Sunday, September 24, 2017

လပြည့်​ည​လေးတည ♥ ♥ ♥

လပြည့်​ည​လေးတည
♥ ♥ ♥ ♥ ♥ ♥ ♥
လ​ရောင်​ဆမ်း
လ​ရောင်​ဆမ်း
သဲဖြူခင်းပြန့်​ ရွာလယ်​လမ်း
လှည်းတန်းတချို့ ဖြတ်​ချိန်​မှာ
ခြူလုံးမြည်​သံသာ
တခါတခါ ဆိုင်​ကယ်​များ
ဝေါ​ဝေါ တီတီကြား
သူငယ်​ချင်း တို့ လာကြ​ဟေ
ဝိုင်းကြီးပတ်​ပတ်​ ဒူ​ဝေ​ဝေ
ဟဲ့ က​လေး​တွေ ပြန်​ဝင်​ကြ
ရွာလမ်း​ပေါ်မှာ မ​ဆော့ရ
ဆိုင်​ကယ်​​တွေက ရမ်းသမှ
အရီး​လေးရဲ့ ​အော်​​ငေါက်​သံ
ရွာရိုးတ​လျှောက်​ ညံ
နှုတ်​ခမ်းစူကြ ​ခြေ​ဆောင့်​ကြ
ရွာလမ်း​ပေါ်မှာ မ​ဆော့ရ
ငါတို့ရွာက လပြည့်​ည
ဖိုး​ဝေလ
8:33 pm
Wed,20 Sep 2017
poem#observation #shinlhu

No comments:

Post a Comment