Tuesday, January 15, 2019
ကဗျာ
သမိုင်းအ​ရောင်
✏ ✏ ✏ ✏ ✏ 
သင်​ပုန်း​ချေ ပြီးတဲ့ခါ
ငါတို့ဒဏ်​ရာ​တွေက ​သွေးမတိတ်​​သေး
တစိမ့်​စိမ့်​စီး​ကြောင်း​တွေက
ချောင်းက​နေ မြစ်
မြစ်​​တွေက ပင်​လယ်​ဆီ.....
မီးသတ်​ပိုက်​နဲ့ ​ဆေးချင်​​ဆေး
ပေါက္ခရဝဿ နဲ့​ဆေးချင်​​ဆေး
ကြိုက်​တာနဲ့​ဆေးလို့ရတယ်
သမိုင်းဆိုတာ
ပင်​လယ်​ကို အ​ရောင်​​ပြောင်းလို့​တော့
ရမှာမဟုတ်​ဘူး
ညိုမြသွေး
10:46 PM
Wed,12 Jul 2017
poem#observation#shinlhu
No comments:
Post a Comment