Wednesday, July 5, 2017

နှစ်​ဆိုတာနိမိတ်​မ​ကောင်း သုံးဖြစ်​မှ​ကောင်းမယ်​ ♥ ♥

နှစ်​ဆိုတာနိမိတ်​မ​ကောင်း သုံးဖြစ်​မှ​ကောင်းမယ်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
``ဟယ်​လို ၊အဘ ​နေ​ကောင်းလား´´
``​အေး ​ကောင်းတယ်´´
``ဘိုပီ မင်းဘယ်​ကဆက်​​နေတာလဲ´´
``အိမ်​က အဘ´´
``ဒီ​နေ့အဘ အိမ်​မှာရှိမလား´´
``​အေး ရှိမယ်​၊ဘာလို့လဲ´´
``ကျ​နော်​လာမလို့ ´´
``​အေး လာခဲ့​လေ၊ ဘယ်​အချိန်​​လောက်
​ေ​ရာက္မလဲ´´​
``တနာရီဝန်းကျင်​​လောက်ေ​​ရာက်မယ်​အဘ´´
``အေး လာခဲ့​ ​စောင့်​​နေမယ်​´´
ဒီ​နေ့ မ​တွေ့တာကြာပြီဖြစ်​တဲ့ ဘိုပီ့ဆီကဖုန်း
ဝင်​လာတာပါ။သူနှလုံးခွဲစိတ်​ပြီး​ဆေးရုံကဆင်းလာကတည်းက သူငှါး​နေထိုင်​ရာ သင်္ဃန်းကျွန်းဘဝမြင့်​နားကလက်​ဖက်​ရည်​ဆိုင်​မှာတခါ၊ရှင်​လူ့အခန်းမှာတခါနှစ်​ခါပဲ​တွေ့ဖြစ်​ခဲ့။ခုသူလာမယ်​ဆို​တော့
လက်​ဖက်​ရည်​ဆိုင်​ထွက်​မယ့်​ဆဲဆဲ မထွက်​​သေးပဲ သူ့ကိုထိုင်​​စောင့်​​နေမိတယ်​။
``အဘ ​နေမ​ကောင်းဘူးလား...´´
တနာရီ​ကျော်​​​လောက်​အခန်းထဲဝင်​လာရင်း ဘိုပီ လှမ်း​မေးတာ​ကြောင့်
``​ကောင်းပါတယ်​ကွာ ´´သူ့ကိုပြန်​​ဖြေရင်း
လှဲ​​နေတဲ့ဝါးပက်​လက်​ကုလားထိုင်​ကထလိုက်​ပါတယ်​။
``​ညောင်းလို့ ခဏလှဲ​နေတာပါ´´
``အဘအတွက်​ လွယ်​အိတ်​ လာ​ပေးတာ´´
``​ဟေ ဘာအိတ်​လဲ´´
``သခင်​ဗဟိန်း နှစ်​တရာပြည့်​´´
အိတ်​ကိုကြည့်​လိုက်​​တော့ သခင်​ဗဟိန်း
ပုံကြီးနဲ့။
``ငါမလွယ်​ရဲပါဘူးကွာ´´
``ဘာလို့လဲ အဘ´´
``ဟ သခင်​ဗဟိန်းဆိုတာ အလွန်​​တော်​တဲ့
ပုဂ္ဂိုလ်​ကွ၊ငါကင​မြောက်​င​ခြောက်
ကော​င်​၊ ပီး​တော့ ဒါကြီးလွယ်​ပြီး ငါက
လူ​တွေကိုဖြဲ​ခြောက်​သလို ဖြစ်​​နေမယ်​။
ကိုယ်​တိုင်​ ​ခြောက်​တုံးမကျပဲ သူများပုံနဲ့
လိုက်​မ​ခြောက်​ချင်​ပါဘူးကွာ။
``ဒါဆိုလဲပုံကိုတဖက်​ထားပြီးလွယ်​​ပေါ့
့အဘရာ၊ ကျ​နော်​လည်းအဘ​ပြောမှ ကြားဖူးတာ´´
``​အေး အဲလိုလွယ်​လို့​တော့ရတယ်​´´
``ခု ငါတို့ ​တောင်​ဥက္ကလာက သုမင်္ဂလာ
ပန်းခြံမှာ ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်
နှစ်​ခုထားမယ်​လို့ကြား​နေတယ်​။ဒေါက်​တာ
စောနိုင်​တို့လုပ်​တာကတခု၊ ကိုကိုကြီးတို့
လုပ်​တာကတခု၊မင်းစဉ်းစားကြည့်​စမ်း
ဒါနိုင်​ငံ​ရေးလုပ်​​နေတာလား၊ဟိုတဖက်
တော့မသိဘူး၊တ​လောက ငါနဲ့လမ်း
လျှောက်​ဖက်​ကိုကြီးဦး​မောင်​​မောင်​(NLD
န့ဲ ဒီမိုက​ရေစီကိစ္စဆိုရင်​ နှစ်​​ပေါင်း ၂၀​ကျော်​အတွင်း​​ နှစ်​ခါပြန်​မစဉ်းစားပဲ လှူဖို့တန်းဖို့လက်​မ​နှေးသူ) က
``ဗိုလ်​ချုပ်​​ကြေးရုပ်​အစည်းအ​ဝေး ​ဈေး
ဓမ္မာရုံမှာ ဖိတ်​ထားတယ်​၊ငါ​ကောင်း​ကောင်း
နေမ​ကောင်းလို့ ​နေ့လယ်​​လောက်​မင်း
အ​ဖော်​လိုက်​​ပေးအုံး´´ဆိုတာနဲ့လိုက်​သွားမိတယ်။ဓမ္မာရုံထဲ​ရောက်​လို့ကြည့်​လိုက်
တော့ကိုယ့်​သိ​ဟောင်းကျွမ်း​ဟောင်း​တွေ
ွချည်း။ဓမ္မာရုံလူကြီးကိုခင်​​မောင်​စိုး(​ရွှေ​ညောင်​ပင်​​ရွှေပန်းထိမ်​ကတချိန်​ကလမ်း​လျှောက်​ဖက်။ ​ဗိုလ်​ချုပ်​​ကြေးရုပ်​​ကော်​မီတီနာယက
ဦးလှ​ရွှေကကွယ်​လွန်​သွားတဲ့ငါ့အမျိုးသမီးနဲ့ တချိန်​ တုန်းကNLD ထဲမှာတွဲ​ဖော်​တွဲဖက်
ရဲ​ဘော်​​တွေ၊ကိုကိုကြီးလည်းမျက်​မှန်းတန်းမိပြီးသား ၊ပြန်ုကြား​ရေးတာဝန်​ယူထားတဲ့
ကိုသိန်းညွန့်​ ကငါနဲ့ နှစ်​​ပေါင်း၂၀ ​လောက်
တွဲလာတဲ့ မိတ်​​ဆွေ(ကျူရှင်​ဆရာ​ဟောင်း)
တချို့ လူနဲ့နာမည်​တွဲမမှတ်​မိ​ပေမယ့်​ ကိုယ်
ကောင်း​ကောင်းသိခဲ့တဲ့မျက်​နှာသိ​တွေလည်းအများကြီး။အဲဒီ​နေ့ကဗိုလ်​ချုပ်​ ​ကြေးရုပ်​ဒီဇိုင်းပုံကိုလက်​​ထောင်​မဲ​ပေးတဲ့နည်းနဲ့​ရွေးခဲ့ကြတယ်​။ကိုကိုကြီးက​တော့ တခြားအစားထိုးဝင်​လုပ်​​ပေးမယ့်​လူမရှိလို့
ဥက္ကဋ္ဌလုပ်​​နေရတဲ့သ​ဘောမျိုး​ပြောတယ်​။
ကျန်​တဲ့လူ​တွေလည်း ပူး​ပေါင်းပါဝင်​ကြဖိုနဲ့
အကြံဥာဏ်​ပးကြဖို့ ​ဖိတ်​​ခေါ်တယ်​။ငါလည်း
တ​ပျော်​တပါးကြီး ဆို​တော့ စိတ်​ထဲအ​တွေး
တခု​ပေါ်တယ်​။ဒီ​လောက်​ IT နည်းပညာ
မြင့်​​နေတဲ့​ခေတ်​ထဲမှာ ဗိုလ်​ချုပ်​​ကြေးရုပ်
ရှေ့အ​လေးပြုဖို့လူ​ရောက်​လာတာနဲ့တပြိုင်​နက် ဗိုလ်​ ချုပ်​က``ဒီအတိုင်းဆိုရင်​​တော့
ဖာသယ်​လိုနိုင်​ငံမျိုးဖြစ်​သွားမယ်​...´´ဆိုတဲ့
မိန့်​ခွန်းသံကြီးထွက်​လာ​အောင်​လုပ်​ဖို့
စိတ်​ကူး ​ပေါ့´´
``ဒါ​ပေမယ့်​ ပြန်​ဆင်​ခြင်​ကြည့်​လိုက်​​တော့
ဗိုလ်​ချုပ်​ကအရပ်​ထဲလိုက်​ပြီးအလှူခံရမယ့်​ကိစ္စ​တွေးမိပြီးဗိုလ်​ချုပ်​ကြိုက်​မယ်မထင်တာနဲ့ ​​​ရေငုံနှုတ်​​ပိတ်ပြီး​​ပြန်လာခဲ့တာ၊ ခုလို
တမြို.နယ်​ထဲဗိုလ်​ချုပ်​​ကြေးရုပ်နှစ်​ရုပ်
တောင်​ဖြစ်​မယ့်​အတူ​တော့မထူး​တော့ပါဘူး
သုံးရုပ်​ဖြစ်​သွား​အောင်​ ငါ့စိတ်​ကူးအတိုင်း
တရုပ်​ထပ်​လုပ်​မယ်​။ငါ့ဗိုလ်​ချုပ်​​ကြေးရုပ်​က
အားလုံးထက်​သာ​စေရမယ်​။သူ့​ရှေ့ အ​လေးပြုဖို့ လူရပ်​လိုက်​တာနဲ့တပြိုင်​နက်
``ဒီအတိုင်းဆိုရင်​​တော့ ဖာသယ်​လိုနိုင်​ငံကြီးဖြစ်​သွားမယ်​ ဆိုတဲ့
မိန့်​ခွန်းသံကြီးက ပဲ့တင်​ထပ်​ရင်း ဟိန်းထွက်​​နေရမယ်​၊ဟားဟား ​တောင်
ဥက္ကလာသား ဗိုလ်​ရှင်​လူ ကွ´´
story#observation #shinlhu

No comments:

Post a Comment