SATIRE
(သရော်စာ)
သတင်းစာအဟောင်းများ
ရှင်လူ ရေးသည်
"ဆရာရေ ဦးဝီရသူ သတင်းတွေ ကြားပြီးပလား"
တပည့်ကျော် ပကိဏ်းလူ ကတော့ ရှင်လူ့ဆီလာတိုင်း ပြဿနာတခုခုကိုယူလာတတ်စမြဲ။ ရှင်လူက ဒီလိုကိစ္စမျိုးကို သိတ်အာရုံမထားတတ်။ ရှင်လူတို့ ထင်ရာစိုင်းရပ်ဝန်းဒေသကြီးမှာ ခုလိုကိစ္စတွေကတကယ်တော့ အဆန်းတကြယ်မဟုတ်။ အားလုံး ဦးတည်ချက်ထားပြီး အသွင်ကူးပြောင်းရေးကြားကာလ (Transitional period)တခုကို
သွားရာမှာ အဟန့်အတားပြုနေတဲ့ ပွဲဆူ လူလှန့် အဟန့်အတား
မီးရှူးမီးပန်းဖောက်နှောင့်ယှက်နေတဲ့ေ ကြးစားလူမိုက်တစုရဲ့ ထွင်လုံးလို့သာယူဆပါတယ်။
"အင်း..ဆိုစမ်းပါအုံး ပကိဏ်းရ၊ ဝီရသူက ဘာများ အကြောင်းထူးလို့လဲ"
"ဖမ်းဝရမ်း အထုတ်ခံထားရလို့ ပုန်းနေရာက သံဃာ့မဟာနာယက ဆရာတော်ကြီးတွေဆီ ဓမ္မစက်နဲ့ အဆုံးအမ ခံယူပါ့မယ်လို့ စာပို့သတဲ့၊ ဆရာတော်ကြီးတွေရဲ့ အဆုံးအမ ခံပြီးမှ သူ့ကားပေါ်မှာ မြို့နယ်အဆင့် ခရိုင်အဆင့် ရဲအရာရှိနှစ်ယောက်တင်ပြီး
ဥပဒေကို ရင်ဆိုင်ဖို့သွားမတဲ့"
"ဒါကတော့ ရှင်းနေတာပဲကွာ ၊ သူ့ကို လူချစ်လူခင်များတော့ သူ့အသက်အန္တရာယ် စိတ်မလုံတဲ့သဘောပေါ့"
"ဆရာတော်ကြီးတွေကရော ဘယ်လိုဆုံးမ သြဝါဒပေးမယ် ထင်သလဲ"
"ဟ..ပကိဏ်းရ ၊ အရင်၂၀၁၇ မတ်လတုန်းက နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဘာသာတခုနဲ့တခုအကြား အမုန်းပွား ဘာသာရေးအဓိကရုဏ်းဖြစ်အောင် hate speech ပြောလို့ဆိုပြီး တရားဟောခွင့်တနှစ်ပိတ်ခဲ့သေးတယ်လေ"
"ဒါဆို ခုရော ဘယ်လိုထင်သလဲ"
"ဟ..ပကိဏ်းရ ဘယ်လိုထင်ရမှာလဲ၊ တို့ဆီက ထေရ်ကြီးဝါကြီးတွေဟာ ကံသုံးပါးအမှုကို အင်မတန် စောင့်စည်းတဲ့ပုဂ္ဂိုလ်ကြီးတွေကွ၊ တဖက်သားကို စွပ်စွဲပုတ်ခတ်ဝေဖန်မှုကိုတော့ လုပ်မှာမဟုတ်ဘူး၊
အလွန်ဆုံး တရားဟောပိတ်တာမျိုးလောက် ဒါမှမဟုတ် ပြဿနာဖြစ်မယ့်တရားမျိုး မဟောဖို့ မေတ္တာရပ်ချင်ရပ်မပေါ့"
"ဒါဆို ဓမ္မစက်ကို ဦးဝီရသူဘယ်ကြောက်မလဲ"
"အင်း..ဒီလိုတော့ပြောမရဘူးကွ၊ သူကြောက်လို့ မဟန ဆီ သနားခံစာပို့တာပေါ့၊ ဘုရား တရားသံဃာရတာနာသုံးပါးဆိုတာ အန္တရာယ် ကြုံရင် ကာဗာယူလို့ရတယ်ဆိုတာလောက်ကတော့ ဝီရသူသိတယ်လေ၊ တကယ်ဆို သူပြောဖူးခဲ့တာပဲ လိုအပ်ရင်သူကိုယ်တိုင်သေနတ်ကိုင်ပါ့မယ်လို့၊ အဲတော့ သေနတ်ကိုင်ချင်ရင် သက္ကင်္န်းချွတ် ၊ စစ်ယူနီဖောင်းဝယ်ဝတ်ပေါ့ကွ၊ ဒါမှ ရဲဘော်ဆိုတဲ့ဂုဏ်ပုဒ်နဲ့လည်းညီမပေါ့၊
ပြီးတော့ သူကြည်ညိုတဲ့လူတွေကို ဘုရားလိုကိုးကွယ်ပြီး သြဝါဒ ခံယူပေါ့ကွ။ ဘုရားလက်ထက်တော်မှာတော့ လက်နက်ကိုင် ဘုန်းကြီးတပ်ရှိခဲ့တာ ငါမကြားဖူးဘူး၊ နောက်ပိုင်း နဝတခေတ်မှာတော့ ရမ်ဘို ဘုန်းကြီးဆိုတဲ့တပါးတော့ကြားဖူးတယ်"
"အင်း..အရင် မဟန က ဓမ္မစက်နဲ့ တရားဟော တနှစ်ပိတ်ခဲ့ပေမယ့်၊ ဆိုင်ရာက အာဏာစက်နဲ့အရေးယူခဲ့တာတော့ မတွေ့ရ ဖူးနော်"
"အေးကွ..တိုင်တဲ့လူမရှိလို့ လား ဘာလားတော့မသိဘူး၊ သူပြောတာတွေကတော့ ခြေဥစိမ်းကြီးကို ချိုးဖောက်နေတာပဲ"
"ဒါနဲ့ ဆရာရယ်၊ သူ့နောက်လိုက်တွေက တနေ့က ရွှေတိဂုံ ဘုရားပေါ်တက်ပြီး သူ့အတွက်ဆုတောင်းပွဲ လုပ်သတဲ့။
ဘာတဲ့..ဗုဒ္ဓသာသနာတော်နဲ့ သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံရခြင်းက ကင်းဝေးကြပါစေ လို့လည်းဆုတောင်းကြသတဲ့၊
အဲဒါ ဘာအဓိပ္ပါယ်လဲ"
"ဟ..ပကိဏ်းရ.. အဲဒါကတော့ သူတို့ သတင်းစာအဟောင်းတွေ မှားဖတ်မိလို့နေမှာပေါ့ဟ။ တိပိဋက မဟာဂန္ဓာရုံ ဆရာတော်တို့ မဂ္ဂင်ဆရာတော်တို့ ကိုဖမ်းပြီးထောင်ချခဲ့တာက ဗိုလ်ခင်ညွန့်တို့ခေတ်ကလေ"
"အင်း..ဆရာပြောမှပဲ ရှင်းတော့တယ်၊ ဒါနဲ့ မြိတ်တရားပွဲမှာ ဒေါ်စုကိုပြောလို့ ဖမ်းဝရမ်းအထုတ်ခံရတာပေါ့နော်"
"ဟ..သမ္မတရော၊ နိုင်ငံတော်အတိုင်ပင်ခံကပါ နိုင်ငံရေးအရ ဝေဖန်ထောက်ပြတာတွေကြိုဆိုတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားတာ"
"ဒါဆို ဘာလို့တရားစွဲမှာလဲ"
"အေးလေ..နိုင်ငံရေးအရဝေဖန်တာမှမဟုတ်ပဲ ၊ဟောဒီမှာ ဖုန်းထဲမှာ ငါစခရင်ရှော့တ် ရိုက်ထားတယ်၊ မင်းကိုယ်တိုင် အသံထွက်ဖတ်စမ်း..ရော့"
"မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ ကော့ကော့ လျှောက်သွားဖို့လောက်ပဲတတ်၊ ဒီကြားထဲ
နိုင်ငံခြားသားတွေနဲ့တွေ့ရင် ဖင်ကရမ်းချင်သေးတယ်..တဲ့"
"အေး..တော်ပြီ..အဲ့လောက်ပဲဖတ်..၊ငါမင်းကိုတခုမေးမယ်"
"သူပြောတာ နိုင်ငံအရေး ဝေဖန်ချက်လား"
"အင်း..ဒါတော့မဟုတ်ဘူး"
"ဒါဆို.. ဒေါ်စုကို နိုင်ငံတော်က ပိုင်လား"
"ပိုင်တာပေါ့ ဆရာရဲ့ ၊သူ့ကိုမဲပေးရွေးချယ်ထားတဲ့ ပြည်သူတွေ ပိုင်တာပေါ့"
"ဘယ်အပိုင်းကို ပိုင်တာလဲ"
"ဒါတော့ဆရာရယ်..ပိုင်တယ်ဆိုမှတော့ အကုန်လုံးပေါ့"
"မဟုတ်သေးဘူး ပကိဏ်းရဲ့၊ သူ့ကိုမဲပေးရွေးချယ်ထားတာက နိုင်ငံအရေး ပြည်သူ့အရေးတွေမှာ ကိုယ်စားပြု ဦးဆောင်ဖြေရှင်းပေးဖို့ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"ဒါဆို..သူဘာတာဝန်တွေလစ်ဟင်းလဲ၊ အကုန်တော့သူလုပ်ပေးနိုင်မှာမဟုတ်ဘူး၊ အကန့်အသတ်ရှိတယ်၊ ဒါပေမယ့် မင်းကအရေးကြီးတယ်ထင်တဲ့ကိစ္စ ရှိရင် ထောက်ပြဝေဖန်လေ"
"အင်း..ဒါတော့ဟုတ်တယ်"
"မင်း..မဲပေးထားလို့. သူ့ဖင်ကိုမင်းပိုင်တယ်ထင်သလား"
"ဗျာ"
"မဗျာနဲ့လေ..၊သူ့ရဲ့လုပ်ရည် ကိုင်ရည်အစွမ်းအစ တချို့ကိုသာ မင်းတို့က အသုံးချခွင့်ရထားတာ၊ သူ့ဟာသူဖင်ယမ်းတာ မင်းတို့နဲ့ဆိုင်သလား"
"အမ်"
"မအမ် နဲ့၊ မင်းတို့ မဲမပေးခင်ကတည်းက သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ရမ်းခဲ့လို့ မိုက်ကယ်အဲရစ်နဲ့ ကလေးနှစ်ယောက်ရပြီးသား၊ အခု မဲပေးပြီးမှ ဖင်ရမ်းတာကို အပစ်ရှာတွေ့သလား ၊ မင်းလည်း ဝီရသူတပည့်ပဲ လုပ်ဖို့ကောင်းတယ်၊ ငါ့တပည့်မလုပ်သင့်ဘူး ၊တရေးနိုး သတင်းစာအဟောင်းတွေဖတ်ပြီး ထထ အော်နေတာ။"
ရှင်လူ
No comments:
Post a Comment