အမေ့သားစာကျက်နေတယ် 🎃🙄😓😠 🤔🤗🎃🙄😓😠 🤔🤗
ရှင်လူကြီးက ဘဝတလျှောက်လုံးအကြောင့်ကြမဲ့နေလာသူဖြစ်ပါတယ်။အကြောင့်ကြမဲ့ဆိုတာ အဘက်ဘက်ကပြည့်စုံကုံလုံနေလို့မဟုတ်ပါဘူး။ပါတ်ဝန်းကျင်ကောင်းတွေနဲ့ဆုံခဲ့ရလို့ဖြစ်ပါတယ်။ငယ်စဉ်မိဘနဲ့နေတုန်းကလည်းမိမိရဲ့ စားဝတ်နေထိုင်ရေးကိုမိဘကပဲစီစဉ်ဆောင်ရွက်ပေးပါတယ်။ထမင်းချက် အဝတ်လျှော်စသဖြင့်မလုပ်ခဲ့ရပါ။အိမ်ထောင်ကျတော့လည်းထို့အတူပါပဲ။ဇနီးသည်မမရဲ့စီမံခန့်ခွဲမှုအောက်မှာပဲနေခဲ့ရတော့ထမင်းစားတာကအစလက်ဆေးပြီးဝင်စားလိုက်ရုံပါပဲ။ဒါကြောင့်ဒီနေ့fbပေါ်မှာ အများစုတင်နေကြတဲ့"လျှပ်စစ်မီး"ပြဿနာမျိုးတင်လေ့ အော်လေ့မရှိပါ။fbပေါ်မှာဆိုင်ရာက "....နေ့မှစ၍ လျှပ်စစ်မီးများကို တနေ့လျှင်
ဘယ်နှစ်နာရီ၊ဘယ်နှစ်ကြိမ်ခွဲပေးမယ်...."စသဖြင့်ကြေညာလည်းကြောင့်ကြမဲ့နေလာတဲ့ရှင်လူက
ဂရုကိုမစိုက်။မှတ်သားထားရမှန်းမသိ။မီးလာလာမလာလာ အင်တာနက်အတွက်ကတော့ "ရှယ်စုဘူး ဆိုလား ဘာလား"ဒေတာပက်ကေ့ခ်ျဝယ်သုံးပေါ့။
ခုတလောမှာတော့ရှင်လူအဖိုးကြီးမီးပြဿနာကြောင့်ခေါင်းနည်းနည်းစားလာရတယ်။ဘာလို့လဲ ဆိုတော့ ဆန်တဘူးလျော့လျော့ တနေ့စာကို ကိုယ်တိုင်ချက်စားနေရတော့ မီးကဘယ်ချိန်လာပြီးဘယ်ချိန်ပျက်မှန်းမသိ။မနေ့ညကတော့ ၉နာရီမှာမီးလာနေတယ်။ဒီမနက်၅နာရီနိုးလာတော့ မီးကလာနေတုန်း ၊ဒါနဲ့ ဆန်လေးဆေးပြီးထမင်းအိုးတည်တာ ကျက်သွားတယ်။အဲဒါဈေးထဲသွား မုန့်ဟင်းခါးစားပြီးပဲပြုတ်ဝယ်တော့ ပဲပြုတ်သည်က
"ခြောက်ရာဖိုးထည့်လိုက်ရမလား"တဲ့။အခါတိုင်း ပဲပြုတ်ငါးကျပ်သား ငါးရာဝယ်နေကျဟာ
ခြေက်ရာဆိုတော့ တဆယ်သားနှစ်ရာတက်သွားတဲ့သဘော။ကဲ ဘာပဲဖြစ်ဖြစ် မီးပျက်သွားလည်းရှိတဲ့သရက်သီးသနပ်နဲ့ပဲပြုတ်ဆီဆမ်း သက်သတ်လွတ်ပေါ့ တွေးနေတုန်း အနားကကုန်စိမ်းသည်ကငါးခြောက်သည်ကိုလှမ်းမေးလိုက်တယ် "မီးကဘယ်ချိန်ထိလာမှာလဲ""ကိုးနာရီ"။သူ့တို့ဆီကကြားကြားချင်းနာရီကြည့်လိုက်တော့ ရှစ်နာရီ။ဒါနဲ့ ကြော်စားဖို့
ဘဲဥနှစ်လုံးထပ်ဝယ်လိုက်တယ်၊သက်သတ်လွတ်အဓိဌာန်ပျက်ကရော။အင်း ဒီအတိုင်းဆို ကွီးယားတို့ ဂျပန်တို့လို သားစိမ်းငါးစိမ်းစားပဲကျင့်ရမလား၊မီးအချိန်ဇယားကိုစခရင်ရှော့ဆွဲပြီးအလွတ်ပဲကျက်ရမလား၊ တခုခုတော့ တခုခုပေါ့......
story #observation#shinlhu
No comments:
Post a Comment