လေသန့် ဂျူဗလီ📱
🎃👺🤐😌
ရှင်လူ ကြီး မနက်ခင်း အလုပ်ကအ ပြန် "ရွှေနဂါး"လက်ဖက်ရည်ဆိုင်ရှေ့ အရောက် လမ်းတဖက်က ဂေါက်ထီး ကြီးကိုင် ပြီး ကားယား ကားယား ကူးလာတဲ့ ဦးချို ကြီး ကိုတွေ့ လိုက်ရတယ်။ လမ်းကူးရင်း ရှင်လူ့ ကို ထီးကောက် ကြီးနဲ့ သေနတ်ချိန်သလို ချိန်ပြီး "ဒါ ဘယ်လဲ၊အလုပ်က ပြန်လာတာလား"ဆိုတော့ "ဟုတ်"ဆို ပြီး ဆက်သွားမယ် အလုပ် "နေအုံး ဒီနေ့  ကျနော့မွေးနေ့  ၊ လက်ဖက်ရည်သောက်သွားအုံး"ဆိုတာနဲ့  သူနဲ့ အတူလက်ဖက်ရည်ဆိုင်ထဲ လိုက်ဝင်ရင်း စားပွဲတခုမှာ ထိုင်လိုက် ကြတယ်။
ဦးချို ကြီး ဆိုတာ တချိန်က အာတီဘီ /စီ ခေါ်မလားဘဲ ၊ကုန်းလမ်းပို့ ဆောင်ရေး (ကုန်စည်)က ငြိမ်းစား တယောက်။
ကေတုမာလာ ၁ လမ်းထဲမှာ တိုက်ခန်းနဲ့ သားသမီး မြေးတွေနဲ့  ။ဒါပေမယ့်သူက အိမ်မှာနေလို့ မရသူ။ ရပ်ကွက် ဓမ္မာရုံ နားက "သာသနာ့ အလင်း"ဆိုလား အမည်ပေးထားတဲ့ စာ ကြည့်တိုက်မှာနေတယ်။ စာ ကြည့်တိုက် ဆိုပေမယ့် ဖုံတက်နေတဲ့ စာအုပ်ပုံတွေ စင်တွေနဲ့  တချိန်က ဦးစံပုတို့  ကုသိုလ် ဖြစ် တိုင်းရင်း ဆေးခန်းတွဲဖွင့်ခဲ့ဖူးတော့ ဆေးခန်းလက်ကျန် တိုလီမိုလီတွေနဲ့ လည်း ရှုပ်ပွနေတယ်။ အဲ့အခန်းမှာ တကိုယ်တော် စံ မြန်းနေတဲ့ ဦးချို ကြီးအတွက်လည်း ရေမီးအစုံ ၊လေထီးခုံပေါ့။ ရပ်ကွက်အစွန်ဆိုတော့လည်း အိမ်တွေကစွန့်ပစ်ထားတဲ့ ဘုရား ရဟန္တာ ဘိုးတော် မယ်တော် ရုပ်တု ဓါတ်ပုံ တွေကအစ ပလပ်စတစ်ပန်း ပန်ကာဟောင်း တိုင်ကပ်နာရီဟောင်းတွေက အစုံ အလင်မို့  ကိုချို ကြီးရဲ့ တကိုယ်တော် နန်းဟာ ဘုရား ရဟန္တာ ဘိုးတော် မယ်တော်တွေအတွက် ပရဟိတ ကယ်ဆယ်ရေးဂေဟာ တခုဆိုလည်း မမှားပါဘူး။
တချိန်က ဆေးဆရာ ဦးစံပု လေမ ဖြန်းခင် ဆေးခန်းဖွင့်ထားတုန်းကတော့ ဦးချို ကြီးဟာ
ဦးစံပုရဲ့ ဆေးလက်ထောက်ပေါ့။ဆေး တို့  ဆေးဘူးခွံတို့ လိုတဲ့အခါလည်း သိမ် ကြီးဈေး ပြေးဝယ်ပေါ့။ ခုတော့  ဆေးခန်းက ပိတ်ထားရသလို စာ ကြည့်တိုက်ကလည်း လာသူမရှိတော့ ကျီးနဲ့ ဖုတ်ဖုတ် ဆိုသလိုပေါ့ ။ အဲ့ စာ ကြည့်တိုက် မျက်နှာစာဟာ နေ့ စဉ် ကိုချို ကြီး ကျီးစာ ကြွေးရာနေရာပေါ့ ။မလှမ်းမကမ်း သဘာဝရိပ်သာက ဘော်ဒါတယောက်က
တနေ့ တနေ့  ဆန် သုံးဘူးဆိုလား
လာလာပေးတော့ ဦးချို ကြီးက ဝေယျာဝစ္စ ဒါနလုပ်ပေးနေကျ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကတော့ ဒီ စာ ကြည့်တိုက်ကလေးမှာ လာလာ စု ပြီး အာလူးမုန်တိုင်းတိုက်ခဲ့ ကြတဲ့ ရပ်မိ ရပ်ဖ တွေ ရှိခဲ့ ကြတယ်။ ခုတော့ အတော်များများလည်း ပင်စင်ယူ ပြီး တမလွန်ကိုရောက်ကုန်
ကြ ပြီ။
အဲ့ချိန်တုန်းကတော့ ရှင်လူ နဲ့  ဦးချို ကြီးတို့ က အတိုက်အခံ တွေ။ တယောက်ယောက်က အဆိုတခုခု တင်လာရင် အများအား ဖြင့် အယူအဆ မတူလေ့ ရှိတာမို့  နှစ်ယောက်သား ဒိုင်ခံ ငြင်းခုန် ကြပေါ့။ တခါ တခါ မေးကြော ကြီးတွေ ထောင် လာတဲ့အထိ အော် ကြ ဟစ် ကြ။ ဦးချို
ကြီးက ဒေါသ ထွက်လွယ် ပြီး အငေါ့ သန် သလို ရှင်လူကလည်း
ဘယ်ပွဲကမှ အဖိတ်မခံရ လို့  မရွတ်ခဲ့ရတဲ့ ကိုယ်တိုင်ရေးကဗျာတွေ
ထရွတ်ပေါ့။သူကငေါ့လိုက် ကိုယ်က ကဗျာရွတ်လိုက်နဲ့  သက္ကရာဇ်တွေ အလီလီ ပြောင်း လာခဲ့တယ်။
ဒီနေ့ တော့ ဦးချို ကြီးရဲ့ 
၇၅ နှစ်မြောက် Diamond Jubilee ဆိုလားပဲ။
"လက်ဖက်ရည်သောက်၊
ဘာစားအုံးမလဲ" ဦးချို ကြီးက အ
မြဲလို မဲ့ရွဲ့  ငေါ့တော့တော့ လုပ်တတ်တဲ့ သူ့ မျက်နှာ ပြဲ ပြဲ ကြီးကို
အစွမ်းကုန် ပြုံး ပြီး မေးလာတော့
ရှင်လူလည်း စားပွဲထိုးလာချတဲ့
စမူဆာပွဲထဲက စမူဆာ နှစ်ခု ကုန်အောင် ဆက်တိုက်ဝါးပလိုက်တယ်။စမူဆာ ကို အချဉ်ရည်တို့  တ
မြုံ့  မြုံ့ ဝါးရင်း သုံးဖက်ချွန်ဗိုလ်ချုပ်အောင် ကြီးကို သတိရလိုက်မိသေးတယ်။ လက်ဖက်ရည်ဖိုးရှင်းတော့ ဦးချို ကြီးက စားပွဲထိုးလေးဆီက အိတ်ခွံတခု တောင်း ပြီး ပန်းကန်ထဲကျန်နေတဲ့ စမူဆာနှစ်ခုကောက်ထည့်။
"ရော့ ယူသွား ၊ကလေး
တွေ ဘာတွေ ကြွေးရတာပေါ့"
ရှင်လူ ကြီး ကလေးတွေတရုန်းရုန်းနဲ့ နေတတ်တာ သူသိနေတယ်။ ဒါနဲ့  ရှင်လူလည်း စမူဆာထုတ်လေး ယူ ပြီး အိမ် ပြန်လာခဲ့တယ်။ ရွေးကောက်ပွဲ မဲဆွယ်တာမှ မဟုတ်ဘဲလေ ၊ သန့်ပါတယ်။
story#observation#shinlhu
No comments:
Post a Comment