Monday, January 3, 2022

story

နှစ်ဟောင်းက နှစ်သစ်ကိုသာ ‌ပြောင်းလာခဲ့တယ်။ စိတ်ချဉ်ပေါက်လို့  နှစ်သစ်ကူးရသ
အ‌ကြောင်း ဘာမှမရေး ဖြစ်။ 
         ကိုယ်နဲ့ မဆိုင်သလိုကိုနေခဲ့တာ။ ပြီးခဲ့တဲ့ ၂၀၂၁ ကတော့ ရှင်လူ့ အတွက် မင်နီ တွေ အတားခံရတဲ့နှစ်ပါပဲ။ မျက်စိခွဲ တာ တနှစ် ပြည့်တဲ့ ဖေဖေါ်ဝါရီလ မှာ ကိုယ့်ခွဲပေးတဲ့ဆရာဝန် ဘယ်ရောက်မှန်းမသိ ( သုခကုသိုလ်ဖြစ်
ဆေးခန်းမှာ ခွဲခဲ့တာ)။ ကြုံရာဝင် ပြတော့လည်း
"မျက်စိပါရဂူရှိလား မေးတော့ " "ရှိတယ်" တဲ့။
နာမည်မေးမရ ။ထားတော့ CDM ကိစ္စတွေ‌ကြောင့် ထင်ပ။ ဝင် ပြတော့ ကွန်ပျူတာနဲ့ စမ်း
၊မျက်ရည်တု မျက်စဉ်း ပေး ၊မျက်မှန်လုပ် ။ဒါပဲ။
ခုတော့ ခွဲထားတဲ့ ညာမျက်လုံး က ကြည့်ရတာအားမရ။ဝါးတားတား။ ခွဲ ပြီးကတည်းက ဖုန်းဆက်တိုက်သုံးတာလည်းပါမပေါ့။ ဟော သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ
လှေခါး သုံးထစ်က ပြုတ်ကျ ပွန်းပဲ့ အ ပြီး မ ကြာခင်မှာ ခါးနာ ၊မထိုင်နိုင်မထနိုင် ကွတတ
နှစ်လလောက်ခံစား လိုက်ရ ပြီး၊ အကိုက်အခဲပျောက်ဆေးတွေ ‌ကြောင့်လားမသိ သွေးက
၁၉၀/၁၁၀ လောက်တိုး ပြီး နှာခေါင်းသွေး
၇ ကြိမ်လောက်လျှံတယ်။ ဘုမသိ ဘမသိနဲ့
ဖြစ်နေလို့ ဖွေးဖွေးသိမ့်အဖေ မောင်ဝင်း က
သူ့ တက္ကစီနဲ့ အတင်းပို့ ပေးလို့  အောင်ရတနာကို ည အချိန်မတော် ကြီးရောက်သွား တယ်။
ဆေးထိုး ၊အီးစီဂျီရိုက် နဲ့ တခါတည်း သုံးသောင်း ထွက်သွားတယ်။ ပြီးတော့ ‌မြောက်ဥက္ကလာ
လကမ္ဘာက နားနှာခေါင်း လည်ချောင်း ပါရဂူ
ကြီးနဲ့ ပြ ၊စကုပ်တွေ ဘာတွေနဲ့ ကြည့် ပြီး
ဆရာ ကြီး ပေးတဲ့ Azeptil 500mg သောက်(သွေးပြစ်‌ဆေးထင်ပ)။ လူက အိပ်ရေးတွေပျက် သွေးကတိုးနေလို့  လမ်းထိပ်ကဆရာဝန်လေးနဲ့ ပြတာ။သောက်နေကျ Lodipine 5
အစား Amlong 10 ‌ပြောင်းပေးမှ အဆင်‌ပြေတယ်။ Azeptil 500 mg သောက်ထားလို့  အပတ်ခြား ပြီးမှ Aspilets (သွေးကျဲဆေး)နဲ့ တ ခြားဆေး နှစ်မျိုးလောက်ပါတွဲပေးတယ်။ အဲဒါ နှစ်ကူးလာ ပြီး ၂ ရက်‌မြောက် မနေ့ကမနက် Toilet ဝင်တော့ သွေးဝမ်း ပါကရော။Aspilets က အက်စပရင် အမျိုးအစားမို့ အစာအိမ်များထိလေသလား။ ညနေတခါ သွေးပါ ပြန်တယ်။အချိန်မတော် ထ ဖြစ်ရင် တယောက်ထဲရယ်၊ဒု က္ခပါပဲ။အို ဘာ ဖြစ် ဖြစ်တညစောင့် ကြည့်မယ်ပေါ့။ ၃ ရက်နေ့ မနက် ကျတော့ မပါတော့။ အင်း စိတ်အေးရ ပြီ ထင်နေတုန်း
ညနေဘက် ရုံးဆင်းချိန် တယောက်ထဲကျန်မှ
Toilet ဝင်တော့ သွေးတွေ။ မ ဖြစ်ချေဘူး၊
အချိန်ရှိတုန်း လုပ်ထားမှဆို ပြီး စက်ဘီးလေးတက်ခွ အိမ်နားက ပြနေကျဆေးခန်းကို ဒုန်းစိုင်း။ဆရာဝန်လေးကအ ပြင်ပင့်သွားလို့  အတန် ကြာစောင့်နေရသေး။ ‌ရောဂါရာဇဝင်တွေ‌ပြော ပြတော့ လိပ်ခေါင်းသွေးယိုတာ ဖြစ်ဖို့များတယ်။
အဲဒါ ဆေးတလုံးထိုးပေးပြီး သောက်ဆေး နှစ်ရက်စာပေး၊ သွေးကျဲဆေး ကခဏ ရပ်ထားဖို့‌ပြော ပြီး အရင်သောက်တဲ့ သွေးခဲဆေး Azeptil 500 mg (ဈေး ကြီးလို့ )သက်သာမယ့် အလားတူဆေးတမျိုး ရေးပေးလိုက်တယ်။ဒါတောင် ဆေးခန်းမှာ လေးထောင် ‌၊ဆေးဝယ်တာ သုံးထောင်ကျော် ၊ခွန်နှစ်ထောင်ကျော် ထွက်သွားပြီ။ လကုန်ရက်မို့ လစာပူပူနွေးနွေးရှိသေးလို့ တော်သေးရဲ့ ။ ခန္ဓာကိုယ်ထဲကသွေးတွေလည်း ခုပျစ်လိုက် ခုကျဲလိုက်နဲ့ မပျစ်မကျဲ ကြီးကို ဖြစ်လို့။
         ယိတမ ဟက်ပီး နယူးယီးယား။
မှတ်ချက်။ ။ဘာပုံတင်ရမှန်းမသိလို့  တွေ့ကရာတင်လိုက်တယ်။
story#observation#shinlhu

No comments:

Post a Comment