Tuesday, June 27, 2017

သင်​ဖြူးဖျာ​လေးတချပ်​ ♥ ♥ ♥

သင်​ဖြူးဖျာ​လေးတချပ်
♥ ♥ ♥ ♥ ♥ ♥ ♥
Mon,26 Jun 2017
ဒီ​နေ့ ရှင်​လူကြီးဘဝမှာ ထူးထူးခြားခြား
သင်​ဖြူးဖျာ​ချော​လေးတချပ်​လက်​​ဆောင်​ရပါတယ်။ပေးသူကသိတ်​ချမ်းချမ်းသာသာ
ကြီးထဲကမဟုတ်​၊ ရှင်​လူ့အ​ပေါ် အမှန်​ပင်
ခင်​မင်​လွန်းလို့သာ ပို့​ပေးလိုက်​တာ​ကြောင့်
ရှင်​လူကလည်းအသာတကြည်​ပင်​လက္ခံထားလိုက်​ပါတယ်​။တ​ယောက်​အိပ်​သင်​ဖြူး
ဖျာ​လေးကို ဖြန့်​ခင်းကြည့်​လိုက်​​တော့
ထူထူထဲထဲ ​ချောအိအိ​လေးမို့ ရှင်​လူအလွန်
ပျော်​သွားမိပါတယ်​။ရှင်​လူ့ဘဝမှာသင်​ဖြူး
ဖျာ မ​ပြောနဲ့ ခင်းအိပ်​စရာနှီး​ချောဖျာ​တောင်
မရှိတာ ၈ နှစ်​​ကျော်​ခဲ့ပါပြီ။ တ​လောက​တော့​ဈေးထိပ်​ဖျာဆိုင်​မှာ​တွေ့တဲသ​​ဘော့ဖျာကို​မေးကြည့်​​တော့ဈေးက ငါး​ထောင်​ ​ကျော်​​နေပါတယ်​။ အဲဒီဖျာ​လေး
ကို တ​နေ့​တော့ ဝယ်​မယ်​လို့ကြံ​နေဆဲမှာပဲ
ခုသင်​ဖြူးဖျာ​လေးလက်​​ဆောင်​ရတာဖြစ်​ပါတယ်။ ဒီဖျာအသစ်​က​လေးကိုခင်းအိပ် မယ်ကြံဆဲမှာပဲရှင်လူ့စိတ်​​တွေ​လေးလံလာခဲ့ပါတယ်​။
လွန်​ခဲ့တဲ့ ၈ နှစ်​​ကျော်​က​ပေါ့။ ရှင်​လူတို့ငှါး
နေတဲ့အိမ်​ကြီးက ​လေးပင်​သုံးခန်း နှစ်​ထပ်​ အိမ်​ကြီးဖြစ်​ပြီး ​မြောက်​ဘက်​က အဖီပါထပ်​ဆွဲပြီး ငှါးရမ်းထားတဲ့အတွက်
အိမ်​ခန်း​တွေက အများကြီးဖြစ်​​နေပါတယ်​။
ရှင်​လူ့ဇနီးသည်​ မမက အပျိုကြီးဘဝက
လာသူပြီပြီ အသန့်​အပြန့်​ကြိုက်​ပါတယ်​။
ဒါ​ပေမယ့်​ဘုံရိပ်​သာကြီးလိုလူအများ
စု​ပေါင်း​နေထိုင်​ကြတဲ့ ဒီအိမ်​ကြီးထဲမှာ​တော့ ကိုယ့်​အခန်းကဘယ်​​လောက်​သန့်​​အောင်
နေ​နေ၊​ဘေးခန်း​တွေကမသန့်​ရင်​ အလကားပါပဲ။ အ​ပေါ်ထပ်​က အပျိုကြီးက
ခွေးချစ်​တတ်​​တော့ သူ့အိမ်​ကထမင်းကျန်
ဟင်း​​ကျန်​ဆို ခြံဝင်းထဲ ကြုံရာမှာပုံ​ကြွေး
လေ့ရှိပါတယ်​။ ​ခွေးကအကုန်​မစား​တော့
တခြားအိမ်​​တွေကစည်းမဲ့ကမ်းမဲ့​မွေးထားတဲ့ကြက်​​တွေကဝင်​ယက်​၊​မြေကြွက်​ကြီး
တွေကထွက်​စား။အမြင်​မ​တော်​လို့ဝင်​​ပြောမိရင်​လည်း တိရိစ္ဆာန်​​လေး​တွေငတ်​​နေလို့
ကြွေးတာကို မလိုတမာ​ပြောသလိုမျိုး
မျက်​​စောင်းထိုးခံရပါ​သေးတယ်​။ဒီလိုပါပဲ
တချို့ကလည်းဘုရားဆွမ်း​တော်​စွန့်​တာ
တွေလမ်း​ပေါ်ကြဲပြီးခိုစာ​ကြွေးတဲ့သူက
ကြွေး။ ဒီအိမ်​ကြီးဟာ​မြေကြွက်​၊ပုရွက်​ဆိတ်
နဲ့ ခြင်ယင်​လှေးမွှားတို့​ပျော်​ရာ။အဆိုးဆုံးက
ကြမ်းပိုးပါပဲ။ညည အိပ်​​ရေးပျက်​​အောင်
နှိပ်​စက်​တတ်​တဲ့​သွေးစုတ်​​ကောင်​​တွေပါ။
ကိုယ့်​အိမ်​ခန်းက ​ဆေးဖြန်းသန့်​ရှင်းလည်း
တခြားအခန်းမှာမျိုးဆက်​ပွား​နေ​တော့
မကြာခင်​ပြန်​​ရောက်​လာတာပါပဲ။ တ​နေ့ည
ပေါ့။ အခန့်​မသင့်​တဲ့တညမှာကြမ်းပိုးကိုက်​လို့
ရှင်​လူအိပ်​မ​ပျော်​ပါဘူး။ ​ခေါင်း​တွေလည်း
ကိုက်​​နေပါတယ်​။ဒီကြားထဲ န အ ဖ မိုးခါးကြီးရွာ​နေတဲ့​ခေတ်​ကာလကလည်း
ဖြစ်​​နေပြန်​ပါတယ်​။တ​နေ့တ​နေ့ သတင်းစာ
ရေဒီယိုနဲ့ အ​တွေ့အကြုံမှန်​သမျှက ခါးသက်​လွန်းသမို့ ရှင်​လူတို့စိတ်​​တွေလည်း
ခါးသက်​လို့ ​နေပါတယ်​။ကြမ်းပိုး​ကြောင့်
အိပ်​မ​ပျော်​​တော့ အနားရှိတဲ့မမကို ကြမ်းပိုး
မရှာရ​ကောင်းလား အပြစ်​တင်​မိပါတယ်​။
သူကလည်း ​နေ့စဉ်​ရှာတဲ့အ​ကြောင်း တခါတခါမအားလပ်​တဲ့အခါမျိုးသာမရှာနိုင်
ေ​ကြာင်းဆင်ေ​​ခြ​ပေးလာ​တော့နှလုံးသားတခုလုံးခါးသက်​​နေတဲ့ရှင်​လူကနှစ်​​ယောက်​သားအိပ်​​နေတဲသင် ဖြူးဖျာကိုဆွဲယူပြီး
နောက်​​ဖေးလမ်းကြားထဲလွှင့်​ပစ်​လိုက်​ပါတယ်​။ဒီလိုနဲ့ ဖျာမပါပဲ အိပ်​ခဲ့ကြတာ
တနှစ်​​လောက်​အကြာမှရှင်​လူ့စိတ်​ထဲအသိတချို့ဝင်​လာပါတယ်​။ငါကငယ်​သူမို့ကိစ္စမဟုတ်​၊မမကအသက်​ကြီး​နေပြီ(ရှင်​လူ့ထက်
၁၆ နှစ်​ကြီးပါတယ်​)။မဖြစ်​​သေးပါဘူး​လေ
ဆိုပြီး ကုပ်​ကုပ်​ကပ်​ကပ်​ပိုက်​ဆံ​လေးနဲ့
တ​ယောက်​အိပ်​သင်​ဖြူးဖျာ​လေးတချပ်
ဝယ်​လိုက်​ပါတယ်​။ ရည်းစားသက်​ ၊အိမ်​​ထောင်​သက်​နှစ်​​ပေါင်း​လေးဆယ်​အတွင်းမှာဇနီးသည်​ကိုဒီတကြိမ်​ပဲချီး​မြှောက်
်​နိုင်​ခဲ့ပါတယ်။ ဒီဖျာအသစ်​က​လေး​ပေါ်မှာပဲ
၇၃ နှစ်​အရွယ်​ဇနီးသည်​ကွယ်​လွန်​ခဲ့တာ
၈ နှစ်​​ကျော်​ခဲ့ပါပြီ။ကို​ကျော်​သူ့ကား​ရောက်
လာ​တော့ အညာ​စောင်​က​လေးလွှမ်းပြီး
ဒီသင်​ဖြူးဖျာက​လေးပါမပြီးကား​ပေါ်တင်
ပေးလိုက်​ပါတယ်​။သူ့အတွက်​​နောက်​ဆုံး
ထည့်​​ပေးလိုက်​နိုင်​တာ ဒီ​လောက်​ပါပဲ။
ခုတိုင်​ ရှင်​လူကြီး ဖ​ယောင်းပုဆိုးကွက်
ပလပ်​စတစ်​ခင်းနဲ့ပဲအိပ်​​နေပါတယ်​။
လက်​​ဆောင်​ရတဲ့သင်​ဖြူးဖျာ​လေးပါးကပ်
ပြီးအိပ်​မိတိုင်း မမနဲ့သင်​ဖြူးဖျာက​လေးကို
သတိရ​နေ​တော့မှာမို့ ဒီတသက်​ ရှင်​လူ
သင်​ဖြူးဖျာသစ်​​လေး​ပေါ်မှာမအိပ်​​တော့ပါ။
ဖျာသစ်​က​လေးကိုပရုပ်​လုံးထည့်​ပြီးသိမ်းထားပါ့မယ်​။လက်​​ဆောင်​​ပေးသူကုသိုလ်
ရ​အောင်​ ဧည့်​သည်​လာရင်​ခင်း​ပေးပါ့မယ်​။
အိမ်​နီးနားချင်း​တွေအလှူအတန်းလုပ်​လို့
လိုအပ်​တဲ့ခါ ငှါး​ပေးပါမယ်​။
(ဖျာလက်​​ဆောင်​​ပေးတဲ့ မိတ်​​ဆွေကို
ဒီpost ​လေး fb တင်​ပါရ​စေ ဆိုပီးခွင့်​​တောင်း​တော့ #လူ့ဘဝကတိုတိုလေးပါ စိတ်ချမ်းသာအောင်နေပါ#
လို့ ရှင်​လူ့ကိုသတိ​ပေးပါတယ်​။ ခင်​ဗျားတို့ရှင်​လူကြီး ကျင့်​​နေတဲ့တရားက
ဘယ်​​လောက်​​သွေး​သွေး ခုတ်​လိုက်​ရင်
အသွားလိပ်​သွားတဲ့ဓားလိုပဲ ဗျ။ )
story#observation#shinlhu

No comments:

Post a Comment