တူရဲ့သားနဲ့ မတူတဲ့ပညတ်နှစ်ခု
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ဒီညနေ ၄နာရီခွဲမှာ ရှင်လူကြီး ပုံမှန်အတိုင်း
စီးတော်မြင်းကလေးနဲ့အလုပ်ဆင်းဖို့ထွက်လာခဲ့တယ်။
ဘေလီတံတားကိုကျော်လာပြီ့းသွားမယ့်လမ်းကြောင်းကိုစဉ်းစားလိုက်တော့ ခုတလောမဖြတ်တာကြာပြီဖြစ်တဲ့ မြောက်ဒဂုံ ၃၃ ရပ်ကွက် စိန်ပန်းမြိုင်လမ်း
ထဲကဝင်ဖို့ဆုံးဖြတ်လိုက်တယ်။
အရင်သွားဖူးနေကျအတိုင်းလမ်းကြိုလမ်း
ကြားတွေဖြတ်ကျော်လာရင်း လုပ်ငန်းကိစ္စကစိတ်ထဲဝင်လာတယ်။ဒီ
Bella မှာ ရှင်လူကြီး ၃ လစာချုပ်နဲ့ အလုပ်ဝင်ခဲ့တာ ပြီးခဲ့တဲ့ နိုဝင်္ဘာ ၉ ရက်မှာ
၃ လပြည့်ခဲ့ပြီ။၃ လပြည့်ချိန်မှာ ရှင်လူကြီးလိုပဲ ၃လ စာချုပ်နဲ့ဝင်လုပ်နေတဲ့
အောင်နိုင်ဝင်းလည်းရှိနေတယ်။အဲဒါ ဂိုဒေါင် မန်နေဂျာတွေက ဒီ ၃ လသမားတွေ
ဆက်ခန့်ဖို့ စာတင်တော့ အထက်က လိုရမယ်ရတယောက်ပဲဆက်ထားဖို့ခွင့်ပြုတယ် ဒီတော့ တယောက်ဖြုတ်ရမယ်။
ပဋ္ဌမတော့ရှင်လူကြီးထွက်ပေးလိုက်ဖို့စဉ်းစားလိုက်တယ်။ဟိုကောင်လေးအောင်နိုင်
ဝင်းက ကျန်းမာရေးမကောင်းဖြစ်နေတဲ့
အညာကသူ့အမေဆီလတိုင်းငွေပို့နေရတာ။
ဒါပေမယ့် မန်နေဂျာတွေက ဘယ်သူ့မှမဖြုတ်တော့ပဲ ရှင်လူနဲ့ အောင်နိုင်
ဝင်းကိုတညဆင်းတညနားလခတယောက်တဝက်စီခွဲယူကြဖို့စီစဉ်ပေးတယ်။လကုန်ရင်
၇၅၀၀၀ကျပ်ပဲရမယ်ပေါ့။အင်းရှင်လူကြီးလည်း လုပ်ငန်းသံယောဇဉ်ကဖြစ်နေတော့
အသာလေးမှေးပြီး ဆက်လုပ်နေလိုက်
တယ်။ ဒီလိုနဲ့ တလပြည့်ခါနီးမှာ အောင်လှိုင်ဝင်းတယောက်ကျိုင်းတုံလမ်းကဆီစက်မှာအလုပ်ရသွားပြီတဲ့။ ဒါဆို ရှင်လူကြီး စီးတော်မြင်းကလေးနဲ့ နေ့တိုင်း
အလုပ်ဆင်းရတော့မယ်။အတွေးကောင်းကောင်းနဲ့ ၆၄ နှစ်ပြည့်မွေးနေ့တုန်းက ခွေးလိုက်ဆွဲခံခဲ့ရ
တဲ့ဦးကြင်ဥ( -)လမ်းလေးထဲကွေ့ဝင်လာခဲ့တယ်။ လမ်းထိပ်ကတည်းကသတိတော့ထားရတယ်။ခပ်လှမ်းလှမ်းမှာခေါင်းတုံးဆံပင်နဲ့လူကြီးတယောက်စက်ဘီးနဲ့
ထွက်လာတာတွေ့ရတယ်။အိုကေ လမ်းပေါ်မှာ အားလုံးရှင်းပါတယ်ခင်ဗျား
ပေါ့။ဒီလိုနဲ့ စက်ဘီးသမားနဲ့ ဘေးချင်းယှဉ်
အဖြတ်မှာ ရှင်လူကြီးမြင်းဇက်ကြိုးကို
တအားဆွဲချလိုက်တာမြင်းကပဒပ်ရပ်မတတ်ပါပဲ...ကျွီ..ဝီ..ဝီ..ဆိုတဲ့အသံကြီးပါ
မြည်သွားတယ်။
ကိုစိုးနိုင်။ပန်းချီစိုးနိုင်။နာမည်ကြီးခေတ်ပြိုင်
ပန်းချီဆရာ။သူကလည်းစက်ဘီးကလေးရပ်ပြီး ပြုံးတုံ့တုံ့နဲ့``အလုပ်သွားမလို့လား´´တဲ့။
``ဟုတ်တယ်..တောင်ဒဂုံစက်မှုဇုံ ထိသွားရမှာ၊ခင်ဗျားရောဘာလာလုပ်တာ
လဲ´´။``ဒီနားခဏလာတာ´´တဲ့။သူ့စက်ဘီး
ခြင်းထဲမှာတရားခွေတွေအများကြီးတွေ့တာမို့ ``ဘာလဲ တရားခွေတွေပါလား၊ တရားတော့မလွန်စေနဲ့နော်´´ဆိုတော့
သူကရီနေတယ်။``ကဲ.ကဲ သွားအုံးမယ်ဗျာ
တရားလွန်သွားရင်လည်း ဘက်ပြန်ဆုတ်
ရတယ်ဗျ၊ လောကကြီးကမလွယ်ဘူး´´လို့
သူ့ကိုပြောရင်း ယိုးဒယားဘုန်းကြီးကျောင်း
ရှိရာဘက်မြင်းကိုအသော့နှင်လာခဲ့တယ်။
ရှင်လူ့စိတ်ထဲကိုစိုးနိုင် အကြောင်းကတဝဲ
လည်လည်ပါလာခဲ့တယ်။ဒီလူကြီးက
နာမပညတ်အရပြောရရင်တော့ နည်းနည်း
နောနောမဟုတ် ။ဒီနေ့ ခေတ်ပြိုင်ပန်းချီ
Contemporary art မှာ သူ့လက်ရာတွေ
ဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံခြားသားများ
ကပါရင်သပ်ရှုမော(နားမလည်လို့)ကြရတယ်။ကင်းဘတ်စပေါ်ဆေးဗူးနဲ့ပက်ပြီး
ရောင်းတာတောင် ဒေါ်လာတွေအများကြီး
ပေးဝယ်ကြရတာ။အင်း ဒါတွေထားပါတော့။
တူရဲ့သားနဲ့မတူတဲ့ ပညတ်နှစ်ခုအကြောင်း
ဆက်ရအောင်။
ဒီလိုဗျ၊အဲဒီကိုစိုးနိုင်ဆိုတဲ့လူကြီးကိုအကြောင်းမသိတဲ့လူတွေက ခုလို လမ်းပေါ် မြင်လိုက်ရင် ခေါင်းတုံးဆံပင်နဲ့
ပိုသီဖပ်သီ အဖိုးကြီး ပါ ဆိုတဲ့ ပုံသဏ္ဍာန်ကို
သဏ္ဍာဏပညတ် အနေနဲ့ သာသိကြမှာဖြစ်
ပြီး သူ့ဟစ်စထရီကိုသိသူများကျတော့
``ဟာ ..တကယ့်ပန်းချီဆရာကြီးကွာ..´´
ဆိုပြီး တလေးတစား နာမပညတ်ကို
ဂါကြမှာ။အင်း လူကတော့ သူတယောက်ထဲ
ပါပဲ၊လူတွေသတ်မှတ်ကြတဲ့ပညတ်ပုံစံ
တွေကကသာ....
Contemporary art is the art of today, produced in the late 20th century or in the 21st century. Contemporary artists work in a globally influenced, culturally diverse, and technologically advancing world. Wikipedia
❀ ဦးကြင်ဥလမ်းထဲ တွေ့တုန်းကသူ့ကိုမရိုက်လိုက်မိတဲ့အတွက်
အရင်သူ့ပန်းချီပြပွဲတုန်းက ကိုစိုးနိုင်ရယ်
ရှင်လူရယ် Customer ပြင်သစ်သူ မဒမ်ရယ်
သုံးယောက်တွဲပုံဟောင်းကိုပဲပြန်တင်လိုက်ရပါတယ်။❀
No comments:
Post a Comment