Sunday, September 24, 2017

ဒီမနက်​ လူသားအားလုံးအ​ပေါ် ရှင်​လူ့အချစ်​နဲ့လာယှဉ်​ရင်

ဒီမနက်​ လူသားအားလုံးအ​ပေါ် ရှင်​လူ့အချစ်​နဲ့လာယှဉ်​ရင်​ အားလုံးငပလီ​တွေချည်းပဲ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မနက်​ ၈ နာရီ​လောက်​အလုပ်​ကပြန်​လာရင်း
စိတ်​ထဲ ​ပေါ်လာတဲ့အတိုင်း မ​နေ့က မိုးထဲ
လေထဲဖုန်းဆက်​ခဲ့တဲ့ ဆိုက္ကားဂိတ်​တဲ​လေး
ရှေ့​ရောက်​​တော့ စက်​ဘီးထိုးရပ်​လိုက်​ပြီး
ခုံတန်းလေးမှာ ဝင်​ထိုင်​လိုက်​တယ်​။
ဟိုနားဒီနား မျက်​စိကစားပြီး မ​နေ့ည​နေက
ကျကျန်​ခဲ့တဲ့ ရှင်​လူ့ ညက်​မန်​​လေးများ ပြန်​​တွေ့​လေမလား​ပေါ့။အေး​ဆေးထိုင်​ရင်း
ညာဘက်​ အ​ပေါ်​မော့ကြည့်​လိုက်​​တော့
ဟော...​တွေ့ပါပြီ ရှင်​လူ့ညက်​မန်​​လေး..
တန်းမှာချိတ်​လို့။ဒီလိုနဲ့ ညက်​မန်​​လေးနဲ့ ဂိတ်​တဲ​လေးကို ဓာတ်​ပုံရိုက်​ပြီး ကဗျာဆရာ လကျာ်​ဝင်းတို့ အလှူအိမ်​ရှိရာဘက်​ စက်​ဘီး​လေးကိုနင်းလာခဲ့တယ်​။
ရှင်​လူ့ ညက်​မန်​​လေးကို​ကောက်​ပြီး
ဆိုက္ကားဂိတ်​တဲအမိုးမှာ ချိတ်​ထားခဲ့သူဟာ
ဖြူသလား မဲသလား၊ ဘာလူမျိုး ဘာ ဘာသာဆိုတာ မသိရ​ပေမယ့်​ လူသားတ​ယောက်​ဖြစ်​တာ​တော့ ​သေချာတယ်​​လေ။ အာ့​ကြောင့်​ လူသား
တွေဟာချစ်​စရာ​ကောင်းပါတယ်​..လို့။
ကိုယ်​ချင်းစာနာတတ်​တဲ့ အပြုစိတ်​ဟာ
လူသားရဲ့ အရည်​အ​သွေးတမျိုးပဲမဟုတ်​လား....
story#observation#shinlhu

No comments:

Post a Comment