ဒီနေ့ ရှင်လူ့အလွမ်းကလွဲရင် အားလုံးငပလီတွေချည်းပဲ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဘယ်သူတွေ ဘယ်လောက်လွမ်းလွမ်း
ဂရုမစိုက်အားဘူး...
ဒီညနေ အလုပ်ဆင်းဖို့လာရင်း ဘေလီတံတားအဆင်းမှာ တိမ်မည်းညိုကိုလူဆိုး ဒုက္ခပေးလို့. နီးစပ်ရာ
ဆိုက္ကားဂိတ်တဲလေးရှေ့မှာ စက်ဘီးရပ်ပြီး
မိုးဝင်ခိုနေတုန်း ဖုန်းမြည်တာနဲ့ ခါးပတ်အီပ်ထဲကဖုန်းထုတ်ပြီးနားထောင်
တော့ ညီတော်လက်ျာဝင်းက မနက်ဖြန်မနက် သူ့အိမ် အလှူလှမ်းဖိတ်၊
အိုကေ...မနက်ဘရိတ်ဖတ်စ် ဇယားရှိသွားပြီ။
အလုပ်ထဲရောက်လို့ ရေစိုအဝတ်တွေ
လဲပြီး ဖုန်းကလေးကောက်ပွတ်မယ်ကြံကာမှ
အလွမ်းက ရင်ထဲမှာ ငလျင်လှုပ်သလို ယောက်ယက်ခတ် သွားတယ်။
ရှင်လူ့ ညက်မန်လေး မတွေ့တော့။
ရှိသမျှ အိတ်တွေ မွှေနှောက်ခါချလည်း
ထွက်မလာ။သွားပြီ...အိမ်မှာကျန်ရင်ကျန်၊
မကျန်လို့ကတော့ ဖုန်းဆက်တဲ့ ဆိုက္ကားဂိတ်တဲမှာ ထွက်ကျခဲ့ပြီ။
တသောင်းကျော်တောင်ပေးပြီးလုပ်ထားရတာ။ ဒီအချိန် ကိုယ့်ရှေ့လာပြီးလွမ်းပြတဲ့လူတွေ့လို့က
တော့ မလွယ်ဘူးမှတ်။သူတကာလွမ်းတယ်ဆိုတာ
ရှင်လူ အိပ်မက်မက်နေသလောက်ပဲရှိမယ်။
story#observation#shinlhu
No comments:
Post a Comment