ကျမ်းကိုး
♥ ♥ ♥
မောင်တို့ မယ်တို့ကျောင်းခန်းဝင်
အပြုံးပန်းကိုဆင်
မင်္ဂလာပါဆရာမ
ညီညီညာညာ ဖင်လှန်ပြ....
ဖွေးဖွေးသိမ့်က ရှင်လူအလုပ်လုပ်တဲ့နား
လာပြီး မူလတန်းဖတ်စာကို ဆိုရင်း ရှင်လူ့ကို ကျောခိုင်းကာ ဖင်လေးကို ကောက်ပြပြီး ထွက်ပြေးလေတော့
ရှင်လူလည်း ကျောကုတ်တဲ့ တုတ်တန်
လေးကောက်ကာ ဖွေးနောက်လိုက်ရပေါ့။
ဖွေးက သူ့အပြစ်နဲ့သူ နီးစပ်ရာ အခန်းထဲ ဝင်ပြေး။ ဒီလိုနဲ့ သူ့အခန်းမှာ ပက်ပင်းတိုးတော့ ``ကဲ ...လာခဲ့ ..လှန်စမ်း
အဲ့ဖင် ၊တုတ်နဲ့ကိုရိုက်အုံးမယ်၊ အဲ့ ဖင်လှန်ပြက ဘယ်စာအုပ်ထဲပါလို့လဲ´´
ဆိုတော့ ။သူ့ သင်ပုန်းကြီးစာအုပ်ယူလာပြီး
လှန်လှော ရှာဖွေကာ ``တီမာ ..ပါတယ်´´
ဆိုပြီး အကိုးအကား ပြလေပြီ။ဖွေးက သူ့ထက်ကြီးတဲ့ ကစားဖော် ကျားပေါက်တို့
ဖိုးလဝန်းတို့နဲ့တွဲပြီး တတ်မြောက်ထားတဲ့
ပညာတွေက ဘွဲ့လွန်နေပြီ။
ဟီဟိ ..ရှင်လူငယ်ငယ်က မြန်မာစာဆရာမအပျိုကြီး ဒေါ်လှမြင့်ကို
``မင်္ဂလာဆောင်ပါ ဆရာမ ´´လို့အများထဲ
ရောယောင်နှုတ်ခွန်းဆက်တော့ နားစွန်နားဖျားကြားသွားတဲ့ ဆရာမ မျက်မှောင်ကုပ်သွားတာသတိရမိပေါ့...
story#observation #shinlhu
Friday, September 29, 2017
Sunday, September 24, 2017
လပြည့်ညလေးတည ♥ ♥ ♥
လပြည့်ညလေးတည
♥ ♥ ♥ ♥ ♥ ♥ ♥
လရောင်ဆမ်း
လရောင်ဆမ်း
သဲဖြူခင်းပြန့် ရွာလယ်လမ်း
လှည်းတန်းတချို့ ဖြတ်ချိန်မှာ
ခြူလုံးမြည်သံသာ
တခါတခါ ဆိုင်ကယ်များ
ဝေါဝေါ တီတီကြား
သူငယ်ချင်း တို့ လာကြဟေ
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
ဟဲ့ ကလေးတွေ ပြန်ဝင်ကြ
ရွာလမ်းပေါ်မှာ မဆော့ရ
ဆိုင်ကယ်တွေက ရမ်းသမှ
အရီးလေးရဲ့ အော်ငေါက်သံ
ရွာရိုးတလျှောက် ညံ
နှုတ်ခမ်းစူကြ ခြေဆောင့်ကြ
ရွာလမ်းပေါ်မှာ မဆော့ရ
ငါတို့ရွာက လပြည့်ည
ဖိုးဝေလ
8:33 pm
Wed,20 Sep 2017
poem#observation #shinlhu
♥ ♥ ♥ ♥ ♥ ♥ ♥
လရောင်ဆမ်း
လရောင်ဆမ်း
သဲဖြူခင်းပြန့် ရွာလယ်လမ်း
လှည်းတန်းတချို့ ဖြတ်ချိန်မှာ
ခြူလုံးမြည်သံသာ
တခါတခါ ဆိုင်ကယ်များ
ဝေါဝေါ တီတီကြား
သူငယ်ချင်း တို့ လာကြဟေ
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
ဟဲ့ ကလေးတွေ ပြန်ဝင်ကြ
ရွာလမ်းပေါ်မှာ မဆော့ရ
ဆိုင်ကယ်တွေက ရမ်းသမှ
အရီးလေးရဲ့ အော်ငေါက်သံ
ရွာရိုးတလျှောက် ညံ
နှုတ်ခမ်းစူကြ ခြေဆောင့်ကြ
ရွာလမ်းပေါ်မှာ မဆော့ရ
ငါတို့ရွာက လပြည့်ည
ဖိုးဝေလ
8:33 pm
Wed,20 Sep 2017
poem#observation #shinlhu
သဘာဝ ❀ ❀ ❀
သဘာဝ
❀ ❀ ❀
ချောင်းရိုးစပ်က ရွှံ့ နန်းတော်
ကဏန်းမင်းကြီးပျော်
ရံရွေတော် ဖော်တသင်း
ငါးပျံမတို့ ကပွဲခင်း
ကင်းလှည့်လာတဲ့ ကိုရေမြွေ
သူ့တာဝန်သူကြေ
သူတို့အခြေ သူတို့ဘဝ
နေ့စဉ်ပုံမှန် လုပ်ဆောင်ရ
အဲဒါ သဘာဝ ။ ။
ဖိုးဝေလ
ပန်းဝတ်ရည်ကလေးဂျာနယ်
(၁၉၉၀ ခု ဝန်းကျင်)
poem#observation #shinlhu
❀ ❀ ❀
ချောင်းရိုးစပ်က ရွှံ့ နန်းတော်
ကဏန်းမင်းကြီးပျော်
ရံရွေတော် ဖော်တသင်း
ငါးပျံမတို့ ကပွဲခင်း
ကင်းလှည့်လာတဲ့ ကိုရေမြွေ
သူ့တာဝန်သူကြေ
သူတို့အခြေ သူတို့ဘဝ
နေ့စဉ်ပုံမှန် လုပ်ဆောင်ရ
အဲဒါ သဘာဝ ။ ။
ဖိုးဝေလ
ပန်းဝတ်ရည်ကလေးဂျာနယ်
(၁၉၉၀ ခု ဝန်းကျင်)
poem#observation #shinlhu
ဒီမနက် လူသားအားလုံးအပေါ် ရှင်လူ့အချစ်နဲ့လာယှဉ်ရင်
ဒီမနက် လူသားအားလုံးအပေါ် ရှင်လူ့အချစ်နဲ့လာယှဉ်ရင် အားလုံးငပလီတွေချည်းပဲ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မနက် ၈ နာရီလောက်အလုပ်ကပြန်လာရင်း
စိတ်ထဲ ပေါ်လာတဲ့အတိုင်း မနေ့က မိုးထဲ
လေထဲဖုန်းဆက်ခဲ့တဲ့ ဆိုက္ကားဂိတ်တဲလေး
ရှေ့ရောက်တော့ စက်ဘီးထိုးရပ်လိုက်ပြီး
ခုံတန်းလေးမှာ ဝင်ထိုင်လိုက်တယ်။
ဟိုနားဒီနား မျက်စိကစားပြီး မနေ့ညနေက
ကျကျန်ခဲ့တဲ့ ရှင်လူ့ ညက်မန်လေးများ ပြန်တွေ့လေမလားပေါ့။အေးဆေးထိုင်ရင်း
ညာဘက် အပေါ်မော့ကြည့်လိုက်တော့
ဟော...တွေ့ပါပြီ ရှင်လူ့ညက်မန်လေး..
တန်းမှာချိတ်လို့။ဒီလိုနဲ့ ညက်မန်လေးနဲ့ ဂိတ်တဲလေးကို ဓာတ်ပုံရိုက်ပြီး ကဗျာဆရာ လကျာ်ဝင်းတို့ အလှူအိမ်ရှိရာဘက် စက်ဘီးလေးကိုနင်းလာခဲ့တယ်။
ရှင်လူ့ ညက်မန်လေးကိုကောက်ပြီး
ဆိုက္ကားဂိတ်တဲအမိုးမှာ ချိတ်ထားခဲ့သူဟာ
ဖြူသလား မဲသလား၊ ဘာလူမျိုး ဘာ ဘာသာဆိုတာ မသိရပေမယ့် လူသားတယောက်ဖြစ်တာတော့ သေချာတယ်လေ။ အာ့ကြောင့် လူသား
တွေဟာချစ်စရာကောင်းပါတယ်..လို့။
ကိုယ်ချင်းစာနာတတ်တဲ့ အပြုစိတ်ဟာ
လူသားရဲ့ အရည်အသွေးတမျိုးပဲမဟုတ်လား....
story#observation#shinlhu
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မနက် ၈ နာရီလောက်အလုပ်ကပြန်လာရင်း
စိတ်ထဲ ပေါ်လာတဲ့အတိုင်း မနေ့က မိုးထဲ
လေထဲဖုန်းဆက်ခဲ့တဲ့ ဆိုက္ကားဂိတ်တဲလေး
ရှေ့ရောက်တော့ စက်ဘီးထိုးရပ်လိုက်ပြီး
ခုံတန်းလေးမှာ ဝင်ထိုင်လိုက်တယ်။
ဟိုနားဒီနား မျက်စိကစားပြီး မနေ့ညနေက
ကျကျန်ခဲ့တဲ့ ရှင်လူ့ ညက်မန်လေးများ ပြန်တွေ့လေမလားပေါ့။အေးဆေးထိုင်ရင်း
ညာဘက် အပေါ်မော့ကြည့်လိုက်တော့
ဟော...တွေ့ပါပြီ ရှင်လူ့ညက်မန်လေး..
တန်းမှာချိတ်လို့။ဒီလိုနဲ့ ညက်မန်လေးနဲ့ ဂိတ်တဲလေးကို ဓာတ်ပုံရိုက်ပြီး ကဗျာဆရာ လကျာ်ဝင်းတို့ အလှူအိမ်ရှိရာဘက် စက်ဘီးလေးကိုနင်းလာခဲ့တယ်။
ရှင်လူ့ ညက်မန်လေးကိုကောက်ပြီး
ဆိုက္ကားဂိတ်တဲအမိုးမှာ ချိတ်ထားခဲ့သူဟာ
ဖြူသလား မဲသလား၊ ဘာလူမျိုး ဘာ ဘာသာဆိုတာ မသိရပေမယ့် လူသားတယောက်ဖြစ်တာတော့ သေချာတယ်လေ။ အာ့ကြောင့် လူသား
တွေဟာချစ်စရာကောင်းပါတယ်..လို့။
ကိုယ်ချင်းစာနာတတ်တဲ့ အပြုစိတ်ဟာ
လူသားရဲ့ အရည်အသွေးတမျိုးပဲမဟုတ်လား....
story#observation#shinlhu
အလွမ်း
ဒီနေ့ ရှင်လူ့အလွမ်းကလွဲရင် အားလုံးငပလီတွေချည်းပဲ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဘယ်သူတွေ ဘယ်လောက်လွမ်းလွမ်း
ဂရုမစိုက်အားဘူး...
ဒီညနေ အလုပ်ဆင်းဖို့လာရင်း ဘေလီတံတားအဆင်းမှာ တိမ်မည်းညိုကိုလူဆိုး ဒုက္ခပေးလို့. နီးစပ်ရာ
ဆိုက္ကားဂိတ်တဲလေးရှေ့မှာ စက်ဘီးရပ်ပြီး
မိုးဝင်ခိုနေတုန်း ဖုန်းမြည်တာနဲ့ ခါးပတ်အီပ်ထဲကဖုန်းထုတ်ပြီးနားထောင်
တော့ ညီတော်လက်ျာဝင်းက မနက်ဖြန်မနက် သူ့အိမ် အလှူလှမ်းဖိတ်၊
အိုကေ...မနက်ဘရိတ်ဖတ်စ် ဇယားရှိသွားပြီ။
အလုပ်ထဲရောက်လို့ ရေစိုအဝတ်တွေ
လဲပြီး ဖုန်းကလေးကောက်ပွတ်မယ်ကြံကာမှ
အလွမ်းက ရင်ထဲမှာ ငလျင်လှုပ်သလို ယောက်ယက်ခတ် သွားတယ်။
ရှင်လူ့ ညက်မန်လေး မတွေ့တော့။
ရှိသမျှ အိတ်တွေ မွှေနှောက်ခါချလည်း
ထွက်မလာ။သွားပြီ...အိမ်မှာကျန်ရင်ကျန်၊
မကျန်လို့ကတော့ ဖုန်းဆက်တဲ့ ဆိုက္ကားဂိတ်တဲမှာ ထွက်ကျခဲ့ပြီ။
တသောင်းကျော်တောင်ပေးပြီးလုပ်ထားရတာ။ ဒီအချိန် ကိုယ့်ရှေ့လာပြီးလွမ်းပြတဲ့လူတွေ့လို့က
တော့ မလွယ်ဘူးမှတ်။သူတကာလွမ်းတယ်ဆိုတာ
ရှင်လူ အိပ်မက်မက်နေသလောက်ပဲရှိမယ်။
story#observation#shinlhu
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဘယ်သူတွေ ဘယ်လောက်လွမ်းလွမ်း
ဂရုမစိုက်အားဘူး...
ဒီညနေ အလုပ်ဆင်းဖို့လာရင်း ဘေလီတံတားအဆင်းမှာ တိမ်မည်းညိုကိုလူဆိုး ဒုက္ခပေးလို့. နီးစပ်ရာ
ဆိုက္ကားဂိတ်တဲလေးရှေ့မှာ စက်ဘီးရပ်ပြီး
မိုးဝင်ခိုနေတုန်း ဖုန်းမြည်တာနဲ့ ခါးပတ်အီပ်ထဲကဖုန်းထုတ်ပြီးနားထောင်
တော့ ညီတော်လက်ျာဝင်းက မနက်ဖြန်မနက် သူ့အိမ် အလှူလှမ်းဖိတ်၊
အိုကေ...မနက်ဘရိတ်ဖတ်စ် ဇယားရှိသွားပြီ။
အလုပ်ထဲရောက်လို့ ရေစိုအဝတ်တွေ
လဲပြီး ဖုန်းကလေးကောက်ပွတ်မယ်ကြံကာမှ
အလွမ်းက ရင်ထဲမှာ ငလျင်လှုပ်သလို ယောက်ယက်ခတ် သွားတယ်။
ရှင်လူ့ ညက်မန်လေး မတွေ့တော့။
ရှိသမျှ အိတ်တွေ မွှေနှောက်ခါချလည်း
ထွက်မလာ။သွားပြီ...အိမ်မှာကျန်ရင်ကျန်၊
မကျန်လို့ကတော့ ဖုန်းဆက်တဲ့ ဆိုက္ကားဂိတ်တဲမှာ ထွက်ကျခဲ့ပြီ။
တသောင်းကျော်တောင်ပေးပြီးလုပ်ထားရတာ။ ဒီအချိန် ကိုယ့်ရှေ့လာပြီးလွမ်းပြတဲ့လူတွေ့လို့က
တော့ မလွယ်ဘူးမှတ်။သူတကာလွမ်းတယ်ဆိုတာ
ရှင်လူ အိပ်မက်မက်နေသလောက်ပဲရှိမယ်။
story#observation#shinlhu
Sunday, September 17, 2017
ဒီနေ့ စနေတဲ့လား ~~~~~~~~~~ ဗီယက်နမ်ကမ်းလွန် အပူပိုင်းမုန်တိုင်းက ငါတို့ဥက္ကလာ
ဒီနေ့ စနေတဲ့လား
~~~~~~~~~~
ဗီယက်နမ်ကမ်းလွန် အပူပိုင်းမုန်တိုင်းက
ငါတို့ဥက္ကလာ ကို မိုးတဖွဲဖွဲစွေတယ်
တူ..တူ..တူ..
အဲဒီ ဖုန်းထဲက တူ..တူ..ဥသြသံက
ငါ့ အထီးကျန်မှုကို သက်သေပြုလို့
အပူပိုင်းမုန်တိုင်းက
ရင်ထဲထိအောင် ဝင်ခဲ့ပြီလား
ဘာ သတင်းတွေ
ဘာ သီချင်းတွေမှ
စိတ်နဲ့ကိုယ်နဲ့ မကပ်ချင်တော့
ဝီစကီ တပုလင်းတော့
မရှိမဖြစ် ပြေးဝယ်ရတော့မယ်
ညိုမြသွေး
10:35 am
Sat,16 Sep 2017
poem#observation #shinlhu
~~~~~~~~~~
ဗီယက်နမ်ကမ်းလွန် အပူပိုင်းမုန်တိုင်းက
ငါတို့ဥက္ကလာ ကို မိုးတဖွဲဖွဲစွေတယ်
တူ..တူ..တူ..
အဲဒီ ဖုန်းထဲက တူ..တူ..ဥသြသံက
ငါ့ အထီးကျန်မှုကို သက်သေပြုလို့
အပူပိုင်းမုန်တိုင်းက
ရင်ထဲထိအောင် ဝင်ခဲ့ပြီလား
ဘာ သတင်းတွေ
ဘာ သီချင်းတွေမှ
စိတ်နဲ့ကိုယ်နဲ့ မကပ်ချင်တော့
ဝီစကီ တပုလင်းတော့
မရှိမဖြစ် ပြေးဝယ်ရတော့မယ်
ညိုမြသွေး
10:35 am
Sat,16 Sep 2017
poem#observation #shinlhu
Tuesday, September 5, 2017
မျက်နှာမပါတဲ့ တမီးလေးဒေ ✏ ✏
မျက်နှာမပါတဲ့ တမီးလေးဒေ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
♥ ရှင်လူကြီး ပြီးခဲ့တဲ့တနင်္ဂနွေညက ဂိုဒေါင်မှာတယောက်ထဲ တာဝန်ကျတော့ ညဘက်ပျင်းလာတာနဲ့ ဖွေးဖွေးသိမ့်ကို ဖုန်းလှမ်းဆက်မိတယ်။ပထမတခါဆက်
တော့ သူ့တီတီလေး မခိုင်က``ဖွေးဖွေး
အီးပါနေတယ် ဦးလေး´´တဲ့။ ဒါနဲ့ အတန်
ကြာတခါပြန်ဆက်တော့
``အပေါ်ထပ်ရောက်နေတယ်ဦးလေး´´တဲ့။ဖွေးကိုဖုန်းဆက်ရတာလည်းမလွယ်လှဘူး။VIP ဖုန်း
ကျနေတာပဲ။ တတိယတခါ ပြန်ဆက်မှရတယ်။
ရပြန်တော့လည်း ပြောပုံက
ကြည့်ပါအုံး ``ရှင်ယူရေ အဲ့မှာ တရဲမနဲ့
တူတူ အိပ်´´တဲ့။ နဂိုရ်ကမှ တယောက်ထဲ
အကြောက်ပြေမလားလို့သူ့ဆီဖုန်းဆက်ကာမှ ပိုဆိုး။ ကဲပါလေ မထူးတော့ပါဘူး
``မနက်ကျ သမီးကိုပြဖို့တရဲမပုံတွေရိုက်လာခဲ့မယ်´´
လို့ပဲအကြောင်းပြန်လိုက်တယ်။ အင်း..ဖွေးကတော့ ရှင်လူပြောရင်
ယုံမှာပါပဲ။မျက်နှာမပါတဲ့ ဝေမာနိကပြိတ္တာ
တရဲမတွေ။တကယ်မယုံမရှိနဲ့။သူတို့
ပရိုမိုးရှင်းပွဲ ပြီးတဲ့အခါ ရှင်လူနဲ့ပဲ ဂိုဒေါင်
ပြန်အိပ်ကြတာ..
story#observation#shinlhu
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
♥ ရှင်လူကြီး ပြီးခဲ့တဲ့တနင်္ဂနွေညက ဂိုဒေါင်မှာတယောက်ထဲ တာဝန်ကျတော့ ညဘက်ပျင်းလာတာနဲ့ ဖွေးဖွေးသိမ့်ကို ဖုန်းလှမ်းဆက်မိတယ်။ပထမတခါဆက်
တော့ သူ့တီတီလေး မခိုင်က``ဖွေးဖွေး
အီးပါနေတယ် ဦးလေး´´တဲ့။ ဒါနဲ့ အတန်
ကြာတခါပြန်ဆက်တော့
``အပေါ်ထပ်ရောက်နေတယ်ဦးလေး´´တဲ့။ဖွေးကိုဖုန်းဆက်ရတာလည်းမလွယ်လှဘူး။VIP ဖုန်း
ကျနေတာပဲ။ တတိယတခါ ပြန်ဆက်မှရတယ်။
ရပြန်တော့လည်း ပြောပုံက
ကြည့်ပါအုံး ``ရှင်ယူရေ အဲ့မှာ တရဲမနဲ့
တူတူ အိပ်´´တဲ့။ နဂိုရ်ကမှ တယောက်ထဲ
အကြောက်ပြေမလားလို့သူ့ဆီဖုန်းဆက်ကာမှ ပိုဆိုး။ ကဲပါလေ မထူးတော့ပါဘူး
``မနက်ကျ သမီးကိုပြဖို့တရဲမပုံတွေရိုက်လာခဲ့မယ်´´
လို့ပဲအကြောင်းပြန်လိုက်တယ်။ အင်း..ဖွေးကတော့ ရှင်လူပြောရင်
ယုံမှာပါပဲ။မျက်နှာမပါတဲ့ ဝေမာနိကပြိတ္တာ
တရဲမတွေ။တကယ်မယုံမရှိနဲ့။သူတို့
ပရိုမိုးရှင်းပွဲ ပြီးတဲ့အခါ ရှင်လူနဲ့ပဲ ဂိုဒေါင်
ပြန်အိပ်ကြတာ..
story#observation#shinlhu
Saturday, September 2, 2017
ဆက်သွယ်ရေးဧရိယာ၏ပြင်းပသို့ရောက် ~~~~~~~~~~~~~~~~~~~ ရှိနေပါသဖြင့် ~~~~~~ အမှန်ယောင်ဆောင်ထားတဲ့လောကနဲ့ ငါနဲ့က နံရံပါးပါးလေးတချပ်ခြားထားတယ် အခက်အခဲက အဲဒီဘက်ကို ငါ
ဆက်သွယ်ရေးဧရိယာ၏ပြင်းပသို့ရောက်
~~~~~~~~~~~~~~~~~~~
ရှိနေပါသဖြင့်
~~~~~~
အမှန်ယောင်ဆောင်ထားတဲ့လောကနဲ့
ငါနဲ့က နံရံပါးပါးလေးတချပ်ခြားထားတယ်
အခက်အခဲက အဲဒီဘက်ကို
ငါ ကူးမသွားနိုင်တာပဲ။ ။
~~~~~~~~~~~~~~~~~~~
ရှိနေပါသဖြင့်
~~~~~~
အမှန်ယောင်ဆောင်ထားတဲ့လောကနဲ့
ငါနဲ့က နံရံပါးပါးလေးတချပ်ခြားထားတယ်
အခက်အခဲက အဲဒီဘက်ကို
ငါ ကူးမသွားနိုင်တာပဲ။ ။
ညိုမြသွေး
Thu 3 Sep 2015
poem#observation #shinlhu
ရှင်လူတို့ရဲ့ ကမ္ဘာ ♥ ♥
ရှင်လူတို့ရဲ့ ကမ္ဘာ
♥ ♥ ♥ ♥ ♥
ဒီနေ့ စနေ နားရက်။
လက်ဆောင်ရထားတဲ့သင်ဖြူးဖျာချောလေးနဲ့ အိပ်မယ်။
လူတယောက်အတွက် အိပ်စက်အနားယူဖို့ နေရာကောင်းလေးတခုဆိုတာတကယ်
ရောလိုအပ်လို့လား။စိတ်ထဲရှိတဲ့အတိုင်း
ပြောရရင်တော့မွေ့လျော်ခြင်းမရှိတော့တဲ့
ဲ့နှလုံးသားအတွက်လဲလျောင်းနားနေစရာ
ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတခု သာ
အမှန်တကယ် လိုအပ်နေတာမဟုတ်လား..
♥ ♥ ♥ ♥ ♥
ဒီနေ့ စနေ နားရက်။
လက်ဆောင်ရထားတဲ့သင်ဖြူးဖျာချောလေးနဲ့ အိပ်မယ်။
လူတယောက်အတွက် အိပ်စက်အနားယူဖို့ နေရာကောင်းလေးတခုဆိုတာတကယ်
ရောလိုအပ်လို့လား။စိတ်ထဲရှိတဲ့အတိုင်း
ပြောရရင်တော့မွေ့လျော်ခြင်းမရှိတော့တဲ့
ဲ့နှလုံးသားအတွက်လဲလျောင်းနားနေစရာ
ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတခု သာ
အမှန်တကယ် လိုအပ်နေတာမဟုတ်လား..
ဒုက္ခသစ္စာ ~~~~~ တချို့ကမေးတယ် ဒုက္ခရောက်မှာ မကြောက်ဘူးလား တဲ့ ဟုတ်လား
ဒုက္ခသစ္စာ
~~~~~
တချို့ကမေးတယ်
ဒုက္ခရောက်မှာ မကြောက်ဘူးလား တဲ့
ဟုတ်လား
ဒုက္ခဆိုတာ ကြောက်စရာလား
ဒုက္ခက ရောက်ပြီးသားလေ။ ။
~~~~~
တချို့ကမေးတယ်
ဒုက္ခရောက်မှာ မကြောက်ဘူးလား တဲ့
ဟုတ်လား
ဒုက္ခဆိုတာ ကြောက်စရာလား
ဒုက္ခက ရောက်ပြီးသားလေ။ ။
ညိုမြသွေး
Wed 2 Sep 2015
poem#observation#shinlhu
Subscribe to:
Posts (Atom)