အလွယ်တကူညနေခင်းများ
❀❀❀❀❀❀❀❀❀❀❀❀
❀မိုးနံကျင်းကျေးရွာ အလှူကပြန်လာပြီး
ကတည်းကရှင်လူတယောက်အလုပ်ကြွေးတွေဆပ်နေရတာ အတော်ပင်ပန်းနေ
တယ်။ဒါနဲ့ ညနေ ညနေတိုင်းလိုလို ဘီယာလေးတဗူးလောက်ဝယ်ဝယ်ပြီး
သောက်နေမိတယ်။ဒီညနေလည်း
ANDAMANတဘူးဝယ်ပြီးသောက်နေတာ၊
အမြည်းကမရှိ။တနေ့ကဝယ်ထားတဲ့ ငါးနီတူခြောက်ကြော်နဲ့ပဲဖြစ်သလိုရောင့်ရဲ
ဲနေတုန်း ``ဟဲ့ ဖိုးလဝန်း အမြန်လာ ဟိုမှာ
ကြွေးနေပြီ´´``ဒေါ်ညိုလာလေ သွားစို့ 
ကြွေးနေပြီ´´အိမ်ရှေ့က ဘုတိုနဲ့
ဒေါ်သန်းပုတို့အသံကြောင့် ရှင်လူ ခေါင်း
ထောင်ကြည့်လိုက်တယ်။ စတုဒိသာ။
ဘာကြွေးနေလဲမသိ။ သောက်လက်စ
ဘီယာဗူးထားခဲ့ပြီး သူတို့နောက်က နောက်ယောင်ခံ လိုက်သွားလိုက်တယ်။
လမ်းဟိုဘက်ထိပ် ဒေါ်နုတို့ အိမ်ရှေ့နားမှာ
ကြာဆံချက်ကြွေးနေတာပဲ။ ကြက်ခြေထောက်ကြက်ခေါင်းတွေနဲ့ချက်ထားတာ။ရှင်လူကကြာဆံချက်သိတ်
မကြိုက်ပေမယ့် ဘိုက်ဆာတာကြောင့်
ဝင်စားလိုက်တယ်။ဗဲရီးဂွတ်။ မထင်မှတ်ပဲ
ကြာဆံချက်က အတော်လေအရသာတွေ့
တယ်။သင့်တင်ရုံတပွဲသောက်ပြီး အိမ်ပြန်လာ၊ ဘီယာဆက်သောက်။
ဒီလိုပါပဲ.. .ညနေခင်းလေးတခုဟာ အလွယ်
တကူ.....
story#observation#shinlhu
No comments:
Post a Comment