Monday, July 31, 2017

အက်​ရှင်​ ➳ ➳ ➳ ဆိုင်​ကယ်​​တွေ

အက်​ရှင်
➳ ➳ ➳
ဆိုင်​ကယ်​​တွေ ကား​တွေ
ထရပ်​ကားကြီး​တွေပရမ်းပတာ
ပဲရစ်​လို လန်​ဒန်​လို မြို့ကြီး​တွေရဲ့
အလယ်​​ကောင်​မှာ
စက်​​သေနတ်​​တွေ ​လောင်​ချာ​တွေ
ဗြောင်းဆန်​​အောင်​ပစ်​ခတ်​ 
၁၈၈၇ က တပုလင်းထဲကျန်​​တော့တဲ့
နှစ်​ချို့ဝိုင်​နဲ့
နှုတ်​ခမ်းပါးပါး ​မဒီ​လေးနဲ့
ဗင်းနစ်​မှာ ဒင်​နာစားပြီး
ဒန်​..တန်​တန်​...ဒန်
ဘာ အက်​ရှင်​မှ မရှိ​တော့တဲ့
ဟောဒီ ​ခေါင်းဖြူ ငနဲကြီးက
အက်​ရှင်​ကားကြည့်​ပြီး 
လက်​ဖက်​ရည်​တခွက်​ စီးကရက်​တလိပ်​နဲ့
ညိုမြ​သွေး
8:09 am
Mon,31 Jul 2017
poem#observation#shinlhu

No comments:

Post a Comment