Friday, June 16, 2017

နိုင်​ရာစား​လောက ♥ ♥ ♥

နိုင်​ရာစား​လောက
♥ ♥ ♥ ♥ ♥ ♥
ဒီ​post ကိုရှင်​လူတင်​ဖြစ်​တာ ​ဖွေး​ဖွေးသိမ့်
ပ​ယောဂလို့​ပြောရမှာဖြစ်​တယ်​။ ဒီ​နေ့ရှင်​လူ
ဈေးကပြန်​လာပြီး မီးပြန်​လာတုန်း ​ဈေးက
ဝယ်​လာတဲ့အမဲသားကိုအရင်​​ကြော်​​နေခိုက်
``ေ​မြွကြီး..​​မြွေကြီးငါးရှဉ့်​ကိုမြို​နေတယ်​´´ဆိုတဲ့အသံ​တွေ​ဖွေးတို့အခန်းဘက်​ကထွက်​လာပါတယ်​။
ရှဉ်​လူလည်း အမဲ​ကြော်​ဒယ်​အိုး ခဏထား
ခဲ့ပြီး သွားကြည့်​​တော့ ​ဖွေးတို့အခန်း​ခြေရင်း
အုတ်​တံတိုင်း​ဘေးမှာ ​မြွေတ​ကောင်​က
ငါးရှဉ့်​ကိုမြို​နေပါတယ်​။ ရှင်​လူပြန်​လှည့်​လာ​တော့ ​ဖွေးအ​မေ မလှိုင်​က ``ဦး​လေး ဓာတ်​ပုံရိုက်​..ဓာတ်​ပုံ
ရိုက်​´´တဲ့ရှင်​လူ့ကိုခိုင်း​တော့ရှင်​လူဘာမှမ​ပြောပဲ ကိုယ့်​အခန်းကိုယ်​ပြန်​ခဲ့ပါတယ်​။
ငါးရှဉ့်​ကို​မြွေမြိုတာသတင်းမှမဟုတ်​ပဲ၊
မြွေကိုငရှဉ့်​မြိုမှ သတင်းဖြစ်​မှာ။ ရှင်​လူ
ဓာတ်​ပုံမရိုက်​တဲ့အတွက်​ မလှိုင်​က ``ဦး​လေးကလည်း ဒါမျိုး​တော့မရိုက်​ဘူး
ဘာမဟုတ်​တာ​တွေကျ လိုက်​ရိုက်​တယ်​´´
ဆိုပြီးလှမ်း​ပြော ​နေ​ပေမယ့်​ရှင်​လူ ဘာမှပြန်​မ​ပြောပဲ ငြိမ်​​နေလိုက်​ပါတယ်​။
ငါးရှဉ့်​ကို​မြွေမြိုတာပဲ အဆန်းလား။ ရှင်​လူလည်းဒဲအိုးထဲအမဲသား​ကြော်​​နေတယ်။ သတ္တလောကကြီးကနိုင်ရာစား
​ေ​လာကၾကီးပဲ။ ဒီကြားထဲအခန့်​မသင့်​လို့
မြွေမ​ယောက်ျားက ၅၅ ဃ နဲ့တရားစွဲရင်
ရှင်​လူအ​ချောင်​ခံ​နေရဦးမယ်​။
အဲဒီ အခိုက်​မှာပဲ သူ့အခန်းပြူတင်း​ပေါက်
က ​မြွေကြည့်​​နေတဲ့ ​ဖွေး​ဖွေးသိမ့်​က
``ဓာတ်​ပုံရိုက်​...ဓာတ်​ပုံရိုက်´´​လို့​အော်​​နေပါတယ်။ဒီအခါမှာ​တော့ရှင်​လူမ​နေသာ
တော့ပါ ။ ဖုန်းယူပြီး ​မြွေကိုဓာတ်​ပုံရိုက်​ရ
ပါ​တော့တယ်​။ ​ဟောဒီ သတ္တ​လောကကြီး
မှာရှင်​လူမလွန်​ဆန်​နိုင်​တာ၊ရှင်​လူ့ကိုနိုင်​တာ ​ဖွေး​ဖွေးသိမ့်​ပဲရှိပါတယ်​။

No comments:

Post a Comment