အက်ရှင်
➳ ➳ ➳
ဆိုင်ကယ်တွေ ကားတွေ
ထရပ်ကားကြီးတွေပရမ်းပတာ
ပဲရစ်လို လန်ဒန်လို မြို့ကြီးတွေရဲ့
အလယ်ကောင်မှာ
စက်သေနတ်တွေ လောင်ချာတွေ
ဗြောင်းဆန်အောင်ပစ်ခတ်
၁၈၈၇ က တပုလင်းထဲကျန်တော့တဲ့
နှစ်ချို့ဝိုင်နဲ့
နှုတ်ခမ်းပါးပါး မဒီလေးနဲ့
ဗင်းနစ်မှာ ဒင်နာစားပြီး
ဒန်..တန်တန်...ဒန်
ဘာ အက်ရှင်မှ မရှိတော့တဲ့
ဟောဒီ ခေါင်းဖြူ ငနဲကြီးက
အက်ရှင်ကားကြည့်ပြီး
လက်ဖက်ရည်တခွက် စီးကရက်တလိပ်နဲ့
ညိုမြသွေး
8:09 am
Mon,31 Jul 2017
poem#observation#shinlhu
Monday, July 31, 2017
Friday, July 28, 2017
မိတ်ဆွေ ♥ ♥ ♥
မိတ်ဆွေ
♥ ♥ ♥
လမ်းလျှောက်ရင်း
သူက
အာသောကဇာတ်လမ်းကို
မမောတမ်း ဇာတ်ကြောင်းပြန်
ငါက
မကြားတချက် ကြားတချက်
ခေါင်းတငြိမ့်ငြိမ့်
ညိုမြသွေး
8:05 am
Wed,26 Jul 2017
poem#observation#shinlhu
♥ ♥ ♥
လမ်းလျှောက်ရင်း
သူက
အာသောကဇာတ်လမ်းကို
မမောတမ်း ဇာတ်ကြောင်းပြန်
ငါက
မကြားတချက် ကြားတချက်
ခေါင်းတငြိမ့်ငြိမ့်
ညိုမြသွေး
8:05 am
Wed,26 Jul 2017
poem#observation#shinlhu
မဟာ ဂန္ဓာရီ ❆ ❆
မဟာ ဂန္ဓာရီ
❆ ❆ ❆ ❆ ❆
ငါက ၆၀ ကျော်မှ ကဗျာတွေ ဖိရေးနေတယ်
နောင်ဘဝမှာ ကျော်ကြား ဖို့ပေါ့
❆ ❆ ❆ ❆ ❆
ငါက ၆၀ ကျော်မှ ကဗျာတွေ ဖိရေးနေတယ်
နောင်ဘဝမှာ ကျော်ကြား ဖို့ပေါ့
နောက်ဘဝကို မင်းတကယ် ယုံသလား
Reincarnation လေ
ခုတော့ Bohemian တယောက်လို
ကျော်ကြားမှု ၊ ငွေကြေး ဘာကိုမှမမက်မောပဲ
အေးအေးဆေးဆေး နဲ့
ငါတယောက်ထဲ ဖောက်တဲ့လမ်းပေါ်
လျောက်သွားနေတယ်
ဒီဘဝမှာ အနှောင်အဖွဲ့ကင်းတဲ့
လွတ်လပ်မှုက ငါ့ရဲ့ အဖော် ပေါ့
ညိုမြသွေး
July 29, 2015 at 11 :38pm
poem#observation#shinlhu
Thursday, July 27, 2017
အခိုက် ➳ ➳ ➳
အခိုက်
➳ ➳ ➳
♡ သမီးက
နီနီခက်ဇော်ရဲ့ နှင်းဝေတဲ့ဆောင်း ဆိုပြတော့
ဖေကြီးက
နှင်းကြွေမယ့်ဆောင်း ကဗျာကို
ရေးခဲ့တယ်
အစုန် အဆန် ရထားနှစ်စင်းရဲ့
တွေ့ဆုံမှု ဆိုတာ
ဒီ လောက်ပါပဲဆရာမရယ်
ညိုမြသွေး
8:28 AM
Thu,6 Apr 2017
poem#observation#shinlhu
➳ ➳ ➳
♡ သမီးက
နီနီခက်ဇော်ရဲ့ နှင်းဝေတဲ့ဆောင်း ဆိုပြတော့
ဖေကြီးက
နှင်းကြွေမယ့်ဆောင်း ကဗျာကို
ရေးခဲ့တယ်
အစုန် အဆန် ရထားနှစ်စင်းရဲ့
တွေ့ဆုံမှု ဆိုတာ
ဒီ လောက်ပါပဲဆရာမရယ်
ညိုမြသွေး
8:28 AM
Thu,6 Apr 2017
poem#observation#shinlhu
Thursday, July 20, 2017
သာဓုကံအလွမ်း ♥ ♥ ♥
သာဓုကံအလွမ်း
♥ ♥ ♥ ♥ ♥
♥ ဒီမနက် ရှင်လူကြီးလမ်းလျှောက်ရာက
အပြန် ဖွေးဖွေးသိမ့်တို့ အခန်းတံခါးတွန်း
ဖွင့်လိုက်တော့ ဖွင့်မရ။ အခါတိုင်းဆို
ဖွေးတို့သားအမိတွေ နေဖင်ထိုးအောင်
အိပ်နေကျ။ မသင်္ကာတာနဲ့ အထဲကိုခြောင်း
ကြည့်လိုက်တော့အိမ်ထဲမှာတယောက်မ
ှမရှိ။ ဒါနဲ့အိမ်ရှေ့လမ်းပေါ်ကြည့်လိုက်တော့
ဖွေးရဲ့ဦးငယ်ကားအိမ်ရှေ့မှာထိုးထားတာ
တွေ့လိုက်ရတယ်။ သတိရပြီ..ပြီးခဲ့တဲ့ရက်တွေက ဖွေးအမေ
မလှိုင်ပြောနေတာ၊အာဇာနည်နေ့ပိတ်ရက်ကျရင် သာဓုကံ ဘုရားသွားကြမယ်ဆိုတာ။
ကားနောက်ခန်းထဲကြည့်လိုက်တော့
ဖွေးတို့ မြေးအဖွား တူဝရီးတွေအကုန်လုံး
ကားပေါ်မှာ။ အမှန်တော့ ဒီနေ့ ရှင်လူကြီး
အိမ်မှာ အလုပ်လုပ်ဖို့ ရှိတယ်။ ကားစက်နှိုးသံကြားတော့ ခါးဝတ်ခါးစားနဲ့ပဲ
ကားပေါ်ခုန်တက်လိုက်တယ်။
``ရှင်လူ လိုက်နဲ့...ရှင်လူလိုက်ခဲ့နဲ့´´
ဖွေးက အသံကုန်အော်တယ်။
``အေး ရှင်လူလိုက်မှဖြစ်မယ်၊ ဒါမှ
အောင်မင်းအကိုနဲ့တွေ့ရင် ရှင်လူက
သားရေကွင်းနဲ့ပစ်ရမှာ၊ရော့ သမီးက
သားရေကွင်းတကွင်းယူထား´´ဖွေးရန်သူ
အောင်မင်းအကိုနဲ့ခြောက်မှ ဖွေးစိတ်ပြောင်းသွားတယ်။ရှင်လူလှမ်းပေးတဲ့သားရေကွင်းကိုယူပြီး ``အောင်မင်းအကို ကိုသားရေကွင်းနဲ့ပစ်
ရမယ်ဆိုပီး စိတ်ပြောင်းသွားတယ်´´
ရှင်လူကလည်း ရုတ်တရက်ကားပေါ်တက်
လိုက်ရတာကသာဓုကံအလွမ်းပေါ်လာ
လို့ပဲ။ ရှင်လူ ၈ နှစ်သားလောက်က
မင်္ဂလာဒုံ အမှတ်(၁)လေ့ကျင့်ရေးတပ်မှာ
နေခဲ့ရတယ်။ ရှင်လူ့ဖခင်က တပ်ခွဲမှူးပေါ့။
ဖခင်က ရှင်လူ့ကို သူ့တပ်ခွဲနဲ့ တွဲဘက်လုပ်ထားသလားထင်ရတယ်။
သူ့တပ်ခွဲ စက်ပစ်ကွင်းဝင်ရင် လှော်ကားစက်ပစ်ကွင်းရှိရာ ကို ညအိပ်ညနေ ခေါ်သွားတတ်တယ်။
သားအဖနှစ်ယောက် ညဘက်လှော်ကားကန်ဘက်တောလည်
ရင်း လိပ်တကောင်ရဖူးတယ်။ တညနေ တောလိုက်ထွက်တာ ယုန်တကောင်ရဖူးတယ်။ တခါတခါ သူ့တပ်ခွဲ မိုင်ရှည်လျှောက်ရင် တပ်ရင်းရှိရာ ကျိုက္ကလဲ့ဘူတာကနေပြီးသာဓုကံဘုရားအထိ မီးရထားလမ်းအတိုင်းလျှောက်ရတယ်။
သာဓုကံဘုရားမှာ တပ်ခွဲနားပြီးမှ တပ်ရှိရာ
ပြန်လျှောက်ရတာ။ရှင်လူမှတ်မိသလောက်တော့ သာဓုကံ ဘုရားက ရှေးဘုရားပဲ။
အုပ်အုပ်ဆိုင်းဆိုင်းတောင်ကုန်းကြီးတခု
ပေါ်တည်ထားတာ။ရွာနဲ့တစပ်တည်းပဲ။
ခု အဲဒီ သာဓုကံ ဘုရားကို ဖွေးတို့မိသားစုနဲ့အတင်းကပ်လိုက်ပြီး
အဖေ့ကိုလည်းလွမ်းမိပါရဲ့။ ရိုက်လာတဲ့
ဓာတ်ပုံတွေကတော့ မနည်းမနောပဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကသာဓုကံ ဆိုတာ တံဆောင်းထဲက
ဘုရားပဲကျန်တော့မယ်ထင်ရဲ့။
story#observation#shinlhu
♥ ♥ ♥ ♥ ♥
♥ ဒီမနက် ရှင်လူကြီးလမ်းလျှောက်ရာက
အပြန် ဖွေးဖွေးသိမ့်တို့ အခန်းတံခါးတွန်း
ဖွင့်လိုက်တော့ ဖွင့်မရ။ အခါတိုင်းဆို
ဖွေးတို့သားအမိတွေ နေဖင်ထိုးအောင်
အိပ်နေကျ။ မသင်္ကာတာနဲ့ အထဲကိုခြောင်း
ကြည့်လိုက်တော့အိမ်ထဲမှာတယောက်မ
ှမရှိ။ ဒါနဲ့အိမ်ရှေ့လမ်းပေါ်ကြည့်လိုက်တော့
ဖွေးရဲ့ဦးငယ်ကားအိမ်ရှေ့မှာထိုးထားတာ
တွေ့လိုက်ရတယ်။ သတိရပြီ..ပြီးခဲ့တဲ့ရက်တွေက ဖွေးအမေ
မလှိုင်ပြောနေတာ၊အာဇာနည်နေ့ပိတ်ရက်ကျရင် သာဓုကံ ဘုရားသွားကြမယ်ဆိုတာ။
ကားနောက်ခန်းထဲကြည့်လိုက်တော့
ဖွေးတို့ မြေးအဖွား တူဝရီးတွေအကုန်လုံး
ကားပေါ်မှာ။ အမှန်တော့ ဒီနေ့ ရှင်လူကြီး
အိမ်မှာ အလုပ်လုပ်ဖို့ ရှိတယ်။ ကားစက်နှိုးသံကြားတော့ ခါးဝတ်ခါးစားနဲ့ပဲ
ကားပေါ်ခုန်တက်လိုက်တယ်။
``ရှင်လူ လိုက်နဲ့...ရှင်လူလိုက်ခဲ့နဲ့´´
ဖွေးက အသံကုန်အော်တယ်။
``အေး ရှင်လူလိုက်မှဖြစ်မယ်၊ ဒါမှ
အောင်မင်းအကိုနဲ့တွေ့ရင် ရှင်လူက
သားရေကွင်းနဲ့ပစ်ရမှာ၊ရော့ သမီးက
သားရေကွင်းတကွင်းယူထား´´ဖွေးရန်သူ
အောင်မင်းအကိုနဲ့ခြောက်မှ ဖွေးစိတ်ပြောင်းသွားတယ်။ရှင်လူလှမ်းပေးတဲ့သားရေကွင်းကိုယူပြီး ``အောင်မင်းအကို ကိုသားရေကွင်းနဲ့ပစ်
ရမယ်ဆိုပီး စိတ်ပြောင်းသွားတယ်´´
ရှင်လူကလည်း ရုတ်တရက်ကားပေါ်တက်
လိုက်ရတာကသာဓုကံအလွမ်းပေါ်လာ
လို့ပဲ။ ရှင်လူ ၈ နှစ်သားလောက်က
မင်္ဂလာဒုံ အမှတ်(၁)လေ့ကျင့်ရေးတပ်မှာ
နေခဲ့ရတယ်။ ရှင်လူ့ဖခင်က တပ်ခွဲမှူးပေါ့။
ဖခင်က ရှင်လူ့ကို သူ့တပ်ခွဲနဲ့ တွဲဘက်လုပ်ထားသလားထင်ရတယ်။
သူ့တပ်ခွဲ စက်ပစ်ကွင်းဝင်ရင် လှော်ကားစက်ပစ်ကွင်းရှိရာ ကို ညအိပ်ညနေ ခေါ်သွားတတ်တယ်။
သားအဖနှစ်ယောက် ညဘက်လှော်ကားကန်ဘက်တောလည်
ရင်း လိပ်တကောင်ရဖူးတယ်။ တညနေ တောလိုက်ထွက်တာ ယုန်တကောင်ရဖူးတယ်။ တခါတခါ သူ့တပ်ခွဲ မိုင်ရှည်လျှောက်ရင် တပ်ရင်းရှိရာ ကျိုက္ကလဲ့ဘူတာကနေပြီးသာဓုကံဘုရားအထိ မီးရထားလမ်းအတိုင်းလျှောက်ရတယ်။
သာဓုကံဘုရားမှာ တပ်ခွဲနားပြီးမှ တပ်ရှိရာ
ပြန်လျှောက်ရတာ။ရှင်လူမှတ်မိသလောက်တော့ သာဓုကံ ဘုရားက ရှေးဘုရားပဲ။
အုပ်အုပ်ဆိုင်းဆိုင်းတောင်ကုန်းကြီးတခု
ပေါ်တည်ထားတာ။ရွာနဲ့တစပ်တည်းပဲ။
ခု အဲဒီ သာဓုကံ ဘုရားကို ဖွေးတို့မိသားစုနဲ့အတင်းကပ်လိုက်ပြီး
အဖေ့ကိုလည်းလွမ်းမိပါရဲ့။ ရိုက်လာတဲ့
ဓာတ်ပုံတွေကတော့ မနည်းမနောပဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကသာဓုကံ ဆိုတာ တံဆောင်းထဲက
ဘုရားပဲကျန်တော့မယ်ထင်ရဲ့။
story#observation#shinlhu
Sunday, July 16, 2017
မြို့ပျက် ✏ ✏ ✏
မြို့ပျက်
✏ ✏ ✏
အဲဒီတုန်းက
ပျော်ရွှင်မှုကို
တိတ်တိတ်လေး ခိုးသုံးရတယ်...
အားလုံး မျက်ရည်ကျနေတဲ့အချိန်မှာ
ပျော်ရွှင်နေမိတာ
အကြီးဆုံး သစ္စာဖောက်မှုပဲ....
အခုကော
ဟောဒီဂြိုဟ်ကြီးတခုလုံးဟာ
အစိတ်အပိုင်း တခုတလေကလွဲလို့
အားလုံး မျက်ရည်နဲ့မျက်ခွက်....
ပျော်ရွှင်မှုဟာ လူသုံးနည်းပြီး
ဘယ်လို စပျော်ရမယ်ဆိုတာတောင်
ခတ်မေ့မေ့...
ညိုမြသွေး
11:19 AM
Mon,17 Jul 2017
poem#observation#shinlhu
✏ ✏ ✏
အဲဒီတုန်းက
ပျော်ရွှင်မှုကို
တိတ်တိတ်လေး ခိုးသုံးရတယ်...
အားလုံး မျက်ရည်ကျနေတဲ့အချိန်မှာ
ပျော်ရွှင်နေမိတာ
အကြီးဆုံး သစ္စာဖောက်မှုပဲ....
အခုကော
ဟောဒီဂြိုဟ်ကြီးတခုလုံးဟာ
အစိတ်အပိုင်း တခုတလေကလွဲလို့
အားလုံး မျက်ရည်နဲ့မျက်ခွက်....
ပျော်ရွှင်မှုဟာ လူသုံးနည်းပြီး
ဘယ်လို စပျော်ရမယ်ဆိုတာတောင်
ခတ်မေ့မေ့...
ညိုမြသွေး
11:19 AM
Mon,17 Jul 2017
poem#observation#shinlhu
Friday, July 14, 2017
ဓာတ်ကြိုး ♥ ♥ ♥
ဓာတ်ကြိုး
♥ ♥ ♥
ဓာတ်ကြိုးပေါ်ကငှက်ကလေးက
ထပျံသွားတယ်...
ငါလည်းထပျံဖို့ကြိုးစားတယ်...
၃၁ ဘုံက ထပျံဖို့ မလွယ်လှဘူး...
ညိုမြသွေး
7:36 AM
Sat,16 July 2016
poem#observation#shinlhu
♥ ♥ ♥
ဓာတ်ကြိုးပေါ်ကငှက်ကလေးက
ထပျံသွားတယ်...
ငါလည်းထပျံဖို့ကြိုးစားတယ်...
၃၁ ဘုံက ထပျံဖို့ မလွယ်လှဘူး...
ညိုမြသွေး
7:36 AM
Sat,16 July 2016
poem#observation#shinlhu
Thursday, July 13, 2017
သမိုင်းကြောင်(နှစ်ပေါင်း၃၀) ✏ ✏ ✏✏ ✏ ✏ ✏ ✏ ✏
သမိုင်းကြောင်
✏ ✏ ✏ ✏
၈ လေးလုံး နောက်ပိုင်းမွေး
ကလေးနှစ်ယောက်
တယောက်ကို ဒေါင်းကမွေးတယ်
နောက်တယောက်ကို ကြံ့ကမွေးတယ်
ဒေါင်းကလေးက ဒေါင်းတရားနဲ့ ကြီးလာတယ်
ကြံ့ကလေးက ကြံ့တရားနဲ့ အရွယ်ရောက်
fb မှာ အခိုက်ကြုံကြတော့
ဒေါင်းကလေးက ကြံ့ကလေးကို
ဖွတ်ဘောမလို့ခေါ်ပြီး
ကြံ့ကလေးက ဒေါင်းကလေးကို
ငှက်စုတ် မွေမွ ထမီခြုံ လို့ခေါ်တယ်
ရီရတယ်
မျက်မှောက်ပညာရေးက
ပြဋ္ဌာန်းစာအုပ်တွေ ကြောင်နေမှတော့
အမောင် တောင်မှန်းမြောက်မှန်းမသိတဲ့
ဘွဲ့ရ အလုပ်လက်မဲ့တွေ များနေတော့တာပါပဲ
ညိုမြသွေး
11:24 AM
Thu,13 Jul 2017
poem#observation#shinlhu
✏ ✏ ✏ ✏
၈ လေးလုံး နောက်ပိုင်းမွေး
ကလေးနှစ်ယောက်
တယောက်ကို ဒေါင်းကမွေးတယ်
နောက်တယောက်ကို ကြံ့ကမွေးတယ်
ဒေါင်းကလေးက ဒေါင်းတရားနဲ့ ကြီးလာတယ်
ကြံ့ကလေးက ကြံ့တရားနဲ့ အရွယ်ရောက်
fb မှာ အခိုက်ကြုံကြတော့
ဒေါင်းကလေးက ကြံ့ကလေးကို
ဖွတ်ဘောမလို့ခေါ်ပြီး
ကြံ့ကလေးက ဒေါင်းကလေးကို
ငှက်စုတ် မွေမွ ထမီခြုံ လို့ခေါ်တယ်
ရီရတယ်
မျက်မှောက်ပညာရေးက
ပြဋ္ဌာန်းစာအုပ်တွေ ကြောင်နေမှတော့
အမောင် တောင်မှန်းမြောက်မှန်းမသိတဲ့
ဘွဲ့ရ အလုပ်လက်မဲ့တွေ များနေတော့တာပါပဲ
ညိုမြသွေး
11:24 AM
Thu,13 Jul 2017
poem#observation#shinlhu
Wednesday, July 12, 2017
ဓလေ့ ♥ ♥ မိုးက တဖွဲဖွဲကနေ တသဲသဲ
ဓလေ့
♥ ♥
မိုးက
တဖွဲဖွဲကနေ
တသဲသဲ ရွာချလိုက်တော့လည်း
ငါ ပျော်နေတာပါပဲ
ဒီတောင်တန်း
ဒီပင်လယ်
ဒီ ရေမြေသယံဇာတနဲ့
ကြီးပြင်းလာတဲ့ ငါတို့
မိုးရွာရွာ
နေပူပူ
မွေပူပူ ကင်းမှောက်မှောက်
``ယာတောအလယ်မှာ
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
နင် ဆင်ခြင်ဦး...´´
ဇာတ်ငိုချင်း တပိုင်းတစနဲ့
ညိုမြသွေး
11:38 AM
Wed,12 Jul 2017
♥ ♥
မိုးက
တဖွဲဖွဲကနေ
တသဲသဲ ရွာချလိုက်တော့လည်း
ငါ ပျော်နေတာပါပဲ
ဒီတောင်တန်း
ဒီပင်လယ်
ဒီ ရေမြေသယံဇာတနဲ့
ကြီးပြင်းလာတဲ့ ငါတို့
မိုးရွာရွာ
နေပူပူ
မွေပူပူ ကင်းမှောက်မှောက်
``ယာတောအလယ်မှာ
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
နင် ဆင်ခြင်ဦး...´´
ဇာတ်ငိုချင်း တပိုင်းတစနဲ့
ညိုမြသွေး
11:38 AM
Wed,12 Jul 2017
poem#observation#shinlhu
Monday, July 10, 2017
တချို့ကို မိုက်ခရိုစကုပ်နဲ့စောင်းမြောင်းပုံကြီးချဲ.လိုက်တော့ ✏ ✏
တချို့ကို မိုက်ခရိုစကုပ်နဲ့စောင်းမြောင်းပုံကြီးချဲ.လိုက်တော့
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ပိုးလောက်လန်းကမှ
ခြင်ဖြစ်ပြီး ထပျံသေး
မင်းက..
ယောက်ယက်သာခပ်နေတယ်
လောကမှာ ခုထိ
အတောင်မပေါက်နိုင်..
ဒီတိုင်း ပဲ သေမယ့်ကောင်
ညိုမြသွေး
9:26 AM
Mon,10 Jul 2017
poem#observation#shinlhu
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ပိုးလောက်လန်းကမှ
ခြင်ဖြစ်ပြီး ထပျံသေး
မင်းက..
ယောက်ယက်သာခပ်နေတယ်
လောကမှာ ခုထိ
အတောင်မပေါက်နိုင်..
ဒီတိုင်း ပဲ သေမယ့်ကောင်
ညိုမြသွေး
9:26 AM
Mon,10 Jul 2017
poem#observation#shinlhu
Friday, July 7, 2017
အဝိဇ္ဇာရောဂါအထူးကြပ်မကုသဆောင် ♥ ♥ ♥
အဝိဇ္ဇာရောဂါအထူးကြပ်မကုသဆောင်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အာထရာဆောင်း ဓာတ်မှန်
ဆီး သွေး သလိပ်အဖြေ
ဘာမှ မလို
အလွမ်း ဘေလုံးကြီးက
ရင်တခုလုံး တင်းကြပ်လို့
နားကြပ်ထောက်စရာမလို
ဝေဒနာပစ္စယာ တဏှာ
တဏှာပစ္စယာ ဥပါဒါနံ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီး
ငါ့ရင်ထဲ တဒီးဒီးမြည်
ညိုမြသွေး
9:41 AM
Sat,8 Jul 2017
poem#observation#shinlhu
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အာထရာဆောင်း ဓာတ်မှန်
ဆီး သွေး သလိပ်အဖြေ
ဘာမှ မလို
အလွမ်း ဘေလုံးကြီးက
ရင်တခုလုံး တင်းကြပ်လို့
နားကြပ်ထောက်စရာမလို
ဝေဒနာပစ္စယာ တဏှာ
တဏှာပစ္စယာ ဥပါဒါနံ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီး
ငါ့ရင်ထဲ တဒီးဒီးမြည်
ညိုမြသွေး
9:41 AM
Sat,8 Jul 2017
poem#observation#shinlhu
အမြန်ရထား ✏ ✏ ✏
အမြန်ရထား
✏ ✏ ✏ ✏
လွန်လာပြီးရင်
နောက်ပြန်လှည့်မရတဲ့ ဘူတာတွေနဲ့
ငါ့ရထားဟာ တဖြည်းဖြည်းဝေး လာခဲ့
ညိုမြသွေး
8:17am
Sat,8 Jul 2017
poem#observation#shinlhu
✏ ✏ ✏ ✏
လွန်လာပြီးရင်
နောက်ပြန်လှည့်မရတဲ့ ဘူတာတွေနဲ့
ငါ့ရထားဟာ တဖြည်းဖြည်းဝေး လာခဲ့
ညိုမြသွေး
8:17am
Sat,8 Jul 2017
poem#observation#shinlhu
အကြွေး ➳ ➳ ➳
အကြွေး
➳ ➳ ➳
မောင်းတင်ပြီး
မပစ်လိုက်ရတဲ့ ကျည်ဆံတွေကြောင့်ပဲ
သေနတ် ဟာ
သောကတွေအဖတ်တင်ခဲ့....
ညိုမြသွေး
9:23 AM
Mon,22 May 2017
poem#observation#shinlhu
➳ ➳ ➳
မောင်းတင်ပြီး
မပစ်လိုက်ရတဲ့ ကျည်ဆံတွေကြောင့်ပဲ
သေနတ် ဟာ
သောကတွေအဖတ်တင်ခဲ့....
ညိုမြသွေး
9:23 AM
Mon,22 May 2017
poem#observation#shinlhu
Thursday, July 6, 2017
ရှင်သန်ဆဲနေ့များ ♥ ♥ ♥
ရှင်သန်ဆဲနေ့များ
♥ ♥ ♥ ♥ ♥ ♥
စီးကရက်မီးခိုးတိမ်တိုက်ထဲ
Air Bus တစီးလုံးနစ်မြုတ်
အဆုတ်တခြမ်းနဲ့ ကောင်းကင်က
အသက်ရှူလိုက်တိုင်းမောပေမယ့်
ဇောတွေက နေရာမလပ်ပျံသန်းလို့
ညိုမြသွေး
9:39pm
Mon,3 Jul 2017
poem#observation#shinlhu
♥ ♥ ♥ ♥ ♥ ♥
စီးကရက်မီးခိုးတိမ်တိုက်ထဲ
Air Bus တစီးလုံးနစ်မြုတ်
အဆုတ်တခြမ်းနဲ့ ကောင်းကင်က
အသက်ရှူလိုက်တိုင်းမောပေမယ့်
ဇောတွေက နေရာမလပ်ပျံသန်းလို့
ညိုမြသွေး
9:39pm
Mon,3 Jul 2017
poem#observation#shinlhu
Wednesday, July 5, 2017
အွန်လိုင်းဝေဒနာ ~~~~~~~~ တချို့ မျက်နှာတွေပေါ် မီတာဒိုင်ခွက်တွေ လည်နေတော့... ငါက
အွန်လိုင်းဝေဒနာ
~~~~~~~~
တချို့ မျက်နှာတွေပေါ်
မီတာဒိုင်ခွက်တွေ လည်နေတော့...
ငါက တယူနစ်ချင်း စောင့်းကြည့်နေရ၊
~~~~~~~~
တချို့ မျက်နှာတွေပေါ်
မီတာဒိုင်ခွက်တွေ လည်နေတော့...
ငါက တယူနစ်ချင်း စောင့်းကြည့်နေရ၊
ကြာတော့ စိတ်ကမရှည်ချင်
အား အားရှိ ချာဂျင် သွင်းသွင်းနေရ
ဘီလ်ချည်းပဲ ထပ်ထပ်ဖြည့်နေရ
power off ပြီး shutdown လုပ်ထားပြန်တော့လည်း
အလွမ်းသင့် မျက်နှာကလေးတွေက
တဖွဲဖွဲ စွေ နေပြန်
ဆက်သွယ်ရေး ကွန်ရက်ထဲမှာ
စုန်းပူး နတ်ပူး တစ္ဆေပူး တွေ
ဝင်မလာပါစေနဲ့ အရှင်ဘုရား။ ။
ညိုမြသွေး
1:16pm
Jul 6, 2015
poem#observation#shinlhu
နှစ်ဆိုတာနိမိတ်မကောင်း သုံးဖြစ်မှကောင်းမယ် ♥ ♥
နှစ်ဆိုတာနိမိတ်မကောင်း သုံးဖြစ်မှကောင်းမယ်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
``ဟယ်လို ၊အဘ နေကောင်းလား´´
``အေး ကောင်းတယ်´´
``ဘိုပီ မင်းဘယ်ကဆက်နေတာလဲ´´
``အိမ်က အဘ´´
``ဒီနေ့အဘ အိမ်မှာရှိမလား´´
``အေး ရှိမယ်၊ဘာလို့လဲ´´
``ကျနော်လာမလို့ ´´
``အေး လာခဲ့လေ၊ ဘယ်အချိန်လောက်
ရောက်မလဲ´´
``တနာရီဝန်းကျင်လောက်ရောက်မယ်အဘ´´
``အေး လာခဲ့ စောင့်နေမယ်´´
ဒီနေ့ မတွေ့တာကြာပြီဖြစ်တဲ့ ဘိုပီ့ဆီကဖုန်း
ဝင်လာတာပါ။သူနှလုံးခွဲစိတ်ပြီးဆေးရုံကဆင်းလာကတည်းက သူငှါးနေထိုင်ရာ သင်္ဃန်းကျွန်းဘဝမြင့်နားကလက်ဖက်ရည်ဆိုင်မှာတခါ၊ရှင်လူ့အခန်းမှာတခါနှစ်ခါပဲတွေ့ဖြစ်ခဲ့။ခုသူလာမယ်ဆိုတော့
လက်ဖက်ရည်ဆိုင်ထွက်မယ့်ဆဲဆဲ မထွက်သေးပဲ သူ့ကိုထိုင်စောင့်နေမိတယ်။
``အဘ နေမကောင်းဘူးလား...´´
တနာရီကျော်လောက်အခန်းထဲဝင်လာရင်း ဘိုပီ လှမ်းမေးတာကြောင့်
``ကောင်းပါတယ်ကွာ ´´သူ့ကိုပြန်ဖြေရင်း
လှဲနေတဲ့ဝါးပက်လက်ကုလားထိုင်ကထလိုက်ပါတယ်။
``ညောင်းလို့ ခဏလှဲနေတာပါ´´
``အဘအတွက် လွယ်အိတ် လာပေးတာ´´
``ဟေ ဘာအိတ်လဲ´´
``သခင်ဗဟိန်း နှစ်တရာပြည့်´´
အိတ်ကိုကြည့်လိုက်တော့ သခင်ဗဟိန်း
ပုံကြီးနဲ့။
``ငါမလွယ်ရဲပါဘူးကွာ´´
``ဘာလို့လဲ အဘ´´
``ဟ သခင်ဗဟိန်းဆိုတာ အလွန်တော်တဲ့
ပုဂ္ဂိုလ်ကွ၊ငါကငမြောက်ငခြောက်
ကောင်၊ ပီးတော့ ဒါကြီးလွယ်ပြီး ငါက
လူတွေကိုဖြဲခြောက်သလို ဖြစ်နေမယ်။
ကိုယ်တိုင် ခြောက်တုံးမကျပဲ သူများပုံနဲ့
လိုက်မခြောက်ချင်ပါဘူးကွာ။
``ဒါဆိုလဲပုံကိုတဖက်ထားပြီးလွယ်ပေါ့
့အဘရာ၊ ကျနော်လည်းအဘပြောမှ ကြားဖူးတာ´´
``အေး အဲလိုလွယ်လို့တော့ရတယ်´´
``ခု ငါတို့ တောင်ဥက္ကလာက သုမင်္ဂလာ
ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်
နှစ်ခုထားမယ်လို့ကြားနေတယ်။ဒေါက်တာ
စောနိုင်တို့လုပ်တာကတခု၊ ကိုကိုကြီးတို့
လုပ်တာကတခု၊မင်းစဉ်းစားကြည့်စမ်း
ဒါနိုင်ငံရေးလုပ်နေတာလား၊ဟိုတဖက်
တော့မသိဘူး၊တလောက ငါနဲ့လမ်း
လျှောက်ဖက်ကိုကြီးဦးမောင်မောင်(NLD
န့ဲ ဒီမိုကရေစီကိစ္စဆိုရင် နှစ်ပေါင်း ၂၀ကျော်အတွင်း နှစ်ခါပြန်မစဉ်းစားပဲ လှူဖို့တန်းဖို့လက်မနှေးသူ) က
``ဗိုလ်ချုပ်ကြေးရုပ်အစည်းအဝေး ဈေး
ဓမ္မာရုံမှာ ဖိတ်ထားတယ်၊ငါကောင်းကောင်း
နေမကောင်းလို့ နေ့လယ်လောက်မင်း
အဖော်လိုက်ပေးအုံး´´ဆိုတာနဲ့လိုက်သွားမိတယ်။ဓမ္မာရုံထဲရောက်လို့ကြည့်လိုက်
တော့ကိုယ့်သိဟောင်းကျွမ်းဟောင်းတွေ
ွချည်း။ဓမ္မာရုံလူကြီးကိုခင်မောင်စိုး(ရွှေညောင်ပင်ရွှေပန်းထိမ်ကတချိန်ကလမ်းလျှောက်ဖက်။ ဗိုလ်ချုပ်ကြေးရုပ်ကော်မီတီနာယက
ဦးလှရွှေကကွယ်လွန်သွားတဲ့ငါ့အမျိုးသမီးနဲ့ တချိန် တုန်းကNLD ထဲမှာတွဲဖော်တွဲဖက်
ရဲဘော်တွေ၊ကိုကိုကြီးလည်းမျက်မှန်းတန်းမိပြီးသား ၊ပြန်ုကြားရေးတာဝန်ယူထားတဲ့
ကိုသိန်းညွန့် ကငါနဲ့ နှစ်ပေါင်း၂၀ လောက်
တွဲလာတဲ့ မိတ်ဆွေ(ကျူရှင်ဆရာဟောင်း)
တချို့ လူနဲ့နာမည်တွဲမမှတ်မိပေမယ့် ကိုယ်
ကောင်းကောင်းသိခဲ့တဲ့မျက်နှာသိတွေလည်းအများကြီး။အဲဒီနေ့ကဗိုလ်ချုပ် ကြေးရုပ်ဒီဇိုင်းပုံကိုလက်ထောင်မဲပေးတဲ့နည်းနဲ့ရွေးခဲ့ကြတယ်။ကိုကိုကြီးကတော့ တခြားအစားထိုးဝင်လုပ်ပေးမယ့်လူမရှိလို့
ဥက္ကဋ္ဌလုပ်နေရတဲ့သဘောမျိုးပြောတယ်။
ကျန်တဲ့လူတွေလည်း ပူးပေါင်းပါဝင်ကြဖိုနဲ့
အကြံဥာဏ်ပးကြဖို့ ဖိတ်ခေါ်တယ်။ငါလည်း
တပျော်တပါးကြီး ဆိုတော့ စိတ်ထဲအတွေး
တခုပေါ်တယ်။ဒီလောက် IT နည်းပညာ
မြင့်နေတဲ့ခေတ်ထဲမှာ ဗိုလ်ချုပ်ကြေးရုပ်
ရှေ့အလေးပြုဖို့လူရောက်လာတာနဲ့တပြိုင်နက် ဗိုလ် ချုပ်က``ဒီအတိုင်းဆိုရင်တော့
ဖာသယ်လိုနိုင်ငံမျိုးဖြစ်သွားမယ်...´´ဆိုတဲ့
မိန့်ခွန်းသံကြီးထွက်လာအောင်လုပ်ဖို့
စိတ်ကူး ပေါ့´´
``ဒါပေမယ့် ပြန်ဆင်ခြင်ကြည့်လိုက်တော့
ဗိုလ်ချုပ်ကအရပ်ထဲလိုက်ပြီးအလှူခံရမယ့်ကိစ္စတွေးမိပြီးဗိုလ်ချုပ်ကြိုက်မယ်မထင်တာနဲ့ ရေငုံနှုတ်ပိတ်ပြီးပြန်လာခဲ့တာ၊ ခုလို
တမြို.နယ်ထဲဗိုလ်ချုပ်ကြေးရုပ်နှစ်ရုပ်
တောင်ဖြစ်မယ့်အတူတော့မထူးတော့ပါဘူး
သုံးရုပ်ဖြစ်သွားအောင် ငါ့စိတ်ကူးအတိုင်း
တရုပ်ထပ်လုပ်မယ်။ငါ့ဗိုလ်ချုပ်ကြေးရုပ်က
အားလုံးထက်သာစေရမယ်။သူ့ရှေ့ အလေးပြုဖို့ လူရပ်လိုက်တာနဲ့တပြိုင်နက်
``ဒီအတိုင်းဆိုရင်တော့ ဖာသယ်လိုနိုင်ငံကြီးဖြစ်သွားမယ် ဆိုတဲ့
မိန့်ခွန်းသံကြီးက ပဲ့တင်ထပ်ရင်း ဟိန်းထွက်နေရမယ်၊ဟားဟား တောင်
ဥက္ကလာသား ဗိုလ်ရှင်လူ ကွ´´
story#observation #shinlhu
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
``ဟယ်လို ၊အဘ နေကောင်းလား´´
``အေး ကောင်းတယ်´´
``ဘိုပီ မင်းဘယ်ကဆက်နေတာလဲ´´
``အိမ်က အဘ´´
``ဒီနေ့အဘ အိမ်မှာရှိမလား´´
``အေး ရှိမယ်၊ဘာလို့လဲ´´
``ကျနော်လာမလို့ ´´
``အေး လာခဲ့လေ၊ ဘယ်အချိန်လောက်
ရောက်မလဲ´´
``တနာရီဝန်းကျင်လောက်ရောက်မယ်အဘ´´
``အေး လာခဲ့ စောင့်နေမယ်´´
ဒီနေ့ မတွေ့တာကြာပြီဖြစ်တဲ့ ဘိုပီ့ဆီကဖုန်း
ဝင်လာတာပါ။သူနှလုံးခွဲစိတ်ပြီးဆေးရုံကဆင်းလာကတည်းက သူငှါးနေထိုင်ရာ သင်္ဃန်းကျွန်းဘဝမြင့်နားကလက်ဖက်ရည်ဆိုင်မှာတခါ၊ရှင်လူ့အခန်းမှာတခါနှစ်ခါပဲတွေ့ဖြစ်ခဲ့။ခုသူလာမယ်ဆိုတော့
လက်ဖက်ရည်ဆိုင်ထွက်မယ့်ဆဲဆဲ မထွက်သေးပဲ သူ့ကိုထိုင်စောင့်နေမိတယ်။
``အဘ နေမကောင်းဘူးလား...´´
တနာရီကျော်လောက်အခန်းထဲဝင်လာရင်း ဘိုပီ လှမ်းမေးတာကြောင့်
``ကောင်းပါတယ်ကွာ ´´သူ့ကိုပြန်ဖြေရင်း
လှဲနေတဲ့ဝါးပက်လက်ကုလားထိုင်ကထလိုက်ပါတယ်။
``ညောင်းလို့ ခဏလှဲနေတာပါ´´
``အဘအတွက် လွယ်အိတ် လာပေးတာ´´
``ဟေ ဘာအိတ်လဲ´´
``သခင်ဗဟိန်း နှစ်တရာပြည့်´´
အိတ်ကိုကြည့်လိုက်တော့ သခင်ဗဟိန်း
ပုံကြီးနဲ့။
``ငါမလွယ်ရဲပါဘူးကွာ´´
``ဘာလို့လဲ အဘ´´
``ဟ သခင်ဗဟိန်းဆိုတာ အလွန်တော်တဲ့
ပုဂ္ဂိုလ်ကွ၊ငါကငမြောက်ငခြောက်
ကောင်၊ ပီးတော့ ဒါကြီးလွယ်ပြီး ငါက
လူတွေကိုဖြဲခြောက်သလို ဖြစ်နေမယ်။
ကိုယ်တိုင် ခြောက်တုံးမကျပဲ သူများပုံနဲ့
လိုက်မခြောက်ချင်ပါဘူးကွာ။
``ဒါဆိုလဲပုံကိုတဖက်ထားပြီးလွယ်ပေါ့
့အဘရာ၊ ကျနော်လည်းအဘပြောမှ ကြားဖူးတာ´´
``အေး အဲလိုလွယ်လို့တော့ရတယ်´´
``ခု ငါတို့ တောင်ဥက္ကလာက သုမင်္ဂလာ
ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်
နှစ်ခုထားမယ်လို့ကြားနေတယ်။ဒေါက်တာ
စောနိုင်တို့လုပ်တာကတခု၊ ကိုကိုကြီးတို့
လုပ်တာကတခု၊မင်းစဉ်းစားကြည့်စမ်း
ဒါနိုင်ငံရေးလုပ်နေတာလား၊ဟိုတဖက်
တော့မသိဘူး၊တလောက ငါနဲ့လမ်း
လျှောက်ဖက်ကိုကြီးဦးမောင်မောင်(NLD
န့ဲ ဒီမိုကရေစီကိစ္စဆိုရင် နှစ်ပေါင်း ၂၀ကျော်အတွင်း နှစ်ခါပြန်မစဉ်းစားပဲ လှူဖို့တန်းဖို့လက်မနှေးသူ) က
``ဗိုလ်ချုပ်ကြေးရုပ်အစည်းအဝေး ဈေး
ဓမ္မာရုံမှာ ဖိတ်ထားတယ်၊ငါကောင်းကောင်း
နေမကောင်းလို့ နေ့လယ်လောက်မင်း
အဖော်လိုက်ပေးအုံး´´ဆိုတာနဲ့လိုက်သွားမိတယ်။ဓမ္မာရုံထဲရောက်လို့ကြည့်လိုက်
တော့ကိုယ့်သိဟောင်းကျွမ်းဟောင်းတွေ
ွချည်း။ဓမ္မာရုံလူကြီးကိုခင်မောင်စိုး(ရွှေညောင်ပင်ရွှေပန်းထိမ်ကတချိန်ကလမ်းလျှောက်ဖက်။ ဗိုလ်ချုပ်ကြေးရုပ်ကော်မီတီနာယက
ဦးလှရွှေကကွယ်လွန်သွားတဲ့ငါ့အမျိုးသမီးနဲ့ တချိန် တုန်းကNLD ထဲမှာတွဲဖော်တွဲဖက်
ရဲဘော်တွေ၊ကိုကိုကြီးလည်းမျက်မှန်းတန်းမိပြီးသား ၊ပြန်ုကြားရေးတာဝန်ယူထားတဲ့
ကိုသိန်းညွန့် ကငါနဲ့ နှစ်ပေါင်း၂၀ လောက်
တွဲလာတဲ့ မိတ်ဆွေ(ကျူရှင်ဆရာဟောင်း)
တချို့ လူနဲ့နာမည်တွဲမမှတ်မိပေမယ့် ကိုယ်
ကောင်းကောင်းသိခဲ့တဲ့မျက်နှာသိတွေလည်းအများကြီး။အဲဒီနေ့ကဗိုလ်ချုပ် ကြေးရုပ်ဒီဇိုင်းပုံကိုလက်ထောင်မဲပေးတဲ့နည်းနဲ့ရွေးခဲ့ကြတယ်။ကိုကိုကြီးကတော့ တခြားအစားထိုးဝင်လုပ်ပေးမယ့်လူမရှိလို့
ဥက္ကဋ္ဌလုပ်နေရတဲ့သဘောမျိုးပြောတယ်။
ကျန်တဲ့လူတွေလည်း ပူးပေါင်းပါဝင်ကြဖိုနဲ့
အကြံဥာဏ်ပးကြဖို့ ဖိတ်ခေါ်တယ်။ငါလည်း
တပျော်တပါးကြီး ဆိုတော့ စိတ်ထဲအတွေး
တခုပေါ်တယ်။ဒီလောက် IT နည်းပညာ
မြင့်နေတဲ့ခေတ်ထဲမှာ ဗိုလ်ချုပ်ကြေးရုပ်
ရှေ့အလေးပြုဖို့လူရောက်လာတာနဲ့တပြိုင်နက် ဗိုလ် ချုပ်က``ဒီအတိုင်းဆိုရင်တော့
ဖာသယ်လိုနိုင်ငံမျိုးဖြစ်သွားမယ်...´´ဆိုတဲ့
မိန့်ခွန်းသံကြီးထွက်လာအောင်လုပ်ဖို့
စိတ်ကူး ပေါ့´´
``ဒါပေမယ့် ပြန်ဆင်ခြင်ကြည့်လိုက်တော့
ဗိုလ်ချုပ်ကအရပ်ထဲလိုက်ပြီးအလှူခံရမယ့်ကိစ္စတွေးမိပြီးဗိုလ်ချုပ်ကြိုက်မယ်မထင်တာနဲ့ ရေငုံနှုတ်ပိတ်ပြီးပြန်လာခဲ့တာ၊ ခုလို
တမြို.နယ်ထဲဗိုလ်ချုပ်ကြေးရုပ်နှစ်ရုပ်
တောင်ဖြစ်မယ့်အတူတော့မထူးတော့ပါဘူး
သုံးရုပ်ဖြစ်သွားအောင် ငါ့စိတ်ကူးအတိုင်း
တရုပ်ထပ်လုပ်မယ်။ငါ့ဗိုလ်ချုပ်ကြေးရုပ်က
အားလုံးထက်သာစေရမယ်။သူ့ရှေ့ အလေးပြုဖို့ လူရပ်လိုက်တာနဲ့တပြိုင်နက်
``ဒီအတိုင်းဆိုရင်တော့ ဖာသယ်လိုနိုင်ငံကြီးဖြစ်သွားမယ် ဆိုတဲ့
မိန့်ခွန်းသံကြီးက ပဲ့တင်ထပ်ရင်း ဟိန်းထွက်နေရမယ်၊ဟားဟား တောင်
ဥက္ကလာသား ဗိုလ်ရှင်လူ ကွ´´
story#observation #shinlhu
Sunday, July 2, 2017
လွမ်းစရာမို့လွမ်းပါသည် ♥ ♥ ♥
လွမ်းစရာမို့လွမ်းပါသည်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဒီနေ့မနက်စောစော7:30 am လောက်မှာ ကြိုဖိတ်ထားတဲ ကိုကြီးဦးမောင်မောင်စိန်
ကဖုန်းထပ်ဆက်တာနဲ့ စာဂ ၂၂လမ်းကို
စက်ဘီးနဲ့ထွက်ခဲ့ပါတယ်။သူ့ဇနီးသည်
ကွယ်လွန်ခဲ့တာ ၁၂နှစ်ကျော်ခဲ့ပါပြီ။အဲဒါ
လွန်ခဲ့တဲ့ ၅ နှစ်ကစပြီး လစဉ် ၁ ရက်နေ့
ရောက်တိုင်း ဆွမ်းချက်ပြီး သံဃာတွေကို
လှူပါတယ်။ဒီနေ့တော့မုန့်ဟင်းခါးဆွမ်းကပ်လို့ ရှင်လူတို့ကိုလည်းဖိတ်ကျွေးတာပါ။
ရှင်လူတို့ Maze Walker Team ထဲမှာ ကိုကြီးဦးမောင်မောင်စိန်ကသားသမီးကံလည်းကောင်းပါတယ်။သူ့သားသမီးတွေကလည်းစီးပွားရေးတောင့်တောင့်တင်းတင်း
တွေပါ။သိတ်အချမ်းသာကြီးတွေမဟုတ်ပေမယ့်တင့်တောင့်တင့်တယ်နေနိုင်သူချည်းပါပဲ။ ရှင်လူကြီးကတော့ ဇနီးသည်ကွယ်လွန်
တာ ၈ နှစ်ကျော်ခဲ့ပေမယ့် တလပြည့်ဆွမ်း
နောက်ပိုင်းဘာမှမလုပ်နိုင်ခဲ့ပါ။ဇနီးသည်က
လည်း မသေခင်ကတည်းကခပ်တင်းတင်း
မှာခဲ့ပါတယ်။သူသေရင်သရဏဂုံတောင်မ
တင်နဲတဲ့။သူ့ကိုယ်သူအဲ့လောက်ယုံကြည်ခဲ့တဲ့မိန်းမ။ အင်းသေတာတောင် ရှင်လူ့ကို
သက်တောင့်သက်သာဖြစ်အောင်မှာတမ်း
ချွေခဲ့တဲ့မိန်းမ။တကယ်လွမ်းလောက်စရာ
ပါ။
story#observation#shinlhu
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဒီနေ့မနက်စောစော7:30 am လောက်မှာ ကြိုဖိတ်ထားတဲ ကိုကြီးဦးမောင်မောင်စိန်
ကဖုန်းထပ်ဆက်တာနဲ့ စာဂ ၂၂လမ်းကို
စက်ဘီးနဲ့ထွက်ခဲ့ပါတယ်။သူ့ဇနီးသည်
ကွယ်လွန်ခဲ့တာ ၁၂နှစ်ကျော်ခဲ့ပါပြီ။အဲဒါ
လွန်ခဲ့တဲ့ ၅ နှစ်ကစပြီး လစဉ် ၁ ရက်နေ့
ရောက်တိုင်း ဆွမ်းချက်ပြီး သံဃာတွေကို
လှူပါတယ်။ဒီနေ့တော့မုန့်ဟင်းခါးဆွမ်းကပ်လို့ ရှင်လူတို့ကိုလည်းဖိတ်ကျွေးတာပါ။
ရှင်လူတို့ Maze Walker Team ထဲမှာ ကိုကြီးဦးမောင်မောင်စိန်ကသားသမီးကံလည်းကောင်းပါတယ်။သူ့သားသမီးတွေကလည်းစီးပွားရေးတောင့်တောင့်တင်းတင်း
တွေပါ။သိတ်အချမ်းသာကြီးတွေမဟုတ်ပေမယ့်တင့်တောင့်တင့်တယ်နေနိုင်သူချည်းပါပဲ။ ရှင်လူကြီးကတော့ ဇနီးသည်ကွယ်လွန်
တာ ၈ နှစ်ကျော်ခဲ့ပေမယ့် တလပြည့်ဆွမ်း
နောက်ပိုင်းဘာမှမလုပ်နိုင်ခဲ့ပါ။ဇနီးသည်က
လည်း မသေခင်ကတည်းကခပ်တင်းတင်း
မှာခဲ့ပါတယ်။သူသေရင်သရဏဂုံတောင်မ
တင်နဲတဲ့။သူ့ကိုယ်သူအဲ့လောက်ယုံကြည်ခဲ့တဲ့မိန်းမ။ အင်းသေတာတောင် ရှင်လူ့ကို
သက်တောင့်သက်သာဖြစ်အောင်မှာတမ်း
ချွေခဲ့တဲ့မိန်းမ။တကယ်လွမ်းလောက်စရာ
ပါ။
story#observation#shinlhu
Subscribe to:
Posts (Atom)