ဖော်ပြလိုက်ပါတယ်)
သို့/အကို
အကို ညီမ ရှီ မလာတာ အတောကျာပီနော၊
ညီမ မာတော့ နေ့လဲမျှောရ ညလဲမျှောရနဲ့
လွမ်လှပီ ၊စားပျံဘာအုံးအကို
တော်သေပီ
ညီမ
~~~မြို့
story#observation #shinlhu
Tuesday, June 13, 2017
အလွယ်တကူညနေခင်းများ ❀❀❀❀❀❀❀❀❀❀❀❀ ❀မိုးနံကျင်းကျေးရွာ အလှူကပြန်လာပြီး ကတည်းကရှင်လူတယောက်အလုပ်ကြွေးတွေဆပ်နေရတာ အတော်ပင်ပန်းနေ တယ်။ဒါနဲ့
❀❀❀❀❀❀❀❀❀❀❀❀
❀မိုးနံကျင်းကျေးရွာ အလှူကပြန်လာပြီး
ကတည်းကရှင်လူတယောက်အလုပ်ကြွေးတွေဆပ်နေရတာ အတော်ပင်ပန်းနေ
တယ်။ဒါနဲ့ ညနေ ညနေတိုင်းလိုလို ဘီယာလေးတဗူးလောက်ဝယ်ဝယ်ပြီး
သောက်နေမိတယ်။ဒီညနေလည်း
ANDAMANတဘူးဝယ်ပြီးသောက်နေတာ၊
အမြည်းကမရှိ။တနေ့ကဝယ်ထားတဲ့ ငါးနီတူခြောက်ကြော်နဲ့ပဲဖြစ်သလိုရောင့်ရဲ
ဲနေတုန်း ``ဟဲ့ ဖိုးလဝန်း အမြန်လာ ဟိုမှာ
ကြွေးနေပြီ´´``ဒေါ်ညိုလာလေ သွားစို့ 
ကြွေးနေပြီ´´အိမ်ရှေ့က ဘုတိုနဲ့
ဒေါ်သန်းပုတို့အသံကြောင့် ရှင်လူ ခေါင်း
ထောင်ကြည့်လိုက်တယ်။ စတုဒိသာ။
ဘာကြွေးနေလဲမသိ။ သောက်လက်စ
ဘီယာဗူးထားခဲ့ပြီး သူတို့နောက်က နောက်ယောင်ခံ လိုက်သွားလိုက်တယ်။
လမ်းဟိုဘက်ထိပ် ဒေါ်နုတို့ အိမ်ရှေ့နားမှာ
ကြာဆံချက်ကြွေးနေတာပဲ။ ကြက်ခြေထောက်ကြက်ခေါင်းတွေနဲ့ချက်ထားတာ။ရှင်လူကကြာဆံချက်သိတ်
မကြိုက်ပေမယ့် ဘိုက်ဆာတာကြောင့်
ဝင်စားလိုက်တယ်။ဗဲရီးဂွတ်။ မထင်မှတ်ပဲ
ကြာဆံချက်က အတော်လေအရသာတွေ့
တယ်။သင့်တင်ရုံတပွဲသောက်ပြီး အိမ်ပြန်လာ၊ ဘီယာဆက်သောက်။
ဒီလိုပါပဲ.. .ညနေခင်းလေးတခုဟာ အလွယ်
တကူ.....
story#observation#shinlhu
♥ ရွှေမိုးပစ္စုန်ရယ်♪ မာန်ဟုန်တော် ပျိုး♬
ပျိုး♬ ညှိုးရက်တယ်✆♪ ♬
Sarga Street ,South Okkalapa,Yangon
ရောင်းရန်မဟုတ်ပါ ~~~~~~~~~~ ✏ ငါ့ကိုယ်ငါ ပုံတူဆွဲ ထားတာ ရေးလိုက်ဖျက်လိုက်နဲ့ နှစ်ပေါင်း
~~~~~~~~~~
✏ ငါ့ကိုယ်ငါ
ပုံတူဆွဲ ထားတာ
ရေးလိုက်ဖျက်လိုက်နဲ့
နှစ်ပေါင်း ၆၀ ကျော် ✏
ညိုမြသွေး
10:36 pm
Mon,12 Jun 2017
poem#observation#shinlhu
Wednesday, June 7, 2017
ဘက်ဆဲလား ♥ ♥ ♥
♥ ♥ ♥ ♥
ဖွေးဖွေးသိမ့် ၂ နှစ်ခွဲကျော် ၃နှစ်နီးလာချိန်မှာ
စကားအတော်တတ်လာပါပြီ။သူက စပ်စပ်စုစု
သမားဆိုတော့ အသိမြန်အတတ်မြန်ပါတယ်။
သူ့ကစားဖော်အကြီးတွေဆီကပညာကုန်လည်းရခဲ့ပါတယ်။ ခုဆို သူမကြေနပ်တဲ့သူဆို ``ကောင်မ´´
``ပေယိုးမတား´´လို့ကောင်းကောင်းဆဲတတ်နေပါပီ။
ရှင်လူကြီးကတော့အမြဲ အတုပ်ခံနေရတာပေါ့။
ရှင်လူကြီးကသူ့ဆဲသံလေးကိုချစ်နေမိပါတယ်။သူ့အ
မေမလှိုင်ကတော့ ဖွေးကိုဆဲရမလားလို့ စိတ်ဆိုးပီး ရိုက်ချင်နေပါတယ်။ (သူကိုယ်တိုင်ဆဲခဲ့တာတွေမေ့ပီး)
ရှင်လူကတော့ကလေးတွေဆဲတာကို တေးဂီတလို့ပဲသဘောထားပါတယ်။ ဘာတဲ့
ကြက်ဖ တို့ဘာတို့ ခွေ နားထောင်ခဲ့ဖူးတော့ အဆဲဆိုတာ ဂီတတမျိုးလို့ထင်တာပဲ။
ဖွေးက ဘုရားတရားလည်းရိုသေပါတယ်လေ၊ ကြည့်ပါလား သူ့အဖွားနဲ့ လိုက်တုပီး ဘုရားရှိခိုးနေတာ။
ရှင်လူလည်း ငယ်စဉ်က ဘဝစုံခဲ့တော့ အဆဲကောင်းကောင်းတတ်ပါတယ်။ဘုရားတရားလည်းလိုက်စားတော့ ဖရုဿဝါစာ ဟာဝစီဒုစရိုက်မှန်းသိပီး
မဖြစ်မနေလိုအပ်မှဆဲပါတယ်။အဆဲကိုဝါသနာတော့မပါပါ ။
story#observation#shinlhu
Monday, June 5, 2017
ကဗျာဆရာဆိုတာ ♥ ♥ ♥
♥ ♥ ♥ ♥ ♥ ♥
တခါတုန်းက ခရီးသည်တင်ကားတစီးကိုဓားပြတိုက်
တော့ ဓားပြတွေက ရိုက်နှက်ပီးပစ္စည်းတွေကိုတောင်းတယ်။
အဲ့မှာ လူတယောက်ကျတော့ ဘယ်လောက်ရိုက်ရိုက် အံကြိတ်ခံနေတယ်၊ လုံးဝမအော်ဘူး။ဒီတော့ ဓားပြက မေးတယ် လူတကာ အမလေး ဘာညာ
အော်နေတာ ခင်ဗျားက ဒါလောက်ရိုက်နေတာတောင်လုံးဝ မအော်ဘူး ဘာလဲမနာလို့လားဆိုပြီး
ဓားပြားနဲ့ထပ်ရိုက်မှ၊ နေပါအုံးဗျ ကျုပ်က
ကဗျာဆရာ ၊ဘယ်လိုအော်ရမလဲဆိုတာ
စကားလုံးရွေးချယ်နေလို့ပါဗျ..တဲ့...
အင်း ..ရှင်လူ့ကို ၆ ညင်ကပ်လို့ ရွှေကျင် က နိုင်ငံရေးသမား ဦးခင်မောင်ကြည် ပြောသွားဖူးတာ။ ခံလိုက်ပါတယ် ဟုတ်နေတာကိုး။သဘင်သည်ဆိုပိုတောင်ဆိုးသေး ၊ ဒီဃတို့ ရသတို့ ဟန်ထားတို့ပါ
ဂရုစိုက်နေရတာ။
story#observation#shinlhu
♥ သစ်ချသီးဝေဒနာ♥ ✏
✏ ✏ ✏ ✏ ✏ ✏ ✏
♥ ဒီညနေ ဖွေးဖွေးသိမ့်တယောက်
သစ်ချသီးလှော်စားမယ်ဆိုပီးအော်ငိုနေတယ်၊နှာစေးချောင်းဆိုးဖြစ်ပီးကိုယ်လေး
ကလည်းပူချင်ချင်ဖြစ်နေတာသုံးရက်မက
တော့ဘူး။ ရှင်လူလည်းသနားတာနဲ့
ရှင်လူဝယ်ကြွေးမယ်ဆိုတော့ ရှင်လူနဲ့
သွားဝယ်မယ်ဆိုပီးဖိနပ်စီးဦးထုပ်ဆောင်း
လိုက်လာတယ်။တဖက်လမ်းထိပ်ရောက်
တော့သစ်ချသီးသည်ကမတွေ့၊မိုးကြီးထားလို့သုတတလမ်းလုံးလည်းရေတဖွေးဖွေး။
ကဲသမီးရယ်တို့တွေOrangeမှာပဲသွားဝယ်မယ်ဆိုပီး ပါရမီလမ်းပေါ်က Orange ဆိုင်
ဘက်ထွက်ခဲ့ကြတယ်။ ဆိုင်ထဲရောက်တော့ ရှာလိုက်တာ သစ်ချသီးလှော်တော့မတွေ့ဘူး။
သီဟိုစေ့တို့Almond(မက်မွန်သီး)စေ့တို့ပဲ တွေ့တာ
န့ဲ့Almondတထုပ်ယူလိုက်တယ်။
ငွေရှင်းတော့ 1400 တဲ့။ငွေလည်းရှင်းပီးရော
မိုးကဝေါခနဲ ရွာချရော၊ထီးကပါမလာ။
ဒီတော့ ဖွေးနဲ့ဆိုင်ထဲအခေါက်ခေါက်အခါခါ ပတ်နေရရော။ဖွေးကတခါတခါပတ်ပြေး
ရင်းရှင်လူ့ကိုတောင်တူတူပုန်းနေသေး
တော့။ဒီကြားထဲရေသောက်မယ်ဆိုလို့ 200တန်ရေသန့်ဗူးဝယ်တိုက်ရသေးတယ်။
မိနစ်နှစ်ဆယ်လောက်ကြာတော့
ရှင်လူလည်းပျင်းလာပီ။ထီးတချောင်းဝယ်
မယ်ကြံပေမယ့်ရှိတဲ့ထီးတွေကိုရှင်လူမကြိုက်။
ကဲ ..တတ်နိုင်ပါဘူးလေ ရှင်လူ
ပုဆိုးကိုကွင်းလုံးချွတ်ချလိုက်တာ ဆိုင်က
ကောင်မလေး ခမျာဟာကနဲနေသွားတာပဲ။
အတွင်းခံ ဘောင်းဘီပွပွကြီးပါပါတယ်ဗျ။
အဲဒါနဲ့ဖွေးကို ပတ်ပေးမယ်လုပ်တော့
ဖွေးက အဲ့တာခြုံဘူး တဲ့။ပြဿနာပဲ။
ကဲ ရှင်လူပါခြုံမယ်ဆိုမှ သူလက္ခံတယ်။
ရှင်လူလည်းပြောပြောဆိုဆိုသူ့ကို ပုဆိုးနဲ့
လုံအောင်ပတ်ပီးမိုးရွာထဲပြေးထွက်လာခဲ့တာ ကံကာင်းချင်တော့ဆိုက္ကားတဲထဲက
မိလှဝင်းယောက်ျားကသူ့ထီးကမ်းပေးလို့
ယူဆောင်းလာလိုက်တယ်။
story#observation#shinlhu
Saturday, June 3, 2017
Re: ချစ်သူကိုငေါ့တဲ့ကဗျာ @$@$@$@$@$@$ ညိုမြသွေး ကိုယ့်ရေခဲသေတ္တာထဲမှာမှ မင်းက ဘာလို့ တကောင်လုံးပုပ်နေရတာလဲ... ဗာဟီရ
>ချစ်သူကိုငေါ့တဲ့ကဗျာ
>@$@$@$@$@$@$
>ညိုမြသွေး
>
>ကိုယ့်ရေခဲသေတ္တာထဲမှာမှ မင်းက ဘာလို့
>တကောင်လုံးပုပ်နေရတာလဲ...
>ဗာဟီရ တောင်ပို့ကို မင်းက မင်းကိုယ်မင်း
>ခြထင်ပြီး ထပ်ဖို့နေတာလား
>လူတကာကတော့ လူတကာလို
>သောက်လုပ်များနေကြရတာပါပဲ
>ချစ်သူ့ရင်ခွင်ဆိုတာ အရက်နံ့နဲ့ချွေးနံ့ရောနေရင်တောင်မိန်းမသားတယောက်အတွက်တော့ အပန်းဖြေကမ်းခြေတခုမဟုတ်လား..
>ကြေးစားတယောက်အတွက်တော့
>ငရဲကြီးရှစ်ထပ်ပဲဖြစ်မှာပေါ့....
>ညိုမြသွေး
>Thu,20 Apr 2016
>poem#observation #shinlhu
နှစ်ပေါင်း ငါးဆယ် ခြောက်ဆယ်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
သူ့ကိုယ်သူ
ကျမ်းကြီးကျမ်းခိုင်ထင်နေတဲ့ကောင်ကို
အရက်ပုလင်းနဲ့ကောက် ရိုက်ပီး
ကျနော်ဘာမှမသိပါဘူးဗျာဆိုတဲ့ကောင်ကို
လက်သီးနဲ့
ဘယ်ပြန်ညာပြန်ထိုးပလိုက်တယ်
တနေ့လာလည်း ချဉ်ပေါင်ဟင်း
တနေ့လာလည်းချဉ်ပေါင်ဟင်း အော်နေတဲ့
မိန်းမကို နားရင်းပိတ်အုပ်လိုက် မှပဲ
ဒေါသဆိုတာ မကောင်းမှန်း
နှလုံးသွင်းမှန်သွားပါတော့တယ်....
ညိုမြသွေး
4:18 pm
Sat,3 Jun 2017
poem#observation #shinlhu
Thursday, June 1, 2017
ရှုမျှော်ခင်း ♥ ♥ ♥
♥ ♥ ♥ ♥
စိတ်နဲ့ပွင့်နေတဲ့ပန်းများကိုမြင်ရတဲ့ခါ
အမွှေးနံ့က အဝေးကပင် စိတ်ကိုမွှေးမြ
စေခဲ့
တောင်တန်း မြေပြန့် ပင်လယ်
ကျေးငှက်သံ ပလွေသံ နဲ့
သိုးအုပ် နွားအုပ်တွေ စားကျက်ထဲ
အပူအပင်မဲ့ အကြောင့်ကြမဲ့
ဒဏ္ဍာရီဆန်ဆန် သမိုင်းတခုဟာ
စိတ်နဲ့ရေးခဲ့ကြပြီး
နှလုံးသားကိုဆွတ်ပြန့် စေခဲ့ တယ်...
ညိုမြသွေး
8:42 pm
Wed,31 May 2017
poem#observation#shinlhu