မျက်လုံးနဲ့ မျက်စိ
🙄🤔🤗😳
လူတွေ စကားပြောတဲ့ အခါမှာ မျက်လုံး နဲ့ မျက်စိကို ကြုံသလို သုံးနေ ကြပေမယ့် မျက်လုံးနဲ့ မျက်စိ ဟာ အ မြင်အ ရုံကို ပေးနိုင်တဲ့ စက္ခုပသာဒ ရုပ်တခုပါပဲ။
ဘောလုံး ကြီးနဲ့ တူလို့ မျက်လုံး ခေါ်
ကြသလား ၊ ဒူးရင်းစိ ၊ပိ န္နဲစိ နဲ့ တူလို့ မျက်စိလို့ ခေါ် ကြသလား ဆိုတာကတော့ ရှေးအစဉ်အဆက် ပညတ်ခဲ့ သူတွေ ကို ပြန်မေးလို့ လည်းမရနိုင်တော့။
ဘာပဲပြော ပြော သတ်ပုံ ပညာရှိတွေကတော့ ကျောက်စာ ပေစာ ပါးစပ်ရာဇဝင် ဓလေ့ထုံးတမ်း အထောက်အထား တွေနဲ့ ငြင်း ကြခုန် ကြ သတ်ကုန် ကြလို့  သတ်ပုံ လို့ ခေါ်ခဲ့ ကြလေသလား ပေါ့။
အင်း ပညာမဲ့ ရှင်လူကတော့ လုံးချင်လုံး စိချင်စိ ၊ဘာမှ အရေးပါတယ်မထင်။
အရပ်ထဲ က ခေါင်းရွက် ဗျတ်ထိုး ဈေးသည်အစ အများ ပြည်သူ အားလုံး နေ့ စဉ် သုံးနှုန်း အလုပ်ဖြစ်နေ ကြရင် မင်္ဂလာတပါးပဲ ပေါ့။
အခုတောင် ရှင်လူက မြည်သံစွဲနဲ့
စိတာကို သတ်ပုံ ပညာရှိက (စေ့ မှအမှန်) ဆို ပြီး ဝင်ထောက်ချင် ထောက်နေအုံးမှာ။
ဟီးဟီး ....ရှင်လူ ကြိုက်တဲ့ ဝက်သားဟင်း ကို ထော့ညာ ခေါ်ခေါ်၊Pork curry ခေါ်ခေါ်၊ ခေါ်ချင်သလိုသာခေါ်။ အဆီတထပ် အသားတထပ် ဝက်သားတုံး ကြီးကို
အားရပါးရ ကိုက်စား ဖို့ ရာ ဘာသတ်ပုံ သတ်ညွှန်းမှမလိုဘူး။
ရှင်လူ့  မိတ်ဆွေ ပြည်သူတွေ
သတ်ပုံ ရန်ဘေး ဝေးပါစေ။
story#observation#shinlhu
No comments:
Post a Comment