Saturday, December 30, 2017

နှုတ်​ခွန်းဆက်​ ♥ ❀ ♡

နှုတ်​ခွန်းဆက်
♥ ❀ ♡ ♥ ❀
ရှင်​လူဒီလမ်းထဲ​ရောက်​စ(လွန်​ခဲ့တဲ့နှစ်​​ပေါင်း
၃၀​ကျော်​)ကသူ့ဆီမှာဧည့်​စာရင်းတိုင်​ခဲ့ရတယ်​။
၈ ​လေးလုံးကာလ ရှင်​လူ့အခန်းမှာ ထင်​ရှားတဲ့ ဗကသ ​ကျောင်းသား​ခေါင်း​ဆောင်​ ဝရမ်း​ပြေးများ
ဖြစ်​တဲ့ သူရိန်​ ​၊ရွှေဘုန်းလူ(တာရာမင်း​ဝေ)၊
အောင်​ဒင်၊​ ဝင်းနိုင်​ဦး(RFA)နှင်းခါးမိုးစတဲ့သူ​တွေ
ဝင်​ကြ ထွက်​ကြ ခိုလှုံကြ လုပ်​ခဲ့ကြ​ပေမယ့်
လမ်းလူကြီးလုပ်​​နေတဲ့ ဦးသန်းထွန်း​ကြောင့်
ရှင်​လူ အန္တရာယ်​မဖြစ်​ခဲ့။သာ​ကေတက
ကဗျာဆရာ လှသန်းနဲ့ ပန်းချီဆရာ ​မောင်​နိုးတို့ ညီအကို နှစ်​​ယောက်​ ရှင်​လူ့
လိုပဲ ဗကသ က ​နေနွယ်​ကို အိမ်​မှာ လက္ခံ
ထားကြတဲ့အတွက်​​ထောင်​နန်းစံခဲ့ကြရတယ်​။ ဦးသန်းထွန်းက သူကိုယ်​တိုင်​လည်း
ထရန်​စစ္စတာ ​ရေဒီယို​လေးတလုံးနဲ့ ဒီမိုက​ရေစီ နိုင်​ငံ​ရေးသတင်း​တွေကို နှစ်​​ပေါင်းများစွာ ဝင်​စားခဲ့သူဖြစ်​တယ်​။
လေဖြတ်​ထားလို့ ​ဆေးဝါးကုသ​နေခဲ့တာ
ခု​တော့သူ အပြီးတိုင်​ အနားယူသွားခဲ့ပြီ။
ရှင်​လူ့ ​နောင်​​တော်​ကြီး ဦးသန်းထွန်း
ငြိမ်းချမ်းစွာ အနားယူနှင့်​ပါ​တော့
R I P ပါ ​နောင်​​တော်​ကြီး...
story#observation #shinlhu

Monday, December 25, 2017

တူရဲ့သားနဲ့ မတူတဲ့ပညတ်​နှစ်​ခု ❀ ❀

တူရဲ့သားနဲ့ မတူတဲ့ပညတ်​နှစ်​ခု
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ဒီည​နေ ၄နာရီခွဲမှာ ရှင်​လူကြီး ပုံမှန်​အတိုင်း
စီး​တော်​မြင်းက​လေးနဲ့အလုပ်​ဆင်းဖို့ထွက်​လာခဲ့တယ်​။
ဘေလီတံတားကို​ကျော်​လာပြီ့း​သွားမယ့်​လမ်း​ကြောင်းကိုစဉ်းစားလိုက်​​တော့ ခုတ​လောမဖြတ်​တာကြာပြီဖြစ်​တဲ့ ​မြောက်​ဒဂုံ ၃၃ ရပ်​ကွက်​ စိန်​ပန်းမြိုင်​လမ်း
ထဲကဝင်​ဖို့ဆုံးဖြတ်​လိုက်​တယ်​။
အရင်​သွားဖူး​နေကျအတိုင်းလမ်းကြိုလမ်း
ကြား​တွေဖြတ်​​ကျော်​လာရင်း လုပ်​ငန်းကိစ္စကစိတ်​ထဲဝင်​လာတယ်​။ဒီ
Bella မှာ ရှင်​လူကြီး ၃ လစာချုပ်​နဲ့ အလုပ်​ဝင်​ခဲ့တာ ပြီးခဲ့တဲ့ နိုဝင်္ဘာ ၉ ရက်​မှာ
၃ လပြည့်​ခဲ့ပြီ။၃ လပြည့်​ချိန်​မှာ ရှင်​လူကြီးလိုပဲ ၃လ စာချုပ်​နဲ့ဝင်​လုပ်​​နေတဲ့
အောင်​နိုင်​ဝင်းလည်းရှိ​နေတယ်​။အဲဒါ ဂို​ဒေါင်​ မန်​​နေဂျာ​တွေက ဒီ ၃ လသမား​တွေ
ဆက်​ခန့်​ဖို့ စာတင်​​တော့ အထက်​က လိုရမယ်​ရတ​ယောက်​ပဲဆက်​ထားဖို့ခွင့်​ပြုတယ်​ ဒီ​တော့ တ​ယောက်​ဖြုတ်​ရမယ်​။
ပဋ္ဌမ​တော့ရှင်​လူကြီးထွက်​​ပေးလိုက်​ဖို့စဉ်းစားလိုက်​တယ်။ဟို​ကောင်​​လေး​အောင်​နိုင်
ဝင်းက ​ကျန်းမာ​ရေးမ​ကောင်းဖြစ်​​နေတဲ့
အညာကသူ့အ​မေဆီလတိုင်း​ငွေပို့​နေရတာ။
ဒါ​ပေမယ့်​ မန်​​နေဂျာ​တွေက ဘယ်​သူ့မှမဖြုတ်​​တော့ပဲ ရှင်​လူနဲ့ ​အောင်​နိုင်
ဝင်းကိုတညဆင်းတညနားလခတ​ယောက်​တဝက်စီခွဲယူကြဖို့စီစဉ်​​ပေးတယ်​။လကုန်​ရင်
၇၅၀၀၀ကျပ်​ပဲရမယ်​​ပေါ့။အင်းရှင်​လူကြီးလည်း လုပ်​ငန်းသံ​ယောဇဉ်​ကဖြစ်​​နေ​တော့
အသာ​လေး​မှေးပြီး ဆက်​လုပ်​​နေလိုက်
တယ်။ ဒီ​လိုနဲ့ တလပြည့်​ခါနီးမှာ ​အောင်​လှိုင်​ဝင်းတ​ယောက်​ကျိုင်းတုံလမ်းကဆီစက်​မှာအလုပ်​ရသွားပြီတဲ့။ ဒါဆို ရှင်​လူကြီး စီး​တော်​မြင်းက​လေးနဲ့ ​နေ့တိုင်း
အလုပ်​ဆင်းရ​တော့မယ်​။အ​တွေး​ကောင်း​ကောင်းနဲ့ ​၆၄ နှစ်​ပြည့်​​မွေး​နေ့တုန်းက ​ခွေးလိုက်​ဆွဲခံခဲ့ရ
တဲ့မြခင်းသာ ​လမ်း​လေးထဲ​ကွေ့ဝင်​လာခဲ့တယ်။ လမ်းထိပ်ကတည်းကသတိ​တော့ထားရတယ်​။ခပ်​လှမ်းလှမ်းမှာ​​ခေါ​င်း​တုံးဆံပင်​နဲ့လူကြီးတ​ယောက်​စက်​ဘီးနဲ့
ထွက်​လာတာ​တွေ့ရတယ်​။အို​ကေ လမ်း​ပေါ်မှာ အားလုံးရှင်းပါတယ်​ခင်​ဗျား
ပေါ့။ဒီလိုနဲ့ စက်​ဘီးသမားနဲ့ ​ဘေးချင်းယှဉ်
အဖြတ်​မှာ ရှင်​လူကြီးမြင်းဇက်​ကြိုးကို
တအားဆွဲချလိုက်​တာမြင်းကပဒပ်​ရပ်​မတတ်​ပါပဲ...ကျွီ..ဝီ..ဝီ..ဆိုတဲ့အသံကြီးပါ
မြည်​သွားတယ်​။
ကိုစိုးနိုင်​။ပန်းချီစိုးနိုင်​။နာမည်​ကြီး​ခေတ်​ပြိုင်
ပန်းချီဆရာ။သူကလည်းစက်​ဘီးက​လေးရပ်​ပြီး ပြုံးတုံ့တုံ့နဲ့``အလုပ်​သွားမလို့လား´´တဲ့။
``ဟုတ်​တယ်​..​တောင်​ဒဂုံစက်​မှုဇုံ ထိသွားရမှာ၊ခင်​ဗျား​ရောဘာလာလုပ်​တာ
လဲ´´။``ဒီနားခဏလာတာ´´တဲ့။သူ့စက်​ဘီး
ခြင်းထဲမှာတရား​ခွေ​တွေအများကြီး​တွေ့တာမို့ ``ဘာလဲ တရား​ခွေ​တွေပါလား၊ တရား​တော့မလွန်​​စေနဲ့​နော်​´´ဆို​တော့
သူကရီ​နေတယ်​။``ကဲ.ကဲ သွားအုံးမယ်​ဗျာ
တရားလွန်​သွားရင်​လည်း ဘက်​ပြန်​ဆုတ်
ရတယ်​ဗျ၊ ​လောကကြီးကမလွယ်​ဘူး´´လို့
သူ့ကို​ပြောရင်း ယိုးဒယားဘုန်းကြီး​ကျောင်း
ရှိရာဘက်​မြင်းကိုအ​သော့နှင်​လာခဲ့တယ်​။
ရှင်​လူ့စိတ်​ထဲကိုစိုးနိုင် အ​​ကြောင်းကတဝဲ
လည်​လည်​ပါလာခဲ့တယ်​။ဒီလူကြီးက
နာမပညတ်​အရ​ပြောရရင်​​တော့ နည်းနည်း
နော​နောမဟုတ်​ ။ဒီ​နေ့ ​ခေတ်​ပြိုင်ပန်းချီ
Contemporary art မှာ သူ့လက်​ရာ​တွေ
ဟာ ကမ္ဘာအရပ်​ရပ်​က နိုင်​ငံခြားသားများ
ကပါရင်​သပ်​ရှု​မော(နားမလည်​လို့)ကြရတယ်​။ကင်းဘတ်​စ​ပေါ်​ဆေးဗူးနဲ့ပက်​ပြီး
ရောင်းတာ​တောင်​ ​ဒေါ်လာ​တွေအများကြီး
ပေးဝယ်​ကြရတာ။အင်း ဒါ​တွေထားပါ​တော့။
တူရဲ့သားနဲ့မတူတဲ့ ပညတ်​နှစ်​ခုအ​ကြောင်း
ဆက်​ရ​အောင်​။
ဒီလိုဗျ၊အဲဒီကိုစိုးနိုင်​ဆိုတဲ့လူကြီးကိုအ​ကြောင်းမသိတဲ့လူ​တွေက ခုလို လမ်း​ပေါ် မြင်​လိုက်​ရင်​ ​ခေါင်းတုံးဆံပင်​နဲ့
ပိုသီဖပ်​သီ အဖိုးကြီး ပါ ဆိုတဲ့ ပုံသဏ္ဍာန်​ကို
သဏ္ဍာဏပညတ် အ​​နေနဲ့ သာသိကြမှာဖြစ်
ပြီး သူ့ဟစ်​စထရီကိုသိသူများကျ​တော့
``ဟာ ..တကယ့်​ပန်းချီဆရာကြီးကွာ..´´
ဆိုပြီး တ​လေးတစား နာမပညတ်​ကို
ဂါကြမှာ။အင်း လူက​တော့ သူတ​ယောက်​ထဲ
ပါပဲ၊လူ​တွေသတ်​မှတ်​ကြတဲ့ပညတ်​ပုံစံ
တွေက​ကသာ....
Contemporary art is the art of today, produced in the late 20th century or in the 21st century. Contemporary artists work in a globally influenced, culturally diverse, and technologically advancing world. Wikipedia
❀ ဦးကြင်​ဥလမ်းထဲ ​တွေ့တုန်းကသူ့ကိုမရိုက်​လိုက်​မိတဲ့အတွက်
အရင်​သူ့ပန်းချီပြပွဲတုန်းက ကိုစိုးနိုင်ရယ်
ရှင်​လူရယ်​ Customer ပြင်​သစ်​သူ မဒမ်​ရယ်
သုံး​ယောက်​တွဲပုံ​ဟောင်းကိုပဲပြန်​တင်​လိုက်​ရပါတယ်​။❀

၆၄ ကွင်းပြင်​ ♥ ♥

၆၄ ကွင်းပြင်
♥ ♥ ♥ ♥
စက်​ဘီး​လေးက တရိပ်​ရိပ်​​ပြေးတယ်
လမ်းကျယ်​လမ်းမကြီး​တွေ​ပေါ်
တခါတခါမှာ​တော့
၆၄ ဟာ လမ်း​ပေါ်မှာ
အထီးကျန်​လွန်းတယ်
ကား​တွေ ဆိုင်​ကယ်​​တွေ
ပျောက်​ခြင်းမလှ​ပျောက်​လို့..

၆၄ ဟာ
အရင်​ကထက်
စကား​တွေပို​ပြောလာတယ်
ပြောသင့်​တာပဲ​လေ
နောက်​ဆို ​ပြောရဖို့မ​သေချာ​တော့တာ
ဒါ​ပေမယ့်​ သူ့စကား​တွေက
မျဉ်းကြား ကကူးခဲ့တာချည်း
မီးနီဖြတ်​​မောင်းသူ​တွေက​တော့
ကြိုက်​ချင်​မှကြိုက်​မယ်
အထူးသဖြင့်​က​တော့
ကိုယ့်​တပ်​ကိုယ်​ပြန်​နင်းခဲ့ရ...

၆၄ ကွင်းပြင်​က
မျှော်​လင့်​ခြင်းမြက်​​တွေကို​မွေးတယ်
ကွင်းပြင်​ ၆၄ က
ခြေရာ​သေး​သေး​လေး​တွေကိုချစ်​တယ်

့မနက်​ခင်းလှလှ
အလုပ်​ကအပြန်
ရပ်​ကွက်​အားကစားကွင်းထဲဝင်​ပြီး
ဟို​ငေး ဒီ​ငေး...
ကွင်းထဲမှာက
ခွေးတ​ကောင်​နဲ့
သူတ​ယောက်​ထဲ
`` ဒီ​ခွေးက ဒီကွင်းထဲလာပြီး
ဘာလုပ်​သလဲ ​ပေါ့´´
သူ​တွေးမိတာက
တံတိုင်းမရှိတဲ့ ကွင်းထဲဝင်​ပြီး
တောင်​​ငေး​မြောက်​​ငေးက ​တော့
ခွေးနဲ့လူနဲ့ အတူတူ

၆၄ က တရားရှိသူပါ
ကုသိုလ်​လည်းတရား
အကုသိုလ်​လည်းတရား
ကုသိုလ်​ အကုသိုလ်​မဟုတ်​တာလည်း
တရား
တရားမရှိရမှာ ပျင်းစရာ

Net Geo -Wild channel ကြည့်​မိတိုင်း
နိုင်​ရာစား​လောကကို တရားမျှတ​စေချင်​​တာ
သူမှား​နေပလား​ အ​တွေး​ချောင်​ပြီး
နောက်​​တော့လည်း
မှန်ကန်ေ​​ကြာင်းထပ် ​ထပ်​ အတည်​ပြုတယ်
သတ္တဝါမှန်​​ပေမယ့်
လူ​လေ...
တိရိစ္ဆာန်​​တွေမှ မဟုတ်​ပဲ
ဘုရား​တွေ အများကြီးရှိပြီး
တရား​တွေ အသက်​မဝင်​တာကလွဲလို့​ပေါ့

သီလကိစ္စ မှာ​တော့
သူကမန်​​နေဂျာပဲ
တခါတခါ ဝိုင်​​သောက်
တခါတခါ ဝီစကီ​ သောက်
ကိုယ်​ဖြစ်​ကိုယ်​ခံ ​လောကဓံကို
လူ​ပြောသူ​ပြော ​ခေါင်းစဉ်​​အောက်​မှာ
တေးမှတ်​မထားနိုင်​ဘူး​လေ
၆၄ ဟာ အရက်​​တော့မူးတယ်
ဘဝ​တော့မမူးဘူး
ဘဝမူးတဲ့သူ​တွေဆို
သောက်​မြင်​သိတ်​ကပ်​တယ်​..

ကွင်းပြင်​​ ၆၄ ​ရေ
အ​ခြေ​နေအရပ်​ရပ်​က
နေဝင်​ချိန်​တိမ်​​တောက်​​နေတာမဟုတ်​ဘူး
ငြိမ်းခါနီး ဆီမီး ထ​တောက်​တာ
သုတ်​သုတ်​သွား သုတ်​သုတ်​ပြန်
သန်း​ခေါင်​ယံ ငှက်​ဆိုးမထိုးခင်
နိုးနိုးကြားကြား​နေမှသင့်​မယ်

ကမ္မဿကတာသမ္မာဓိဋ္ဌိ တဲ့လား
တူ​သောအကျိုး ​ပေးမ​ပေး​တော့မသိ
မေတ္တာ ဗြဟ္မစိုရ်ေ​အာက်ဆီဂျင်​​နဲ့​နေမှ
အသက်​ရှူ ရအဆင်​​ပြေမှန်း​တော့
၆၄သိခဲ့...

၆၄ ကွင်​ပြင်​ကြီးက
လက်​ဆွဲနှုတ်​ဆက်​ဖို့ကြုံတိုင်း
လက်​ကဒဏ်​ရာကို ပြန်ပြန် ​​သတိရတယ်
ဒီလိုနဲ့ အထီးကျန်​မှုဟာ
နေကြပ်​ လကြပ်​ ​နေ့ညများထဲ စမ်းတဝါး
ကိုယ့်​မျက်​နှာကိုယ်​ပြန်​မမြင်​ရတာပဲ
ခပ်​​ကောင်း​ကောင်း ထင်​ပြန်​​ရော

မ​သောက်​​တော့ပါဘူး ဆို
ကံစမ်းမဲက ထထ ​ပေါက်​​နေတယ်
ဒီလိုပါပဲ...
Market economy နဲ့ Promotion က
၆၄ ကိုမထိတထိလုပ်​တယ်
၆၄ ကလည်း မထိတထိပြန်​လုပ်​တယ်
ရူးတတ်​မိုက်​တတ်​တဲ့အရွယ်​မဟုတ်​ဘူး​လေ
အ​သေအချာ တွက်​ချက်​ပြီးမိုက်​တဲ့အရွယ်​...

၆၄ က
တမလွန်​ကို ဖုန်း​ခေါ်ချင်​​နေတယ်
ဒီ့ထက်​​ကောင်းမယ့်
ဘဝ ဇာတ်​ညွှန်းများ ရှိ​နေမလား ​ပေါ့
မ​သောက်​ချင်​တဲ့ အရက်​ကို​သောက်​ပြီး
မ​ရေးချင်​တဲ့ ကဗျာကို​ရေးတယ်
ကိုယ့်​အတွင်းပိုင်းကိုယ်​သိနိုင်​ဖို့က
ဒီ တနည်းပဲရှိ​တာကိုး
အံ့သြပ
သူ့စိတ်​က ဒဏ်​ရာဗလပွနဲ့
သွေးစက်​စက်​ယိုတယ်

ဘဝ​တွေက
ကိန်းကြီးခန်းကြီး နိုင်​တယ်​..
ပုဆိုး ​ဘောင်းဘီဝတ်​တာအစ
စတိုင်​ကျဖို့လိုသတဲ့
ခေါင်းဖီးရတယ်
မှန်​ကြည့်​ရတယ်
မှန်​က ဘာမှမ​ပြော​ပေမယ့်
မမှန်​တာ​တွေက အမျိုးမျိုး​ပြော​ခဲ့ကြ

၆၄ ဟာ
ဘုရား​တွေ ထီးခဏခဏတင်​ပြီး
တရား​တွေ​နေပူမိ​နေတဲ့
မွေးဇာတိရွာက​လေးကို ​ငေးရင်း​မောရင်း
အ​ဝေးကို ​ရောက်​မှန်းမသိ​ရောက်​နေခဲ့

သူက​ပျော်​တတ်​တယ်
ေ​ပျာ်ချင်လွန်း​​​လို့​တော့မဟုတ်​ဘူး
ငိုစရာပဲရှိတဲ့ ဘဝကို မုန်းလွန်းလို့
အရွဲ့တိုက်​ ​ပျော်​​နေတာ
မသိတဲ့သူ​တွေက
လူဝါးဝတယ်​ထင်​တယ်
စော်​ကားတယ်​ထင်​တယ်
သောက်​ဆင့်​မရှိတဲ့ သိက္ခာထိပါးလို့
မုန်းတဲ့လူက မုန်းတယ်
ရှိပါ​စေ​တော့
သင်​တို့နှင့်​ကျွန်ုပ်
နောက်​ အနှစ်​ ၂၀ ​ပေါင်းသင်းဖို့
ဘာ စာချုပ်​မှမရှိ...

၆၄ ကွင်းပြင်​ဟာ
တခါတရံမှာ
ပွဲလမ်းသဘင်​​တွေနဲ့​ပျော်​တယ်
အားလုံးပြီးဆုံးတဲ့အခါ
အမှိုက်​နဲ့ သူပဲကျန်​တယ်
အကြွင်းအကျန်​ရှာစားတဲ့
ခွေး​လေ​ခွေးလင့်​တချို့လည်းကျန်​သ​ပေါ့
အမှိုက်​ သိမ်းရ​ပေမယ့်
၆၄ က​ပျော်​တယ်
သူက ပွဲကြိုက်​တာကိုး...

၆၄ ဟာ
သူကိုယ်​တိုင်​အထူးပြုလုပ်​ထားတဲ့ဒုက္ခနဲ့
အတူ​နေထိုင်​သူဖြစ်​တယ်
ဒုက္ခနဲ့အတူသွား
ဒုက္ခနဲ့အတူစားပြီး
ဒုက္ခနဲ့ချစ်​ကျွမ်းဝင်​တယ်
ဒုက္ခကို ပိုး​မွေးသလို တယုတယနဲ့ 
ဒုက္ခသီချင်း​တွေစုံတွဲဆိုတယ်

တခါတခါ ၆၄ အခက်​ကြုံတယ်
ရန်​သူ့​တောင်​ကုန်းကို
အသက်​နဲ့ရင်းပြီး သိမ်းပိုက်​လို့ရ​ပေမယ့်
ရန်​သူ့နှလုံးသားကို​တော့
အသက်​နဲ့ရင်းလို့ မရနိုင်​ဘူး

ကွင်းပြင်​ ၆၄ က
တချို့ပြဇာ​တ်​​တွေကို ယုတ္တိမျက်လုံးနဲ့ ကြည့်​တယ်
``ငါ့ကို လက်​နက်​ချပါ ငါအသနားခံပါတယ်´´​ ဆိုတဲ့ ဇာတ်​ဝင်​ခန်းကို
ပြုံးတယ်​...

၆၄ က အရက်​မကြိုက်​ဘူး
ဒါ​ပေမယ့်
အ​ခြေအ​နေအရ ​သောက်​တယ်
လူ့ဘဝ နတ်​ဘဝ ဗြဟ္မာဘဝ
တခုမှမကြိုက်​ဘူး
အ​ခြေအ​နေအရ လက္ခံ​ထားရတာ

၆၄ ဟာ
မနက်​ကကျန်​တဲ့ ပဲကြာဆံကို
Grand Royal နဲ့ မြည်းပလိုက်​တယ်
သူ့ကိုစိုက်​ကြည့်​​နေတဲ့ ငါးကြင်းမျက်​လုံးကို
အသာ​လေး​ကော်​ ​​ပြီး အရသာခံ စုပ်​လိုက်​တယ်
တ​လောကလုံးမှာ
သူနိုင်​တာ
ငါး​ခေါင်းချဉ်​​ရည်​ဟင်းပဲ​လေ...

၆၄ ဟာ
ကိ​လေသာကုန်​မှာ​ကြောက်​လို့
တရားစခန်းက ပြန်​ခဲ့တယ်
မရီကြပါနဲ့
သူ​တွေးသလို
ခင်​ဗျားတို့ ​တွေးဖူးရဲ့လား
ကိ​လေသာမရှိ​တော့ရင်
ချစ်​သူကို ဘာ​ပြောရမလဲ
အိမ်​လခ ဘယ်​လိုရှာရမလဲ
ကဗျာ​တွေ ဘယ်​လို​ရေးမလဲ

၆၄ ဟာ
တလိမ့်​လိမ့်​ လွန့်​လူးရင်း အပိုင်းပိုင်းပြတ်​တယ်
တစစီ ပြန်​​ကောက်​ဆက်​​တော့
၆၄ ဖြစ်​တယ်
ဒါပါပဲ
ညိုမြ​သွေး
Wed,29 Nov 2017

Friday, December 8, 2017

တူရဲ့သားနဲ့ မတူတဲ့ပညတ်​နှစ်​ခု ❀ ❀

တူရဲ့သားနဲ့ မတူတဲ့ပညတ်​နှစ်​ခု
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ဒီည​နေ ၄နာရီခွဲမှာ ရှင်​လူကြီး ပုံမှန်​အတိုင်း
စီး​တော်​မြင်းက​လေးနဲ့အလုပ်​ဆင်းဖို့ထွက်​လာခဲ့တယ်​။
ဘေလီတံတားကို​ကျော်​လာပြီ့း​သွားမယ့်​လမ်း​ကြောင်းကိုစဉ်းစားလိုက်​​တော့ ခုတ​လောမဖြတ်​တာကြာပြီဖြစ်​တဲ့ ​မြောက်​ဒဂုံ ၃၃ ရပ်​ကွက်​ စိန်​ပန်းမြိုင်​လမ်း
ထဲကဝင်​ဖို့ဆုံးဖြတ်​လိုက်​တယ်​။
အရင်​သွားဖူး​နေကျအတိုင်းလမ်းကြိုလမ်း
ကြား​တွေဖြတ်​​ကျော်​လာရင်း လုပ်​ငန်းကိစ္စကစိတ်​ထဲဝင်​လာတယ်​။ဒီ
Bella မှာ ရှင်​လူကြီး ၃ လစာချုပ်​နဲ့ အလုပ်​ဝင်​ခဲ့တာ ပြီးခဲ့တဲ့ နိုဝင်္ဘာ ၉ ရက်​မှာ
၃ လပြည့်​ခဲ့ပြီ။၃ လပြည့်​ချိန်​မှာ ရှင်​လူကြီးလိုပဲ ၃လ စာချုပ်​နဲ့ဝင်​လုပ်​​နေတဲ့
အောင်​နိုင်​ဝင်းလည်းရှိ​နေတယ်​။အဲဒါ ဂို​ဒေါင်​ မန်​​နေဂျာ​တွေက ဒီ ၃ လသမား​တွေ
ဆက်​ခန့်​ဖို့ စာတင်​​တော့ အထက်​က လိုရမယ်​ရတ​ယောက်​ပဲဆက်​ထားဖို့ခွင့်​ပြုတယ်​ ဒီ​တော့ တ​ယောက်​ဖြုတ်​ရမယ်​။
ပဋ္ဌမ​တော့ရှင်​လူကြီးထွက်​​ပေးလိုက်​ဖို့စဉ်းစားလိုက်​တယ်။ဟို​ကောင်​​လေး​အောင်​နိုင်
ဝင်းက ​ကျန်းမာ​ရေးမ​ကောင်းဖြစ်​​နေတဲ့
အညာကသူ့အ​မေဆီလတိုင်း​ငွေပို့​နေရတာ။
ဒါ​ပေမယ့်​ မန်​​နေဂျာ​တွေက ဘယ်​သူ့မှမဖြုတ်​​တော့ပဲ ရှင်​လူနဲ့ ​အောင်​နိုင်
ဝင်းကိုတညဆင်းတညနားလခတ​ယောက်​တဝက်စီခွဲယူကြဖို့စီစဉ်​​ပေးတယ်​။လကုန်​ရင်
၇၅၀၀၀ကျပ်​ပဲရမယ်​​ပေါ့။အင်းရှင်​လူကြီးလည်း လုပ်​ငန်းသံ​ယောဇဉ်​ကဖြစ်​​နေ​တော့
အသာ​လေး​မှေးပြီး ဆက်​လုပ်​​နေလိုက်
တယ်။ ဒီ​လိုနဲ့ တလပြည့်​ခါနီးမှာ ​အောင်​လှိုင်​ဝင်းတ​ယောက်​ကျိုင်းတုံလမ်းကဆီစက်​မှာအလုပ်​ရသွားပြီတဲ့။ ဒါဆို ရှင်​လူကြီး စီး​တော်​မြင်းက​လေးနဲ့ ​နေ့တိုင်း
အလုပ်​ဆင်းရ​တော့မယ်​။အ​တွေး​ကောင်း​ကောင်းနဲ့ ​၆၄ နှစ်​ပြည့်​​မွေး​နေ့တုန်းက ​ခွေးလိုက်​ဆွဲခံခဲ့ရ
တဲ့ဦးကြင်​ဥ( -)လမ်း​လေးထဲ​ကွေ့ဝင်​လာခဲ့တယ်။ လမ်းထိပ်ကတည်းကသတိ​တော့ထားရတယ်​။ခပ်​လှမ်းလှမ်းမှာ​​ခေါ​င်း​တုံးဆံပင်​နဲ့လူကြီးတ​ယောက်​စက်​ဘီးနဲ့