Thursday, November 12, 2015

ဖြိုးဓန နိုဘယ်​လ်​မြန်​မာစာ​​ပေ ပွဲ​တော်တုန်းက ​​​လက်​ဖက်​ရည်​ဆိုင်​က​လေးတခုမှာ ရှင်​လူသူနဲ့

ဖြိုးဓန
နိုဘယ်​လ်​မြန်​မာစာ​​ပေ ပွဲ​တော်တုန်းက
လက်​ဖက်​ရည်​ဆိုင်​က​လေးတခုမှာ ရှင်​လူသူနဲ့ ခဏဆုံခဲ့ဖူးတယ်​။မျက်​ခုန်း​ကောင်း​ကောင်း အသားဖြူဖြူ နှာတံ​ပေါ်​ပေါ်နဲ့ ​တောင်​ငူတက္ကသိုလ်​ကဘွဲ့ရထားတဲ့​ကောင်​​လေး။နေရပ်​ကရေတာရှည်​ဘက်​ကထင်​တယ်​။
နိုင်​ငံ​ရေးစိတ်​နဲ့ တက်​ကြွ​နေတဲ့ လူငယ်​​လေးပဲ။ သူက ​ကျောင်းမှာ နိုင်​ငံ​ရေးအတွက်​စည်းရုံးရင်​ Hip Hop တို့ Rap တို့နဲ့စည်းရုံးရမယ်​ creativity ရှိဖို့လိုတယ်​ ၊ လူစိတ်​မဝင်​စားရင်​အလကားပဲတဲ့ ။သူ့စကားကို ရှင်​လူပြုံးပြီးနား​ထောင်​​နေလိုက်​တယ်​၊ သူကမြစ်​လယ်​​ရေစီး​ကြောင်းမှာ အရှိန်​အဟုန်​နဲ့ ​မျော​နေသူ ။ရှင်​လူက မြစ်​ကမ်းန​ဘေးကပ်​မျော​နေတဲ့ ​ဖော့ဘူးခွံကြီးလို၊သူ့အယူအဆကိုဘာမှဝင်​မ​ပြော။နိုင်​ငံ​ရေးစိတ်​တက်​ကြွ​နေတဲ့သူ့ကိုကြည့်​ပြီး စိမ်းလန်းစိုပြည်​ တဲ့ယာခင်းကြီးတခုကိုကြည့်​ရသလို ရှင်​လူ​ပျော်​​နေတယ်​။ ဒီလိုနဲ့ မိတ်​​ဖြစ်​​ဆွေဖြစ်​ fb
acc ခြင်းadd ပြီးမကြာခင်​ ရှင်​လူ့မိတ်​​ဆွေ​ရောက်​အလာမှာ သူထသွားခဲ့တယ်​။နောက်​ပိုင်းသူ့ နိုင်​ငံ​ရေး လှုပ်​ရှား မှု​တွေfb ​ပေါ်မှာ​တွေ့​တွေ့​နေရတယ်​၊ တခါက ​​နေညိုချိန်​​နောက်​ခံမှာ ​ထောင်​အုတ်​ရိုး ပုံကြီးဓာတ်​ပုံရိုက်​ပြီး fb ​ပေါ်တင်​တာ​တွေ့လိုက်​တယ်​။ အင်း
ဒီ​ကောင်​​လေး ​ထောင်​ကိုမျက်​​စောင်းထိုး​နေပြီနဲ့တူတယ်​လို့ ​တွေးလိုက်​မိ​သေး။ ခု ​ဖြိုးဓနတ​ယောက်​​ထောင်​ထဲမှာ အစာငတ်​ခံ
ဆန္ဒပြ​နေဆိုပဲ ၊Hip Hop တို့ Rap တို့နဲ့စည်းရုံးမယ့်​လူက အခု ဂန္ဒီကြီးနည်း သုံး​နေပြန်​တယ်​ ၊ ဒီက​လေး​တွေကို ​သေကုန်​မှာ ရှင်​လူစိုးရိမ်​တယ်​။နောက်​​နောင်​အနာဂတ်​ကာလ​တွေမှာ စိတ်​အားထက်​သန်​တဲ့ နိုင်​ငံ​ရေးသမား​တွေ လိုအပ်​​နေဦးမှာပဲ​လေ။ သူတို့ အယူအဆကိုမကြိုက်​​တောင်​ သူ့တို.ကို​တော့လွှတ်​​ပေးသင့်​တယ်​။ဒီလိုက​လေးမျိုး​တွေက သားဖွား​ဆေးရုံ​တွေမှာ​နေ့တိုင်းအများကြီး ထပ်​​မွေး​နေတာ ၊လူကြီးမင်းတို့တသက်​လုံးဖမ်း​​​နေရတဲ့အလုပ်​နဲ့တင်​ ကျန်​တာလုပ်​နိုင်​မှာမဟုတ်​ဘူး။ဘွဲ့ရပညာတတ်​တ​ယောက်​​သေသွားရင်​ တိုင်းပြည်​ပဲနာမှာ။

No comments:

Post a Comment