Saturday, December 30, 2017

နှုတ်​ခွန်းဆက်​ ♥ ❀ ♡

နှုတ်​ခွန်းဆက်
♥ ❀ ♡ ♥ ❀
ရှင်​လူဒီလမ်းထဲ​ရောက်​စ(လွန်​ခဲ့တဲ့နှစ်​​ပေါင်း
၃၀​ကျော်​)ကသူ့ဆီမှာဧည့်​စာရင်းတိုင်​ခဲ့ရတယ်​။
၈ ​လေးလုံးကာလ ရှင်​လူ့အခန်းမှာ ထင်​ရှားတဲ့ ဗကသ ​ကျောင်းသား​ခေါင်း​ဆောင်​ ဝရမ်း​ပြေးများ
ဖြစ်​တဲ့ သူရိန်​ ​၊ရွှေဘုန်းလူ(တာရာမင်း​ဝေ)၊
အောင်​ဒင်၊​ ဝင်းနိုင်​ဦး(RFA)နှင်းခါးမိုးစတဲ့သူ​တွေ
ဝင်​ကြ ထွက်​ကြ ခိုလှုံကြ လုပ်​ခဲ့ကြ​ပေမယ့်
လမ်းလူကြီးလုပ်​​နေတဲ့ ဦးသန်းထွန်း​ကြောင့်
ရှင်​လူ အန္တရာယ်​မဖြစ်​ခဲ့။သာ​ကေတက
ကဗျာဆရာ လှသန်းနဲ့ ပန်းချီဆရာ ​မောင်​နိုးတို့ ညီအကို နှစ်​​ယောက်​ ရှင်​လူ့
လိုပဲ ဗကသ က ​နေနွယ်​ကို အိမ်​မှာ လက္ခံ
ထားကြတဲ့အတွက်​​ထောင်​နန်းစံခဲ့ကြရတယ်​။ ဦးသန်းထွန်းက သူကိုယ်​တိုင်​လည်း
ထရန်​စစ္စတာ ​ရေဒီယို​လေးတလုံးနဲ့ ဒီမိုက​ရေစီ နိုင်​ငံ​ရေးသတင်း​တွေကို နှစ်​​ပေါင်းများစွာ ဝင်​စားခဲ့သူဖြစ်​တယ်​။
လေဖြတ်​ထားလို့ ​ဆေးဝါးကုသ​နေခဲ့တာ
ခု​တော့သူ အပြီးတိုင်​ အနားယူသွားခဲ့ပြီ။
ရှင်​လူ့ ​နောင်​​တော်​ကြီး ဦးသန်းထွန်း
ငြိမ်းချမ်းစွာ အနားယူနှင့်​ပါ​တော့
R I P ပါ ​နောင်​​တော်​ကြီး...
story#observation #shinlhu

No comments:

Post a Comment