Tuesday, January 11, 2022
story
         သတင်းမေးသွား ခြင်း အ‌ကြောင်း
         😳🙄🤔🤗🤧😕😠🤗
         ခုတလော ရှင်လူ ကြီး မိမိကိုယ်တိုင်
ဆေးခန်း မ ပြတ် ပြနေရတဲ့ ကြားက မိတ်ဆွေ တချို့ အိမ်သွား ပြီး ကျန်းမာရေး သတင်းမေး  အားပေးစကား တွေ ‌ပြောခဲ့ရ။
           မနေ့ ည နေပိုင်း MSG က မိတ်ဆွေကဗျာဆရာတယောက်ရဲ့ သားက ဆက်သွယ်လာတယ်။ "ဦး ..အိမ်လာလည်ပါအုံး"တဲ့။
"မင်းအဖေ နေကောင်းရဲ့လား" ဆိုတော့
"ဆေးကုနေရတာ တနှစ်လောက်ရှိသွား ပြီ"တဲ့။
ဒါနဲ့ နောက်နေ့ မနက် ၁၀ နာရီလောက် စီးတော် Mountain လေးနဲ့ သူ့ အိမ်ဘက် ထွက် လာခဲ့တယ်။ သူက ရှင်လူ့ထက်တနှစ်ငယ်သူ ဆိုတော့ ခု ၆၈ နှစ်ထဲဝင် ပြီပေါ့။ သူအရင် လက်ဖက်ရည်ဆိုင်ဖွင့်တုန်းက အကူအညီတောင်းဖူးလို့ သူ့ဆိုင်မှာ ၄ လလောက် ရှင်လူ
စီနီယာ ကဗျာဆရာ အောင်ချိမ့်တို့ ‌ပြေ ငြိမ်းတို့
ဆုံးသွားတဲ့အ‌ကြောင်း သူ‌ပြောတယ်။ အင်း
             ဖြစ်ပုံက 2021နှစ်ဆန်းပိုင်းကစတာပဲ။ အဲ့ချိန်က လမ်းတွေပေါ် ဆန္ဒ ပြ ကြတော့ လူငယ်တွေက သဲအိတ်တွေ လမ်းပေါ်ကာ
သူ့ မိန်းမရယ်ပဲရှိတာ‌ကြောင့် ‌ကြောက်ပြီး တံခါးသော့ခတ် ပုန်းနေ ကြတယ်။ အဲဒါ ရဲတွေက
တံခါးကို Cutter နဲ့ သော့ဖျက် ပြီး အိမ်ပေါ်တက်လာ ချိန် သူ့မိန်းမက ‌ကြောက်ပြီး လှေခါးပေါ်ကခုန်ချလိုက်တာ ‌ခြေသလုံး ထိ ပြီး အသားတွေစုတ် ပြတ်ကုန်တယ်။"သဲအိတ်ချတာဘာလို့ မတားလဲ"ဆို ပြီး သူတို့ ကို ကြိမ်းမောင်းသွားတယ်။ ဒီကိစ္စမှာ သူက အိမ်ထောင်ဦးစီး
ယောက်ျားရင့်မ ကြီး ဖြစ် ပြီး ဦးဆောင် ကာကွယ်မပေးနိုင်ရကောင်းလား ဆို ပြီး Shock ရသွားတယ်။သူ့မိန်းမလည်း ‌ခြေသလုံးကို "တက်လန်း"မှာ အတော်ကုယူလိုက်ရတယ်။
           သူကတော့ နဂိုရ်ကမှ ဆီးချို သွေးတိုး
အခံနဲ့ Shock ရ ပြီး ဘယ်မှလည်းမထွက်တော့။အရင်က စက်ဘီးတစီးနဲ့ ဟိုဟိုဒီဒီထွက်နေကျလူဟာ ခုဆို အရာရာမေ့ ပြီး ဘာအလုပ်မှလည်း မလုပ်တော့ ။ယုတ်စွအဆုံး နောက်ဖေးသွားပြီးတာတောင် သူ့ ကိုယ်သူ မသုတ်သင်တော့။ သူ့ တနေ့ တနေ့ အလုပ်က အစာစား ပြီး
ထိုင်နေတာပဲ။မိန်းမနဲ့ သား(အိမ်ထောင်ခွဲ)က
ဝိုင်း လုပ်ပေးနေရတယ်။ သမီးငယ်ကတော့ ပညာသင်ရင်း ကိုရီးယားရောက်နေတယ်။
အဲဒါ သူ့ကို စိတ်ဆရာဝန်နဲ့ ကုနေရတယ် တဲ့။
ရှင်လူ လည်း စာထဲဖတ်ဖူးတာလေး သတိရ ပြီး
အ ကြံတော့ ပေးမိပါရဲ့ ။ရန်ကုန် ပုစွန်တောင်ဘက်က Ocen မှာထင်ရဲ့။ အေမွန် ဆိုတဲ့ စိတ်ကု ပညာရှင် ရှိတာ ကြားဖူးတယ်။ ခု ရှိမရှိတော့ မသိဘူး။
             သူတို့ ပညာက အရက်၊ ဆေးလိပ်
ဖြတ်ချင်တဲ့သူတွေ ကို Suggestion ဝင်အောင်လုပ် ပခုံးပုတ် ပြီး "ပြတ်သွား ပြီ"ဆိုရုံနဲ့ ပြတ်သတဲ့။ စိတ်ညှို့ ကုထုံး ခေါ်မှာပေါ့။ ဆရာဆန်းလွင်ရဲ့ "ရတနာသုံးပါးကို ယုံ ကြည် ဆည်းကပ်လာသူ တယောက်အ‌ကြောင်း"စာအုပ်ထဲမှာလည်း စိတ်ညှို့ ကုထုံးအ‌ကြောင်း ဖတ်ခဲ့ဖူးရဲ့။
           အင်း မိတ်ဆွေဟောင်းတွေ တ ဖြည်းဖြည်း ကုန်နေရတဲ့အထဲ ကျန်တဲ့ တယောက်စ နှစ်ယောက်စကလည်း အကောင်းပကတိ မဟုတ် ကြတော့ ဒုက္ခသစ္စာနဲ့ ပက်ပင်းတိုးရတော့တာပဲ အမရေ။
(နောက်တယောက်က ဒီ့ထက်ဆိုးတာရှိသေးတယ်)
story#observation#shinlhu
No comments:
Post a Comment