သာဓုကံအလွမ်း
♥ ♥ ♥ ♥ ♥
♥ ဒီမနက် ရှင်လူကြီးလမ်းလျှောက်ရာက
အပြန် ဖွေးဖွေးသိမ့်တို့ အခန်းတံခါးတွန်း
ဖွင့်လိုက်တော့ ဖွင့်မရ။ အခါတိုင်းဆို
ဖွေးတို့သားအမိတွေ နေဖင်ထိုးအောင်
အိပ်နေကျ။ မသင်္ကာတာနဲ့ အထဲကိုခြောင်း
ကြည့်လိုက်တော့အိမ်ထဲမှာတယောက်မ
ှမရှိ။ ဒါနဲ့အိမ်ရှေ့လမ်းပေါ်ကြည့်လိုက်တော့
ဖွေးရဲ့ဦးငယ်ကားအိမ်ရှေ့မှာထိုးထားတာ
တွေ့လိုက်ရတယ်။ သတိရပြီ..ပြီးခဲ့တဲ့ရက်တွေက ဖွေးအမေ
မလှိုင်ပြောနေတာ၊အာဇာနည်နေ့ပိတ်ရက်ကျရင် သာဓုကံ ဘုရားသွားကြမယ်ဆိုတာ။
ကားနောက်ခန်းထဲကြည့်လိုက်တော့
ဖွေးတို့ မြေးအဖွား တူဝရီးတွေအကုန်လုံး
ကားပေါ်မှာ။ အမှန်တော့ ဒီနေ့ ရှင်လူကြီး
အိမ်မှာ အလုပ်လုပ်ဖို့ ရှိတယ်။ ကားစက်နှိုးသံကြားတော့ ခါးဝတ်ခါးစားနဲ့ပဲ
ကားပေါ်ခုန်တက်လိုက်တယ်။
``ရှင်လူ လိုက်နဲ့...ရှင်လူလိုက်ခဲ့နဲ့´´
ဖွေးက အသံကုန်အော်တယ်။
``အေး ရှင်လူလိုက်မှဖြစ်မယ်၊ ဒါမှ
အောင်မင်းအကိုနဲ့တွေ့ရင် ရှင်လူက
သားရေကွင်းနဲ့ပစ်ရမှာ၊ရော့ သမီးက
သားရေကွင်းတကွင်းယူထား´´ဖွေးရန်သူ
အောင်မင်းအကိုနဲ့ခြောက်မှ ဖွေးစိတ်ပြောင်းသွားတယ်။ရှင်လူလှမ်းပေးတဲ့သားရေကွင်းကိုယူပြီး ``အောင်မင်းအကို ကိုသားရေကွင်းနဲ့ပစ်
ရမယ်ဆိုပီး စိတ်ပြောင်းသွားတယ်´´
ရှင်လူကလည်း ရုတ်တရက်ကားပေါ်တက်
လိုက်ရတာကသာဓုကံအလွမ်းပေါ်လာ
လို့ပဲ။ ရှင်လူ ၈ နှစ်သားလောက်က
မင်္ဂလာဒုံ အမှတ်(၁)လေ့ကျင့်ရေးတပ်မှာ
နေခဲ့ရတယ်။ ရှင်လူ့ဖခင်က တပ်ခွဲမှူးပေါ့။
ဖခင်က ရှင်လူ့ကို သူ့တပ်ခွဲနဲ့ တွဲဘက်လုပ်ထားသလားထင်ရတယ်။
သူ့တပ်ခွဲ စက်ပစ်ကွင်းဝင်ရင် လှော်ကားစက်ပစ်ကွင်းရှိရာ ကို ညအိပ်ညနေ ခေါ်သွားတတ်တယ်။
သားအဖနှစ်ယောက် ညဘက်လှော်ကားကန်ဘက်တောလည်
ရင်း လိပ်တကောင်ရဖူးတယ်။ တညနေ တောလိုက်ထွက်တာ ယုန်တကောင်ရဖူးတယ်။ တခါတခါ သူ့တပ်ခွဲ မိုင်ရှည်လျှောက်ရင် တပ်ရင်းရှိရာ ကျိုက္ကလဲ့ဘူတာကနေပြီးသာဓုကံဘုရားအထိ မီးရထားလမ်းအတိုင်းလျှောက်ရတယ်။
သာဓုကံဘုရားမှာ တပ်ခွဲနားပြီးမှ တပ်ရှိရာ
ပြန်လျှောက်ရတာ။ရှင်လူမှတ်မိသလောက်တော့ သာဓုကံ ဘုရားက ရှေးဘုရားပဲ။
အုပ်အုပ်ဆိုင်းဆိုင်းတောင်ကုန်းကြီးတခု
ပေါ်တည်ထားတာ။ရွာနဲ့တစပ်တည်းပဲ။
ခု အဲဒီ သာဓုကံ ဘုရားကို ဖွေးတို့မိသားစုနဲ့အတင်းကပ်လိုက်ပြီး
အဖေ့ကိုလည်းလွမ်းမိပါရဲ့။ ရိုက်လာတဲ့
ဓာတ်ပုံတွေကတော့ မနည်းမနောပဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကသာဓုကံ ဆိုတာ တံဆောင်းထဲက
ဘုရားပဲကျန်တော့မယ်ထင်ရဲ့။
story#observation#shinlhu
No comments:
Post a Comment