Thursday, November 12, 2015
ဦးကျော်သူအောင်၊အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်တဲ့၊ ဒီပုဂ္ဂိုလ်လေးCampaign
ဦးကျော်သူအောင်၊အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်တဲ့၊ ဒီပုဂ္ဂိုလ်လေးCampaign ပိုစတာက ရွှေနဂါးလက်ဖက်ရည်ဆိုင်ရှေ့ ပါရမီ လမ်းမကြီးတဘက်ခြမ်းမှာဘယ်သူ့လက်ချက်မှန်းမသိ၊ စုတ်ပြတ်နေပြီ။ပြီးခဲ့တဲ့ တပတ်ကျော်ကျော်ကရွှေနဂါးလက်ဖက်ရည် ဆိုင်မှာသူနဲ့ ဆုံဖြစ်ခဲ့သေးတယ်၊ သူ နဲ့အတုဝိုင်းထဲမှာ စာရေးဆရာ မင်းမြတ်စံလည်းရှိနေတယ်။ရှင်လူ့ကိုသူကသူရွေးကောက်ပွဲ ဝင်မယ့်အကြောင်း၊ သူ့ပါတီတာဝန်ကအထွေထွေ အတွင်းရေးမှူးဖြစ်ကြောင်းနဲ့ သူတီဗွီမှာ ထုတ် လွှင့့်ခဲ့တဲ့ Campaign speech ကိုသူ့ဖုန်းလေးနဲ့ဖွင့်ပြခဲ့သေးတယ်။အဲဒီအချိန် ရှင်လူက ကြုံတုန်းမေးပါရစေဆိုပြီး မြန်မာပြည်မှာ အဓိက ပြဿနာတခုဖြစ်တဲ့လယ်ယာမြေပြဿနာကိုဘယ်လိုဖြေရှင်းမှာလဲ မေးတော့ ၊ ``လယ်ယာ ပြဿနာကတော့ ကျနော့ တဦးတည်းအမြင်အရဆိုရရင် အင်းလေကျနော်က အထွေထွေ အတွင်းရေးမှူးဆိုတော့ ပါတီအမြင်ပဲဆိုပါတော့ ၊ လယ်သမားတွေနည်းသွာအောင်လုပ်မယ်၊လယ်သမားနည်းသွားရင်ဒီပြဿနာနည်းသွားမယ်´´ အဲဒီနေ့က ဒီအမေးအဖြေတခုနဲ့ပဲ ပြီးသွားခဲ့တယ်။သူနဲ့ ဆက်ဆွေးနွေးစရာမရှိတော့ဘူးလို့ပဲ ရှင်လူ ဆုံးဖြတ်ခဲ့တယ်။အမှန်တော့ ရှင်လူ့ အနေနဲ့ ဒီကိစ္စကို ခုလိုမရပ်လိုက်ပဲ သူနဲ့ အသေအချာ ဆက်ဆွေးနွေးသင့်တယ်၊ ရှင်လူတို့မှာက တပါတီအာဏာရှင်စံနစ်အောက်မှာ တသက်လုံးလိုလို အနေကြာခဲ့လေတော့အရာရာ ကိုစိတ်ရှည်လက်ရှည်စူးစမ်းတဲ့အလေ့သိတ်မရှိပဲ ကိစ္စတခုကို ကိုယ့်စိတ်အခံနဲ့ပိုင်းဖြတ်ပြီးရယ်ဒီမိတ် ဆုံးဖြတ်ချက်နဲ့နေတဲ့အကျင့်ဆိုးကြီးကစွဲနေတယ်။ကျော်သူအောင်ကိုစသိခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်ကပါ၊ မိတ်ဆွေကဗျာဆရာ ဇော်ယုအောင် ဖွင့်ထားတဲ့``ချမ်းမြေ့ ဇုံ´´လက်ဖက်ရည်ဆိုင်မှာဖြစ်ပါတယ်၊ ရှင်လူ့ထုံးစံအတိုင်း လူငယ်စာကြမ်းပိုးလေးတွေနဲ့ ဒီလိုပဲ ဆုံမိရင်း မိတ်ဆွေဖြစ်သွားကြတာပါပဲ၊ သူ့အရင် ဆုံဖြစ်ခဲ့တဲ့ ရွှေဘုန်းလူ ခေါ် တာရာမင်းဝေကတော့ဗကသ ခေါင်းဆောင် မော်ဒန်စာရေးဆရာဘဝတွေကိုဖြတ်သန်းရင်း လွန်ခဲ့တဲ့ ၇ နှစ်ကျော် အရွယ်ကောင်းတုန်း ၄၃ နှစ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်၊ရွှေဘုန်းလူနဲ့ပတ်သက်ပြီးပါလာတဲ့ အကသ က သက်ဝင်းအောင်ကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း မန္တလေး အကျဉ်းထောင်မှာကျဆုံးခဲ့ပါတယ်။ နောက်လည်း ရှင်လူ့ဝန်းကျင်မှာအတွေ့အကြုံ မနည်းလှတဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းတွေ အများကြီးပါ။ ဒီလိုခွပ်ဒေါင်းတွေကြားထဲမှာ သူ့လို တယောက်တလေပါလာတာကိုလည်းဒီမိုကရေစီမူအရ လက်ခံ ရမှာပေါ့ ။သူ့မွေးသက္ကရာဇ်က ၁၉.၇.၁၉၈၅ ခု ဆိုတော့ရှင်လူတို့ ၈ လေးလုံး အရေးတော်ပုံ တိုက်ပွဲဝင်နေတုန်းကဆို ကျော်သူအောင်တယောက် ၃နစ်နဲ့၁လပဲရှိသေးတယ်။ ရှင်လူတို့က အနာဂတ်မျိုးဆက်သစ်တွေအတွက်လမ်းသစ်ဖောက်ခဲ့တာဆိုတော့ ဒီလမ်းကသူ့အတွက်လည်းလျှောက်ခွင့်ရှိသပေါ့၊လယ်ယာမြေပြဿနာတွေကို လယ်မားနည်းသွားအောင်လုပ်ပြီး ဖြေရှင်းမယ်ဆိုတာကသူတက်ထားတဲ့ ဒီပလိုမာသင်တန်းတွေကများပညာပေးလိုက်လေသလား၊သူ့အယူအဆနဲ့တူနေတာက တက္ကသိုလ်စိန်တင်ရေးခဲ့တဲ့ ဧကရီစုဖုရား(ထဲကထင်ရဲ့)ထဲမှာ ပါသလိုရတနာပုံ မန္တလေးမှာ အောင်ဘာလေထီတွေကြောင့်လယ်သမားတွေ လယ်ကောင်းကောင်းမလုပ်ကြတော့ဘူးလို့ အမတ်တွေကလျောက်တင်တော့ သီပေါမင်းက လယ်လုပ်တာနေ့ချင်းညချင်းမချမ်းသာနိုင်ဘူး၊ထီက ချက်ချင်းသူဋ္ဌေးဖြစ်နိုင်တယ်လို့မှတ်ချက်ပေးသတဲ့။ ခု ဦးသိန်းစိန်အစိုးရကလည်းလယ်သိမ်း ယာသိမ်း ၊ဆန္ဒပြတဲ့သူတွေကိုပစ်ခတ် ဖမ်းဆီးအရေးယူဆိုတော့ သီပေါမင်းရယ် ဦးသိန်းစိန်ရယ် ကျော်သူအောင်ရယ်ကတလိုင်းထဲပါပဲ။ သူ.လက်ကမ်းစာစောင်ဖတ်လိုက်တော့ ပိုပြီးသေချာသွားတယ်။ကျော်သူအောင် ဦးသိန်းစိန်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံပါလာတယ်။ ဒါ သူ့အခွင့်အရေးပဲလေရာဇဝတ်ကောင်မဟုတ်ရင်သူကြိုက်တဲ့သူနဲ့မဟာမိတ်ဖွဲ့နိုင်တယ်၊မကြိုက်လည်းအသိအမှတ်ပြုပြီးသူ့ကိုရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခွင့်ပေးရမှာပဲ၊အဲဒါသူ့ဗွီနိုင်းပိုစတာကို ခဲနဲ့ထုဖြဲသွားတာမျိုးကမလုပ်ကောင်းဘူးပေါ့။ခက်နေတာက အဲဒီအစဉ်အလာကိုစခဲ့တဲ့လက်သည် တရားခံက ၂၀၀၈ ခြေဥပဲ။ဘယ့်နှယ်ဗျာ လူထုဒီမိုကရေစီပုံရိပ်ကြီးကို ၂၅ ရာခိုင်နှုန်းထုဖြဲထားတာ။(၂၀၁၅ အထွေထွေ အေဖြစ် ဝင်ပြိုင်ခွင့်ပေးရမှာပဲ၊အဲဒါသူ့ဗွီနိုင်းပိုစတာကို ခဲနဲ့ထုဖြဲသွားတာမျိုးကမလုပ်ကောင်းဘူးပေါ့။ခက်နေတာက အဲဒီအစဉ်အလာကိုစခဲ့တဲ့လက်သည် တရားခံက ၂၀၀၈ ခြေဥပဲ။ဘယ့်နှယ်ဗျာ လူထုဒီမိုကရေစီပုံရိပ်ကြီးကို ၂၅ ရာခိုင်နှုန်းထုဖြဲထားတာ။(၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးအထိမ်းအမှတ် အမှတ်)ရှင်လူNovember 7 at 4:01pm·
Subscribe to:
Post Comments (Atom)
No comments:
Post a Comment