မြင်ကွင်းတဆုံး လမ်းမကြီးပေါ်မှာ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ညိုမြသွေး
နှလုံးသားပေါ်ဖြတ်ခုတ်သွားတဲ့
့အမြန်ရထားက
မျက်တောင်တဖျပ်ဖျပ်ရပ်ဝန်းမှာ
မုန်တိုင်းမိုးသက်တွေ သွန်းပက်ရွာ
့အမောတွေကို ခရီးဆောင်အိတ်နဲ့
လွယ်ရင်း
ဗာဟီရ တောင်ထိပ်ဆီ သွားရာအဆန်ခရီး
အာခေါင်တခုလုံး ခြောက်သွေ့ ကွဲအက်
ယာယီ ဖြေသိမ့်ဆွတ်ဖြန်းနွမ်းပြေစရာ
သံယောဇဉ် တပေါက်တလေ မပါခဲ့
တံလှပ်နဲ့ထုဆစ်ထားတဲ့
အာရုံမြင် အိုအေစစ်လေးတခု
ငါ့မျက်စိတွေ လုံးဝ မှိတ်မသွားခင်လေး
ညိုယောင်ယောင် မိုးသားရိပ်ထဲမှာ
တကယ်က
အေးမြတဲ့ ရေစင် တစက်မျှမပါ
ညိုမြသွေး
Mon,23 Jan
2017
poem#observation #shinlhu
No comments:
Post a Comment