Saturday, January 25, 2025

story

Natural sound 🥶 ✴️ 😔 🤣  
          ရှင်လူ ပင်းဒယ ရောက်တုန်းက ဘုရားပေါ်တက်ရင်းလမ်းခုလတ်မှာ ထိုင်ဝမ်ကတိုးရစ်တွေနဲ့ဆုံခဲ့တယ်
အဲ့ဒီအချိန် ညနေခင်းလေးမို့သာယာ လှပတဲ့ တောင်ပေါ်ရှုခင်းကလည်းမျက်စိတဆုံးပါပဲ။ဒီအခိုက်သူတို့ထဲက တယောက်က "What sound?ဆိုပြီးမေးလာပါတယ်။ရုတ်တရက်တော့ သူဘာမေးမှန်းမသိ။What you mean?
မင်းဘာမေးတာလဲ လို့ပြန်မေးလိုက်မှSound ..Sound..
လို့နားကိုကိုင်ပြီးပတ်ဝန်းကျင်ကိုဝှေ့ယမ်းပြပါတယ်။ဒီတော့မှရှင်လူသဘောပေါက်သွားပါတယ်။
တိတ်ဆိတ်နေတဲ့မြိုင်ကြီးဂနိုင်ကြီးထဲမှာပုရစ်လို ပုစဉ်းရင်ကွဲလို အင်းဆက်တွေရဲ့အော်သံဟာဆင်ဖိုနီသံစုံတီးဝိုင်းကြီးတခုက စည့်းချက်မှန်မှန်နဲ့တင်ဆက်နေသလို ညင်သာငြိမ့်ညောင်းလှပါတယ်။ဪသူတို့လိုမြို့ပြယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံတွေကလူတွေဟာတောတောင်သဘာဝတွေကိုတောင်နားမလည်ကြတော့ပါလားတွေးမိရင်း
Insect sound(အင်းဆက်တွေရဲ့အသံ)လို့ပြောလိုက်တော့ သူကောင်းကောင်းသဘောမပေါက်ပြန်ဘူး။ဒါနဲ့
Natural sound.(သဘာဝအသံ)လို့ပြောလိုက်မှ သူ့အဖေါ်တွေကိုတရုတ်လိုပြန်ရှင်းပြနေပါတယ်။
               ခုလိုအချိန် ရန်ကုန်မြို့မှာ သူတို့နဲ့ဆုံအုန်းမယ်ဆိုရင် What sound?ဆိုတဲ့မေးခွန်းထပ်လာအုန်းမယ်ထင်ပါတယ်။လူခြေတိတ်စညနေစောင်းရဲ့ဆင်ဖိုနီက
Generator ခေါ် မီးစက်မောင်းသံတွေပါပဲ။Generatorတော့နားလည်ကောင်းပါရဲ့။ဒါမှနားမလည်လည်း Natural soundလို့ပဲထပ်ပြောရမှာပဲလေ။
story #observation#shinlhu

story

Natural sound 🥶 ✴️ 😔 🤣  
          ရှင်လူ ပင်းဒယ ရောက်တုန်းက ဘုရားပေါ်တက်ရင်းလမ်းခုလတ်မှာ ထိုင်ဝမ်ကတိုးရစ်တွေနဲ့ဆုံခဲ့တယ်
အဲ့ဒီအချိန် ညနေခင်းလေးမို့သာယာ လှပတဲ့ တောင်ပေါ်ရှုခင်းကလည်းမျက်စိတဆုံးပါပဲ။ဒီအခိုက်သူတို့ထဲက တယောက်က "What sound?ဆိုပြီးမေးလာပါတယ်။ရုတ်တရက်တော့ သူဘာမေးမှန်းမသိ။What you mean?
မင်းဘာမေးတာလဲ လို့ပြန်မေးလိုက်မှSound ..Sound..
လို့နားကိုကိုင်ပြီးပတ်ဝန်းကျင်ကိုဝှေ့ယမ်းပြပါတယ်။ဒီတော့မှရှင်လူသဘောပေါက်သွားပါတယ်။
တိတ်ဆိတ်နေတဲ့မြိုင်ကြီးဂနိုင်ကြီးထဲမှာပုရစ်လို ပုစဉ်းရင်ကွဲလို အင်းဆက်တွေရဲ့အော်သံဟာဆင်ဖိုနီသံစုံတီးဝိုင်းကြီးတခုက စည့်းချက်မှန်မှန်နဲ့တင်ဆက်နေသလို ညင်သာငြိမ့်ညောင်းလှပါတယ်။ဪသူတို့လိုမြို့ပြယဉ်ကျေးမှုထွန်းကားတဲ့နိုင်ငံတွေကလူတွေဟာတောတောင်သဘာဝတွေကိုတောင်နားမလည်ကြတော့ပါလားတွေးမိရင်း
Insect sound(အင်းဆက်တွေရဲ့အသံ)လို့ပြောလိုက်တော့ သူကောင်းကောင်းသဘောမပေါက်ပြန်ဘူး။ဒါနဲ့
Natural sound.(သဘာဝအသံ)လို့ပြောလိုက်မှ သူ့အဖေါ်တွေကိုတရုတ်လိုပြန်ရှင်းပြနေပါတယ်။
               ခုလိုအချိန် ရန်ကုန်မြို့မှာ သူတို့နဲ့ဆုံအုန်းမယ်ဆိုရင် What sound?ဆိုတဲ့မေးခွန်းထပ်လာအုန်းမယ်ထင်ပါတယ်။လူခြေတိတ်စညနေစောင်းရဲ့ဆင်ဖိုနီက
Generator ခေါ် မီးစက်မောင်းသံတွေပါပဲ။Generatorတော့နားလည်ကောင်းပါရဲ့။ဒါမှနားမလည်လည်း Natural soundလို့ပဲထပ်ပြောရမှာပဲလေ။
story #observation#shinlhu

Friday, January 17, 2025

story

SATIRE
မိနစ်၂၀ တော်လှန်ရေး
🕺👺💃👺💃🕴️
ရှင်လူ

ရှင်လူ့ ကလေးတွေတော့ အောင်ပွဲခံတယ်ဆို ပြီး ပျော်နေ ကြတယ်။သူတို့ပျော်နေပုံ ကို ကြည့်ရင်း ရှင်လူ ကြီး ၁၉၉၀ ခုမေလ ၂၇ ရက်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကြီးကို ပြန်သတိရမိတယ်။
အဲ့ဒီတုန်းကလည်း ခုလိုပဲ။ Land slide
Victory တဲ့။NLD ဟာ သောင်ပြို ကမ်းပြိုနိုင်ခဲ့တာပဲ။ မဲစာရင်းတွေရေတွက် ပြီးလို့ နိုင်တယ်လည်း ဆိုရော ကားကြီးတွေပေါ်မှာ ဒေါ်အောင်ဆန်းစု ကြည်ပုံတွေ၊ ခမောက်ပုံ ကြီးတွေ ထောင် ပြီး (အဲ့ချိန်က NLD
ရွေးကောက်ပွဲ အမှတ်တံဆိပ်က ခမောက်ပုံ) အောင်ပွဲခံ ကြပေါ့။ ဒီလိုနဲ့ သုံးရက်လောက်နေတော့ တောင်ဥက္ကလာပ မြို့နယ်
မဲဆန္ဒနယ်( -)က အရွေးခံရတဲ့ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် သ္ခင်စိုးမြင့်(ယ္ခ ု
တောင်ဥက္ကလာ တိုင်းဒသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ် မြင့်ရဲ့ဖခင်) ကိုရှင်လူ ‌ပြောရတယ်။"အန်ကယ့် ပါတီက လူတွေကလည်း အောင်ပွဲခံလို့ကိုမ ပြီးဘူး၊သင်း ကြန်ကျနေတဲ့အတိုင်း
ပဲ"လို့။
ဒီလိုပဲ ပျော်ခဲ့ ကြတာပါပဲ။ နောက်တော့ စစ်အစိုးရက လွှတ်တော်မခေါ်ပဲ လွှတ်တော်ကိုယ်စားလှယ်တွေကို ရဲမွန်ပို့သူပို့၊ထောင်ထဲပို့သူပို့၊တချို ု့လွှတ်တော်ကိုယ်စားလှယ်တွေဆို ထောင်ထဲမှာသေခဲ့ ကြရတယ်။အဲ့လို လက်နက်အားကိုးနဲ့ ဖိနှိပ်တော့ တချိ ု့လွှတ်တော်ကိုယ်စားလှယ်တွေဆို ပြည်ပကိုထွက်‌ေ ပြး ကြ ပြီး စင် ပြိုင်ညွန့်ပေါင်းအစိုးရတွေဘာတွေဖွဲ့ပေါ့။
အဲဒါ သူတို့ကလွှတ်တော်ခေါ်ဖို့လုပ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး၊‌ခြေဥရေးဆွဲဖို့ဆို
ပြီး ၁၉၉၀ ခု ရွေးကောက်ပွဲရလာဒ် ဖြစ်တဲ့ ဆင်တွေကို ဆိတ် ဖြစ်အောင်ပုံစံသွင်း ပြီးနေလိုက်တာ နှစ်ပေါင်း ၂၀ ကြာအောင်ပဲ။ရှင်လူ့ကို NLD ပါတီဝင်မဟုတ်ပေမယ့် "ဒီတရက်တော့ ကူညီပါ"ဆို ပြီး သူ့ရဲ့မဲရုံ ကိုယ်စားလှယ်ခန့် တဲ့ သ္ခင်စိုး မြင့်လည်း ၂၀၁၀ ခုမှာ ကွယ်လွန်သာသွားရောလွှတ်တော်အပေါက်ဝတောင်ရောက်မသွားရှာဘူး။ရှင်လူလည်း တရက်ဆို ပြီး ကူညီလိုက်တာ စစ်အစိုးရမင်းများက နှစ်ပေါင်း၂၀ ကြာတောင် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် ပြုမပေး‌ေ လတော့
လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်ခန့်အပ်ထားတဲ့ သူ့မဲကိုယ်စားလှယ် ရှင်လူ့ခမျာလည်း နှစ်ပေါင်း ၂၀ ၊ သ္ခင်စိုး မြင့် ကွယ်လွန်မှပဲ ‌ကြေညာချက်ဝေရတာတို့ ၊ဆ
က်သားလုပ်ရတာတို့၊ ကိုယ်ရံတော်လုပ်ရတာတို့က နားပြီး ကုမ္ပဏီမှာ လုံ ခြုံရေးဝင်လုပ်နေပါတယ်။ ဒါတောင် အခု 
အသက်၆၇ နှစ် ထိ NLD ကို ဝန်းရံနေတုန်းပါပဲ။ခု ကလေးတွေကို ဗိုလ်ချုပ် အောင်ဆန်းစကားနဲ့ငှား ပြီး‌ပြောရရင် "နိုင် ပြီဆို ပြီး တက်မမထောင် ကြပါနဲ့အုံး၊ ဒီငနဲတွေက ဗုံးတွေ ဂတုံးတွေ နဲ့တင်မက ခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ သူတို့ရှုံးတဲ့အတွက် လက်မှတ်ထိုးမပေးဖို့ အမိန့် ထုတ်ထားတယ် ကြားတယ်။
သတင်းမှန်မမှန်တော့ တရက်နှစ်ရက်ဆို သိရမှာပါပဲ။အေး အဲ့လို လုပ်လာလည်း
အကွက်ဆန်းတော့မဟုတ်ဘူး။၁၉၉၀
ခုက အကွက်ဟောင်း ကြီးပဲ။
လိမှပဲ ၊ရှင်လူ့အသက်က ခုလ ၂၉ ရက်ဆို ၆၇ ဖြစ်ပြီ ၊နောက်ထပ် နှစ် ၂၀
NLD ကို ဆက်ဝန်းရံပေးဖို့ မမျှော်လင့်နိုင်တော့ဘူး။ဒီတခါ ညစ်ပတ်ရင် လက်နက်ကိုင်တော်လှန်ဖို့ပဲ ကျန်တော့တယ်။
အနှစ် ၂၀ မလုပ်နိုင်တော့လို့ မိနစ်၂၀နဲ့ ပြီးအောင်လုပ်ရမှာ။ ဟိုကောင်လေး ကောင်မလေးတွေ အောင်ပွဲခံ အပျော်ကျ ူးပြီး
ခွန်အားတွေ ဖြ ုန်းမနေ ကြနဲ့။
ရှင်လူနဲ့အတူ မိနစ်၂၀ တော်လှန်ရေးမှာ
ဖျားနာ ပြီး မပါနိုင် ဖြစ်ကုန်မယ်။

ပုံက FB ပေါ်တွေ့လို့ SS ဆွဲလာတာ။
မမှန်ရင် မူရင်းတင်တဲ့လူ ဂျင်းထည့်တာ။
မှန်ရင် ကလေးတွေ ကော်ပီဆွဲထားလိုက်။
ဒါ သက်သေခံပစ္စည်းပဲ။
story #observation#shinlhu

Saturday, January 11, 2025

story

အမေ့သားစာကျက်နေတယ် 🎃🙄😓😠 🤔🤗🎃🙄😓😠 🤔🤗
ရှင်လူကြီးက             ဘဝတ‌လျှောက်လုံးအကြောင့်ကြမဲ့နေလာသူဖြစ်ပါတယ်။အကြောင့်ကြမဲ့ဆိုတာ အဘက်ဘက်ကပြည့်စုံကုံလုံနေလို့မဟုတ်ပါဘူး။ပါတ်ဝန်းကျင်ကောင်းတွေနဲ့ဆုံခဲ့ရလို့ဖြစ်ပါတယ်။ငယ်စဉ်မိဘနဲ့နေတုန်းကလည်းမိမိရဲ့ စားဝတ်နေထိုင်ရေးကိုမိဘကပဲစီစဉ်ဆောင်ရွက်ပေးပါတယ်။ထမင်းချက် အဝတ်လျှော်စသဖြင့်မလုပ်ခဲ့ရပါ။အိမ်ထောင်ကျတော့လည်းထို့အတူပါပဲ။ဇနီးသည်မမရဲ့စီမံခန့်ခွဲမှုအောက်မှာပဲနေခဲ့ရတော့ထမင်းစားတာကအစလက်ဆေးပြီးဝင်စားလိုက်ရုံပါပဲ။ဒါကြောင့်ဒီနေ့fbပေါ်မှာ အများစုတင်နေကြတဲ့"လျှပ်စစ်မီး"ပြဿနာမျိုးတင်လေ့ အော်လေ့မရှိပါ။fbပေါ်မှာဆိုင်ရာက "....နေ့မှစ၍ လျှပ်စစ်မီးများကို တနေ့လျှင်
ဘယ်နှစ်နာရီ၊ဘယ်နှစ်ကြိမ်ခွဲပေးမယ်...."စသဖြင့်ကြေညာလည်းကြောင့်ကြမဲ့နေလာတဲ့ရှင်လူက
ဂရုကိုမစိုက်။မှတ်သားထားရမှန်းမသိ။မီးလာလာမလာလာ အင်တာနက်အတွက်ကတော့ "ရှယ်စုဘူး ဆိုလား ဘာလား"ဒေတာပက်ကေ့ခ်ျဝယ်သုံးပေါ့။
               ခုတ‌လောမှာတော့ရှင်လူအဖိုးကြီးမီးပြဿနာကြောင့်ခေါင်းနည်းနည်းစားလာရတယ်။ဘာလို့လဲ ဆိုတော့ ဆန်တဘူးလျော့လျော့ တနေ့စာကို ကိုယ်တိုင်ချက်စားနေရတော့ မီးကဘယ်ချိန်လာပြီးဘယ်ချိန်ပျက်မှန်းမသိ။မနေ့ညကတော့ ၉နာရီမှာမီးလာနေတယ်။ဒီမနက်၅နာရီနိုးလာတော့ မီးကလာနေတုန်း ၊ဒါနဲ့ ဆန်လေးဆေးပြီးထမင်းအိုးတည်တာ ကျက်သွားတယ်။အဲဒါဈေးထဲသွား မုန့်ဟင်းခါးစားပြီးပဲပြုတ်ဝယ်တော့ ပဲပြုတ်သည်က
"ခြောက်ရာဖိုးထည့်လိုက်ရမလား"တဲ့။အခါတိုင်း ပဲပြုတ်ငါးကျပ်သား ငါးရာဝယ်နေကျဟာ
ခြေက်ရာဆိုတော့ တဆယ်သားနှစ်ရာတက်သွားတဲ့သဘော။ကဲ ဘာပဲဖြစ်ဖြစ် မီးပျက်သွားလည်းရှိတဲ့သရက်သီးသနပ်နဲ့ပဲပြုတ်ဆီဆမ်း သက်သတ်လွတ်ပေါ့ တွေးနေတုန်း အနားကကုန်စိမ်းသည်ကငါးခြောက်သည်ကိုလှမ်းမေးလိုက်တယ် "မီးကဘယ်ချိန်ထိလာမှာလဲ""ကိုးနာရီ"။သူ့တို့ဆီကကြားကြားချင်းနာရီကြည့်လိုက်တော့ ရှစ်နာရီ။ဒါနဲ့ ကြော်စားဖို့
ဘဲဥနှစ်လုံးထပ်ဝယ်လိုက်တယ်၊သက်သတ်လွတ်အဓိဌာန်ပျက်ကရော။အင်း ဒီအတိုင်းဆို ကွီးယားတို့ ဂျပန်တို့လို သားစိမ်းငါးစိမ်းစားပဲကျင့်ရမလား၊မီးအချိန်ဇယားကိုစခရင်ရှော့ဆွဲပြီးအလွတ်ပဲကျက်ရမလား၊ တခုခု‌တော့ တခုခုပေါ့......
story #observation#shinlhu

story

စိန်ရှင်လူတို့ ကတဲ့ပွဲ
♪♡  ♬ ♡ ♥ ♪ ♬ 
♥ ဒီမနက် ရှင်လူအလုပ်ကပြန်တော့ 
စီးတော်မြင်းကလေးနဲ့ ယောက်ကော်ဘုရား
ဘက်ကဖြတ်ပြန်ခဲ့တယ်။
 မနက် ၆ နာရီကျော်နေပြီ ``ချစ်စွမ်းသာ´´ဇာတ်ရုံဆီက တဂျိမ်းဂျိမ်း
ဆိုင်းသံ ဘင်သံတွေက ဟိန်းလို့။ဒါနဲ့ရှင်လူလည်း ဇာတ်ရုံရှေ့မှာ
စီးတော်မြင်းကိုဇက်သတ်လိုက်ပြီး
ရုံထဲဝင်ခြောင်းလိုက်တော့ ရောင်စုံမီးဆလိုက် ဆက်တင်တွေ တလက်လက်နဲ့ ချစ်စွမ်းသာတို့ ကပြဖျော်ဖြေနေလိုက်တာ။ ဇွဲကောင်းတဲ့ပရိတ်သတ်တချို့ကလည်း
ပြည်ဖုံးကားမချမချင်းပြန်မယ့်ပုံမပေါ်။
ကိုယ့်အလုပ်ကို အဲ့လိုတာဝန်ကျေကျေ
ကြိုးစားလုပ်နေတဲ့ မင်းသားလေး တော်ပါပေတယ်။ သူတို့အတွက် မြို့နယ်
တိုင်းမှာ အဆင့်မြင့် ဇာတ်ရုံကြီးတွေ
ဆောက်ပေးချင်လိုက်တာ။
တဆက်တည်းစပ်မိစပ်ရာကလေးတခု
ပြောရအုံးမယ်။တခါတုန်းက ညီကဗျာဆရာ
နှင်းခါးမိုးတယောက် fb ပေါ်ကိုပုံလေးတပုံ
တင်တာသွားသတိရတယ်။ နော်ဝေနိုင်ငံ
ဘာဂန်းမြို့က တောင်ပေါ်လမ်းရှုခင်းပုံလေး
တပုံပါ။ ပုံမှာ ရေးထားတဲ့ စာက``ပြဇာတ်ရုံ
ဆီသွားတဲ့လမ်းကလေး´´တဲ့။ နောက်ပိုင်းသူ
မြန်မာပြည်ပြန်ရောက်လာတော့ အဲ့ပုံလေး
အကြောင်းမေးကြည့်မိတယ်။ ``ဇာတ်ရုံတွေ
က ဘယ်လို ကပြကြလဲ´´ပေါ့။``အကိုရ..
ဟိုမှာ က မြို့တိုင်းမှာဇာတ်ရုံတွေရှိတယ်၊
မိုးရွာရွာ နေပူပူ နှင်းကျကျ ..၂၄ နာရီလုံးလုံး
ပြဇာတ်ကဆက်ကနေတာ။ဆုံးသွားရင်အစကပြန်က။
ကြည့်သူရှိရှိမရှိရှိသူ့အလုပ်သူလုပ်နေတာပဲ။ ကိုယ်ပြဇာတ်ကြည့်ချင်တယ်
ဆိုရင် ဘယ်အချိန်ုဖြစ်ဖြစ် ရုံထဲဝင်ကြည့်
လိုက်ရုံပဲ တဲ့။ကဲ ..မကောင်းဘူးလား။
ဇာတ်ပွဲရာသီကုန်လို့ ဆ်ိုက္ကားနင်းကြရ၊
ကန်စွန်းရွက်ရောင်းကြရတဲ့ ဇာတ်ပို့ ဇာတ်ရံ
ဆိုင်းသမား၊လူပြက်ကအစပရော်ဖက်ရှင်နယ် တွေ အလုပ်မြဲသွားမယ်။ ဇာတ်သဘင်
အနုပညာကိုကြည့်ရှုခံစားချင်တဲ့သူက
လည်း သန်းခေါင်ကျော်မှ အားအား၊
မွန်းတည့်မှ အားအားဇာတ်ပွဲသွားလို့
ရတယ်။ မကောင်းလား။အဲ့လိုဆို ရှင်လူ
ကြီးတောင် ဂိုဒေါင်စောင့်မလုပ်ပဲ ဇာတ်
ထောင်စားလို့ရတယ်။
နှစ်ပါးခွင်မှာ နောက်ထိုင်မင်းသမီးတွေ
စင်အပြည့်နဲ့ မြို့မေတ္တာခံယူမယ့်သားလေး
စိန်ရှင်လူ..``အို..ဘာတဲ့...မြိုင်ညို..မြိုင်ညို
တော♪ ♬ ရဲ့ သာစခန်းမှာ ♪ ♬ နှမရယ်
ပမ်းရင် ♬ ♪ ♪ မောင်ထမ်းလို့♪ ♬ 
မောင်ထမ်းလို့♪ ♬ ဟို့..ဟို့..♪ ခေါ်ပဟ
မယ်♪ ♬ တိန်ဗျောင်♪ ♬ တိန်ဗျောင်♪ ♬
story #observation#shinlhu

Thursday, January 9, 2025

Story

သိုက်ကလာတဲ့သူ     
🤔🙄😓😠  🤗
တိုကင်ယူပြီး ခန်းမထဲလူများနေတာကြောင့်ကိုရီးယားစင်တာ ရှေ့ဘက်ပြန်ထွက်ခဲ့တယ်။ ကိုးရီးယားစင်တာဆိုတာက ကိုရီးယား၂၀၀၀ ဆိုတဲ့စက်နဲ့လူတွေရဲ့ကျန်းမာရေးဝန်ဆောင်ပေးတဲ့‌
နေရာတခုဖြစ်ပါတယ်။ဒီစက်ရဲ့စွမ်း ဆောင်မှုက ခြေဖဝါးကတဆင့်တစက္ကန့်ကို အကြိမ် ၂၀၀၀ တုန်နှုန်းနဲ့ တကိုယ်လုံးကအကြောများကိုနိုးကြားစေပြီးရောဂါများစွာကိုကာကွယ်သက်သာစေပါတယ်။ရှင်လူကတော့ ညအိပ်ပျော်တာရယ် ဝမ်းမှန်တာနှစ်ခုနဲ့ပင် ဒီစက်ကိုလာအသုံးပြုနေတာပါ။ဆက်ရှင်တခုကိုနာရီဝက်ကြာပြီး တနင်္လာကနေ နောက်စနေထိ နေ့စဉ်အခမဲ့ဝန်ဆောင်ပေးပါတယ်။
           စင်တာရှေ့မှာထိုင်စရာ ရှာလိုက်တော့ နေရာအတန်သင့်ကျယ်ဝန်းတဲ့ဖိနပ်ချွတ်အုတ်ခုံနေရာကိုတွေ့ပါတယ်။ဖိနပ်တချို့ရှိနေပေမယ့် ဖြူဖွေးတဲ့ကြွေပြားများကပ်ထားလို့သန့်ရှင်းနေတာကြောင့် ရှင်လူက အစွန်းဘက်နေရာလေးမှာခြေချထိုင်လိုက်ပါတယ်။
          "အဘ အဲ့မှာမထိုင်နဲ့လေ ညစ်ပတ်တယ်"
           "ရပါတယ်သမီးရယ်
သန့်ပါတယ်"
              "အာ ဘယ်သန့်မလဲအဘရယ် ၊ဖိနပ်ချွတ်ကြီး ၊သမီးခုံယူပေးမယ်"
                ကိုရီးယားစင်တာကဝန်ထမ်း ကလေးမလေးက ပြောပြောဆိုဆို ပလပ်စတစ်ခုံတလုံးယူလာပေးလို့မလွှဲသာပဲပြောင်းထိုင်လိုက်ရပါတယ်။
                  ကလေးမလေးထွက်ခွါသွားတော့မှ ရှင်လူ့အပေါ် ဒီလိုကြပ်မဂရုစိုက်တတ်တဲ့ မိန်းမတယောက်အကြောင်းသတိရမိပြီး အတွေးတွေက အတိတ်ကာလ ၁၉၆၉ ခုဆီနောက်ကြောင်ပြန်သွားခဲ့ပေါ့။
                  မမနဲ့စဆုံတဲ့ ၁၉၆၉ ခုတုန်းက ရှင်လူ့အသက်က ၁၆ နှစ်သား၊ မမက၃၂ နှစ်။
အသက်ချင်း၁၆နှစ်ကွာပေမယ့် ၃၂ နှစ်အရွယ်မမရဲ့အလှက အစွမ်းကုန်ဖူးပွင့်စ ပန်းတပွင့်လိုဝင့်ထယ်လို့ပေါ့။အသက်အရွယ်
နဲ့ပါတ်သက်လို့လည်း မြန်မာဂန္ထဝင်စာပေသမိုင်းထဲက နတ်ရှင်နောင်နဲ့ရာဇဓာတုကလျာ၊နဝဒေးနဲ့ရှင်နှောင်း၊နိုင်ဝင်းဆွေရဲ့ "မဟူရာမေတ္တာ"ထဲက သျှီဝမြို့စာကလေးနဲ့ပန်ထွာဘုရင်မစတဲ့သာဓကတွေက အထင်အရှားရှိထားပြီမို့ ဘာမှပြဿနာမရှိ။ရေစက်ပဲထင်ပါရဲ့
တယောက်နဲ့တယောက်တွေ့တွေ့ချင်းလပိုင်းးအတွင်းမှာပဲချစ်သူတွေဖြစ်ခဲ့ကြပါတယ်။
                  မမက လှသလောက်
behaviour လို့ဆိုရမယ့်အပြုအမူအနေအထိုင်တွေက ထူးခြားသူတယောက်ပါ။အမှန်တော့ ဒီကိစ္စဟာသူ့မိဘတွေရဲ့အယူအစွဲက စတင်ပါတယ်။သူမကိုမမွေးခင် သူမရဲ့မိခင်ဟာထူးဆန်းတဲ့အိပ်မက်တခုမက်ပါသတဲ့။အိပ်မက်ထဲမှာ ဆင်ဖြူကြီးတကောင်ဟာ အိမ်ထဲဝင်လာခဲ့ပြီး အမေတို့နဲ့အတူနေခွင့်ပြုပါလို့ခွင့်တောင်းသတဲ့။အဲ့ဒီအိပ်မက် မက်ပြီးမကြာခင်မှာပဲမမရဲ့မိခင်ဟာကိုယ်ဝန်ရပြီးမမကိုမွေးခဲ့ပါသတဲ့။ဒါကြောင့်သူတို့သမီးလေးဟာ သိုက်ကလာတာ။သိုက်ကလာတဲ့လူဟာအနေ
အထိုင်သန့်တာတို့ စည်းကမ်းကောင်းတာတို့ အကျင့်သီလကောင်းပြီး စီးပွားဥစ္စာတိုးတက်တာတို့ စသဖြင့် မကြာမကြာပြောလေ့ရှိတော့လည်း မမခမျာ Auto suggestion လုပ်ခံရသလို သူမကိုယ်သူမလည်း 
သိုက်ကလာသူလို့ထင်ပုံရပါတယ်။ရှင်လူနဲ့ပေါင်းသင်းခဲ့တဲ့နှစ်ပေါင်း၄၀ ကျော်အတွင်း မမရဲ့ နိုင်ငံရေးအတွေးအမြင်များဟာခေတ်မီပေမယ့် မမရဲ့လူမှုရေး အိမ်ထောင်ရေးအမြင်များကတော့အင်မတန်ရှေးဆန်လှပါတယ်။သူအနေအထိုင်သန့်သလို တခြားလူများလည်းအနေအထိုင်သန့်မှကြိုက်ပါတယ်။အများသုံးရေတိုင်မှာ သောက်ရေစစ်နဲ့သူရေခံနေတုန်းတယောက်ယောက်ကအပေါ်ကရေလှမ်းခပ်လိုက်လို့ ရေစက်စင်သွားရင် အရင်ခံထားတဲ့ရေတွေသွန်ပစ်ပြီးအစကပြန်ခံပါတယ်။ကျော်ခပ်သွားသူကိုလည်း မျက်စောင်းနက်နက်ထိုးတတ်လို့ သူ့ဆိုဝန်းကျင်ကလူတွေကခပ်ရွံ့ရွံ့ရယ်ပါ။ရှင်လူ့ကိုသူကမောင်လို့အမြဲခေါ်တတ်ပြီး သူ့နှုတ်က"ဟိုဆရာ"လို့ခေါ်လိုက်ရင်တော့ တခုခုမှားနေပြီ။ရှင်လူ သူမက်ြိုက်တဲ့ကြမ်းပေါ်အခင်းမပါဘဲထိုင်နေတာဖြစ်ဖြစ် ၊အောက်စလွတ်နေတာဘဲဖြစ်ဖြစ် တခုခုတော့မှားနေပြီ။ထမင်းစားပွဲဝင်ထိုင်ပြီးမှလက်တွေပြောင်အောင်မဆေးလို့ကတော့ကလေးငေါက်သလိုငေါက်ပြီးထပ်ဆေးခိုင်းမြဲ။
ချက်တဲ့ပြုတ်တဲ့နေရာမှာလည်း
ဟင်းအမယ်မယ်၊အရံဟင်းအမျိုးမျိုး ။သူမက တိုင်းရင်းမေတို့ ယုဝတီတို့လိုဂျာနယ်တွေထဲက ဟင်းချက်နည်းမျိုးစုံလေ့လာထားတာမို့ မချက်တတ်တဲ့ဟင်းမရှိ။မလုပ်တတ်တဲ့မုန့်မရှိ။ဒန့်သလွန်သီးဆိုရင်အပေါ်ကျောအခွံတွေဓါးနဲ့ချစ်ပြီးမှချက်တဲ့အတွက်ဝါးပြီးမြိုချရုံ။ငါးပြေမ တို့ ငါးခုံးမတို့ဆို ကျောရိုးကိုထွင်ထုတ်ပြီးမှချက်တာမို့ အရိုးစူးမှာမကြောက်ရ။ငါးခူ ငါးကျည်းဆိုရင်ဇက်နားက အညှီစေ့ခွဲထုတ်ပြီးမှချက်တာမို့ မညှီတော့။မမအကြောင်းတွေက ပြောမယ်ဆိုရင်တော့မပြီးနိုင်မစီးနိုင်။ရှင်လူကြီး ဖိုက်စတားအဆင့်ဟိုတယ်ကြီးနဲ့လက်ထပ်ထားရသလိုပေါ့။ရှင်လူနဲ့သူမှာ သမီးဦးအမွှာလေးနဲ့သားလေးတယောက်မွေးခဲ့ပေမယ့်သူမလူ့ဘဝမှာပျော်သွားမှာစိုးထင်ရဲ့ကလေးတွေမွေးမွေးချင်းဆုံးပါးသွားခဲ့ကြ။သူမကတော့ သူမမိဘတွေကသိုက်ကြိုးဖြတ်ပေးခဲ့သလားမသိ ၇၃ နှစ်ထိနေသွားခဲ့ပေါ့။သူမကွယ်လွန်စက ရှင်လူကြီးမှာလမ်းဘေးထမင်းဆိုင်တကာဝင်စားရင်း ယင်ကောင်ဟင်းချို၊ ဆံပင်ချည်ဟင်းခါးတွေသောက်ရင်းမျက်ရည်ကျခဲ့ရတယ်။
                     ၂၀၀၉ဇန္နဝါရီလ ၉ရက်နေ့မှာမမကွယ်လွန်ခဲ့တာဆိုတော့ ဒီနေ့ ၂၀၂၅ ဇန္နဝါရီ ၉ ရက်နေ့မှာ၁၆နှစ်တင်းတင်းပြည့်ခဲ့ပြီ။
ဒါနဲ့  တောင်တခါတခါညည‌တွေ
ရှင်လူကြီးအိပ်မက်ထဲမှာဂိုယာ
ရေမွှေးနဲ့သနပ်ခါးရနံ့ပါးပါး‌‌ ရောနေတဲ့ရနံ့တွေသင်းဆဲ။
(ဇနီးသည် မမ ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့်အမှတ်တရ)
ရှင်လူ
story #observation#shinlhu

Saturday, January 4, 2025

Story

အရိုင်းပန်းတပွင့်အကြောင်း🎃🤗🙄😓😠🎃😓  😠🤔🎃
၂၀၂၄ နိုဝင်္ဘာ မှာရှင်လူ့ပါတနာ လုပ်ဖော်ကိုင်ဘက် ကြီး ရုတ်တရက်
ဆုံးသွားခဲ့တယ်။ မနက် ၅ နာရီလောက်အလုပ်က သူ့အိမ်ကိုပြန်ဖို့ ဘက်ထရီဘီးလေးတွန်းထွက်ရင်း"ဦးရှင်
သွားတော့မယ်"ဆိုပြီး နှုတ်ဆက်လို့ ရှင်လူကသံတံခါးသော့ခတ်ရင်းကျန်ခဲ့တယ်။သူထွက်သွားပြီး ဆယ့်ငါးမိနစ်လောက်ကြာတော့ ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တာ"----ဆုံးသွားပြီ"တဲ့။ဖြစ်စဉ် က သူဘက်ထရီဘီးလေးနဲ့ထွက်သွားပြီး
မလှမ်းမကမ်းကဘီးလပ်မြေစက်ရုံရှေ့အရောက် ကုမ္ပဏီကားတစီးကနောက်ကဝင်တိုက်လိုက်တာတခါထဲ ပွဲချင်းပြီးရောတဲ့။အင်း
နေ့မြင်ညပျောက်တောင်မဟုတ် မိနစ်ပိုင်းနဲ့ပျောက်သွားခဲ့ရတာ။ အဲ့နောက်ပိုင်း လုပ်ခွင်(လုံခြုရေး)တာဝန်က ရှင်လူတယောက်ထဲ တကိုယ်တော်ဆိုပါတော့။ဒီလိုနဲ့ ရှင်လူကြီးရဲ့ ၇၁ နှစ်မြောက်မွေးနေ့ နိုဝင်္ဘာ ၂၉ ရက်ကိုရောက်လာခဲ့တယ်။ရောက်ဆဲ ရာသီဥတုတွေကလည်း အေးစိမ့်စိမ့်မို့ လုပ်ခွင်ထဲ မလန်းမဆန်းဖြစ်တဲ့ခါ ရှင်လူကြီးသော့ခတ်ထားတဲ့သံဘာဂျာတံခါးရှေ့ထိုင်ရင်းဆိုင်ရှေ့ကိုငေးမောနေမိတယ်။ဒီမှာ သူ့ကိုသတိထားမိတာပဲ။သူဆိုတာက အသက်၂၀ကျော်
၃၀ ဝန်းကျင်နီးပါး စိတ်မနှံ့ပုံရတဲ့ လူငယ်လေးတယောက်ပါ။သူက လက်တွေကိုလေထဲမြှောက်လိုက်ချလိုက် ၊အမြဲလိုလိုကောက်လာတဲ့ပစ္စည်းအတိုအစ အဟောင်းအမြင်းတွေနဲ့
ထွေးလုံးနေလို့သာ သူ့ကိုရူးနေမှန်းသိရတာပါ။ဝတ်ပုံဆင်ပုံကလည်း တခါတရံ
ပုဆိုးနဲ့စွတ်ကျယ်နဲ့တခါတရံ ရှော့ပန်နဲ့ စပို့ရှပ်နဲ့ သန့်သန့်ပြန့်ပြန့်မျက်နှာသွယ်သွယ် ဥပဓိရုပ်ကောင်းကောင်းမို့မသိရင်
လူငယ်ဝန်ထမ်းတယောက်လိုပါပဲ။ရှင်လူ သူ့ကိုမသိမသာလေ့လာကြည့်တော့ သူက ရှင်လူတို့ကုမ္ပဏီဆိုင်ခေါင်းရင်းက
မီးလောင်ထားတဲ့ဆွန်နီမိဘမဲ့စာသင်ကျောင်းမှာနေမှန်းသိရတယ်။အဲ့အဆောက်အဦက လွန်ခဲ့တဲ့သုံးလေးနှစ်ဝန်းကျင်မီးလောင်ပြီးကထဲက ပြန်မဆောက်ရသေးပဲ ဒီတိုင်း သွပ်ပြား ဝါးကပ်တွေနဲ့ကာရံထားတာ ၊တချို့က အရံအတားတွေချိုးဖျက်ပြီးဝင်ကြထွက်ကြ။တချို့လှည်းသမားတွေက သစ်တိုသစ်စနဲ့ သွပ်ပြားတွေ သယ်ပြီးရောင်းစားကြပေါ့။ရှင်လူလည်း ကိုယ့်ကုမ္ပဏီဆိုင်နဲ့ကပ်ရက်မို့ လူဝင်လူထွက်ကိုအမြဲဂရုစိုက်ကြည့်နေရတာ ခုတော့ ဒီကိုယ်တော်လေးအမြဲ ပင်တိုင်နေတော့ တခြားလူဝင်လူထွက်တော့ကျဲပါးသွားတယ်။မိုးတွင်းတုန်းကတော့ အဆောက်ဦအတွင်းပိုင်း အကွယ်အကာတစွန်းတစရှိတဲ့အောက် မှာသူဝင်အိပ်လေ့ရှိတယ်။ခုမိုးကုန်တော့
အဆောက်အဦရှေ့ အရင်မီးစက်လား ရေစက်လားမသိ၊ ထားဖို့လုပ်ထားတဲ့ အုတ်ဘောင်ထဲသူအိပ်တယ်။သူ့အိပ်တဲ့အသိုက်ကသိသာပါတယ် မွေ့ယာနဲ့ခြင်ထောင်နဲ့ ခပ်သန့်သန့်မို့ မြင်ရင်ကိုယ်တောင်ဝင်အိပ်ချင်လာတယ်။အမှန်တော့ သူနဲ့ရှင်လူဟာ ခေါင်းရင်းခြေရင်းကပ်ရက်မို့ ရေစက်ရှိပုံရပါတယ်။ဒါပေမယ့်ရှင်လူကသူ့ကို အရောတဝင်လုပ်ဖို့နေနေသာသာ စေ့စေ့တောင်မကြည့်ပဲ မျက်နှာလွှဲ့နေလေ့ရှိပါတယ်။တခါတုန်းကရှင်လူ့ အိမ်နီးချင်းစိတ်မနှံ့သူ ကိုတင်အောင်ဆိုတာနဲ့ကြုံဖူးပါတယ်။အိမ်နီးချင်းဆိုတော့ပုံမှန်ဆက်ဆံရေးတော့ရှိပါတယ်။တနေ့ သူခြင်းခတ်နေတာကိုရှင်လူကကြည့်နေတုန်းရုတ်တရက်စိတ်ဖောက်လာပြီး ဒေါသတကြီးနဲ့ ရှင်လူ့ကို အကြောင်းမဲ့ထဆဲပါတယ်။အဲ့ချိန်ကစပြီး စိတ်မနှံ့သူဆို ရှင်လူရဲရဲတောင်မကြည့်ဝံ့ပါ။ခုလည်းဒီကိုယ်တော်လေးကတခါတခါ ရှင်လူ့ကို လက်ဖြန့်လာပါတယ်။ရှင်လူကသူ့ကိုအရောမဝင်ရဲလို့ ဘာမှမပြောပဲလက်ကာပြလိုက်ရင်သူပြန်ထွက်သွားပါတယ်။တနေ့တော့ ရှင်လူ့ဆိုင်ရှေ့က ပန်းပင်ရေလောင်းဖို့ တပ်ထားတဲ့ရေဘုံပိုင်ခေါင်းမှာ ရေသန့်ဘူးနဲ့ သူရေလာယူပါတယ်။ပြီးတော့ မျက်နှာသစ်သန့်စင်တာကိုရှင်လူမသိမသာကြည့်နေပါတယ်။ဘုံပိုင်ခေါင်း
မပိတ်ဘဲထွက်သွားရင်ဒုက္ခပဲ၊ ရှင်လူသော့ဖွင့်ပြီးထွက်ပိတ်ရရင်အလုပ်ရှုပ်မှာ။ဒါပေမယ့် သူ့ကိစ္စပြီးတော့ ဘုံပိုင်ကိုအသေအချာပိတ်သွားပါတယ်။ဒီလိုပဲ နောက်နေ့တွေလည်း သူမကြာခန ရေလာသုံးတတ်ပါတယ်။သုံးပြီးတိုင်းလည်းရေကိုပိတ်သွားပါတယ်။တနေ့တော့ ရှင်လူ စီးကရက်တလိပ်မီးညှိပြီးထိုင်စမှာ သူရောက်လာပြီး လက်ဖြန့်ပါတယ်။ဒါနဲ့ရှင်လူလည်း သောက်လက်စ စီးကရက်ပေးလိုက်တော့ သူက စမတ်ကျကျ လက်ကြားညှပ်ဖွာရင်းထွက်ခွါသွားပါတယ်။ဒီလိုနဲ့ သူနဲ့ရှင်လူကြားမှာ စီးကရက်ယဉ်ကျေးမှုထူထောင်ဖြစ်ကြပါတယ်။တညနေ ရှင်လူ့ရှေ့ သူရောက်လာပြီး
"ဘိုက်ဆာလို့ ထမင်းစားချင်လို့"ဆိုပြီးလက်ဝါးဖြန့်ပါတယ်။ရှင်လူက နဂိုရ်ကထဲကပေးချင်နေတာပါ။နောက်ဆက်တွဲပြဿနာတွေကြောက်လို့ တွန့်ဆုတ်နေတာပါ။ခုတော့ ရှင်လူသူ့ကိုသိတ်မကြောက်တော့။အိတ်ထဲ့က ငါးရာတန်အသစ်တရွက်ထုတ်ပေးလိုက်ပါတယ်။ဒါတောင် ငါးရာဆိုတာနည်းမှန်းသိပါတယ်။နောက်နောင်အဆင်ပြေဖို့ကသူ့အပေါ်မှာပဲ မူတည်ပါတယ်။ဒီလိုနဲ့ ဒီအရူးလေးနဲ့ရှင်လူရဲ့ သံယောဇဉ်ကပိုမိုခိုင်မြဲလာပါတယ်။မနက်မနက် ရှင်လူလက်ဖက်ရည်ဆိုင်ကအပြန် အင်္ဂတေဘောင်ခြင်ထောင်ထဲမှာသူအိပ်မောကျနေပုံကိုအမြဲတွေ့နေရပါတယ်။
         ဒီလိုနဲ့ ၂၀၂၄ နိုဝင်္ဘာ၊ဒီဇင်္ဘာ ကုန်ပြီး ၂၀၂၅ ဇန္နဝါရီလထဲရောက်လာခဲ့ပါတယ်။ရာသီဥတုကြောင့်ပဲလား ကျန်းမာရေးကြောင့်ပဲလားမသိ၊ အေးသလိုလိုရှိလို့ အနွေးထည်ကောက်ဝတ်လိုက်ရင် အိုက်သလိုလိုဖြစ်ပြီးပြန်ချွတ်ရပြန်ရော။အဲ့လိုနဲ့ ဇန္နဝါရီရဲ့မနက်ခင်းတခုပေါ့ ကိုယ်တော်လေးရဲ့အဆောင်ရှေ့မှာ စည်ပင်ဝန်ထမ်းတွေရောက်နေတယ်။စက်ဘီးဒေါက်ထောက်ပြီး ဝတ်စုံပြာနဲ့ ကြည့်ကြပ်သူလို့ထင်ရသူက ရှင်လူ့ဘက်လှည့်ကြည့်ရင်း "အမှိုက်တွေရှင်းနေတာ"တဲ့။ကောင်လေးရဲ့အသိုက်တဝိုက်ကိုအမျိုးသမီးနှစ်ယောက်က တံမျက်စည်းနဲ့သိမ်းကြုံးလှည်းနေရဲ့။ကောင်လေးအရိပ်အယောင်ကိုတော့လုံးဝမတွေ့ရ။ဒီလိုနဲ့ နောက်ရက်တွေ နောက်ရက်တွေမှာလည်း ကောင်လေးအသိုက်ရှိရာဘက်ကို သတိရတိုင်း ငေးနေမိပြန်ပေါ့။
5,Jan,2025
story#observation#shinlhu