ကမ္ဘာကြောင်ကျယ်သ၍
😀😁😂😸😀😁😂😸😂😁🙄
ဘာရယ်မဟုတ် စိတ်ထဲမှာ စာဘူးတောင်းသိုက်ကလေးတွေ အကြောင်းတွေးမိ။
ဘာရယ်မဟုတ် ဂူဂဲခေါက် ပြီး စာဘူးတောင်း ပုံလေးတွေရှာမိ။
ဘာရယ်မဟုတ် စာဥ ၊စာပေါက် ၊စာမောင်နှံ နဲ့ စာသိုက်ပုံလေးတွေ လိုက် ကြည့်။
ဘာရယ်မဟုတ် မြက်ပင်လေးတွေ တမျှင်ချင်းသယ် ပြီးယက်လုပ်ထားတဲ့ အသိုက်လှလှလေးတွေဟာ စာဥ စာပေါက် စာမတွေနဲ့ တပျော်တပါး နေစရာ သီရိဂေဟာ တခုပါလား။
ဘာရယ်မဟုတ် စာဥမရှိ ၊စာပေါက်မရှိ ၊စာမ မရှိ စာသိုက်တခုမှာ စာတကောင်ထဲ ခပ်ပျင်းပျင်းရှိတာနဲ့....
ဘာရယ်မဟုတ် စာအုပ်သေတ္တာကိုဖွင့် ၊စာအုပ်ပုံတွေကိုလှန် ၊ စာအုပ်စင်တွေကိုဖွ ပြီး မြွေရေခွံအိတ်တွေထဲစုထည့်။
ဘာရယ်မဟုတ် ဘော်တယ်ဆိုင်မှာ စာအုပ်တပိဿာ ဘယ်ဈေး မေး ပြီး
ဘာရယ်မဟုတ် စာအုပ်အကုန် ကတ္တားတင်...
ဘာရယ်မဟုတ် ရတဲ့ပိုက်ဆံ အသိုက်နီးနားချင်း အကောင်ပေါက်ကလေးတွေကို မုန့်ဖိုးပေး၊
ကိုယ်တိုင်လည်း စာတံဆိပ်မုယော ဘီယာ တဘူးဝယ်သောက်..
ဘာရယ်မဟုတ် စာအို
စာဟောင်း စာဘူးတောင်းထဲက
အကျည်းတန်တန် အထီးကျန်
စာသူငယ် ကြီးဟာ ဝ ထ က လ သ ၊ဝ ထ က လ သ ည ည ထအော် ၊ အစာမကြေ ယောင်ရမ်း
ကမ္ဘာ ကမ္ဘေ ကြောင်ကန်း
story#observation#shinlhu
No comments:
Post a Comment