Wednesday, November 11, 2015

တကယ်​ဖြစ်​ချင်​ တကယ်​လုပ်​ဂါထာ
************************
အဲ ဒီ မ​ကောင်းမှု အ​မှောင်​ခန်းထဲက ထွက်​ဖို့ရာ
သော့ ဖွင့်​မယ့်​ လူ လိုတယ်
ကျန်​တာ ငါတို့ကိုယ်​တိုင်​ လုပ်​နိုင်​တယ်

ဒီအ​မှောင်​ထဲမှာ ငါတို့ တဦးနဲ့တဦး
နင်းမိခဲ့ကြရင်​ ခွင့်​လွှတ်​ပ
ငါတို့ဟာ မမြင်​ မသိနိုင်​တဲ့ အ​မှောင်​​ကြောင့်
မလိုလားအပ်​တဲ့ ပဋိပက္ခ​တွေနဲ့
ဒင်းကြမ်း ပြည့်​​နေခဲ့ကြတယ်

ဒီမှာ မိတ်​​ဆွေတို့
အ​ရှေ့ဆီမှာ ​ရောင်​နီ ပြိုးပြက်
ပတ္တမြား ပန်းခက်​တို့ ယှက်​သန်း
လမ်းပြကြယ်​ညွှန်​ရာ ကြည့်​လိုက်​ပါ

မကြာမီမှာ
နေခြည်​ပြိုး​ပြောက်​ ​ရွှေရည်​ဖြိုး​မောက်
မြေမဟီမိုး​သောက်​ မြန်​​ပြေတဝှမ်း....

ရှင်​လူ

poem#observation#shinlhu

No comments:

Post a Comment