Monday, November 30, 2015

ပေးဆပ်​သူတို့​ပျော်​ရာ​မြေ ==================== ရှင်​လူ နိုင်​ငံ​ရေး လုပ်​တာကို အခွင့်​ထူးခံချင်​သူ​တွေအ​ကြောင်း

ပေးဆပ်​သူတို့​ပျော်​ရာ​မြေ
====================
ရှင်​လူ

နိုင်​ငံ​ရေး လုပ်​တာကို အခွင့်​ထူးခံချင်​သူ​တွေအ​ကြောင်း ​ဒေါ်စု​ပြော​တော့ ကွယ်​လွန်​သူ ဆရာ
တက္ကသိုလ်​ထင်​ကြီး ရဲ့ဖခင်​​ရေးထားတဲ့မှတ်​တမ်းစာအုပ်​ကို သွားသတိရမိတယ်​။အဲဒီမှတ်​တမ်းစာအုပ်​က ခုချိန်​ထိ ထုတ်​​ဝေတာမ​တွေ့မိ​သေးဘူးထင်​တာပဲ။ထုတ်​​ဝေသူတဦးက စာမူကို မထုတ်​ဖြစ်​တာ​ကြောင့်​ ရှင်​လူနဲ့ လူကြုံပါးပြီး ဆရာတက္ကသိုလ်​ထင်​ကြီးထံပြန်​ပို့ခိုင်းတယ်​။စာမူကရှင်​လူ့အိမ်​မှာ တညအိပ်​ခွင့်​ရသွားလို့ ရှင်​လူဖတ်​လိုက်​ရတာ။ ဆရာထင်​ကြီးရဲ့ဖခင်​က ကိုလိုနီ​ခေတ်​ မီးရထားရုံပိုင်​တ​ယောက်​ပါ၊ သူ့မှတ်​တမ်းအရ BIA မြန်​မာပြည်​ထဲဝင်​လာချိန်​၊ရန်​ကုန်​တိုင်းအတွင်းဝင်​လာခိုက်​ မြို့တမြို့မှာ BIA ဗိုလ်​ကတရား​ဟောပါတယ်​၊ ခင်​ဗျားတို့​တွေ BIAကို
အစစအရာရာ ကူညီရမယ်​ ၊လှည်းတို့ ကားတို့ကအစ​ပေါ့ ၊တကယ်​​တော့ BIAကလိုချင်​ရင်​ခင်​ဗျားတို့သမီး​တွေ​တောင်​သိမ်းယူလို့ရတယ်​..တဲ့။ကဲ ဘယ့်​နှယ်​ရှိစ ခုလွှတ်​​တော်​ထဲက နယ်​လှည့်​ပါးရိုက်​ ဝန်​ကြီးမျိုး​တွေ​ပေါ့။ ​တော်​လှန်​​ရေးသမားဆိုတာ နိုင်​ငံ​ရေးလက်​​အောက်​ခံ​တွေပါ၊ ကျူးဘား​တော်​လှန်​​ရေးအတွင်းက ​ချေ​ဂွေဗားရားအ​ကြောင်းရိုက်​ထားတဲ့ ရုပ်​ရှင်​ကား​လေးကြည့်ခဲ့​ဖူးပါတယ်​ ၊ ဘာတစ္စတာအစိုးရကို​တော်​လှန်​​တော့ ​ချေဦး​ဆောင်​လာတဲ့တပ်​​တွေဟာ တမြို့ပြီးတမြို့သိမ်းရင်း ချီတက်​လာပါတယ်​၊
မြို့သိမ်းတိုက်​ပွဲတခုပြီးလို့ ​နောက်​တမြို့ကိုချီတက်​ရာမှာ ​ချေရဲ့ ရဲ​ဘော်​တ​ယောက်​က ဇိမ်​ခံကားကြီးတစီးကို​မောင်းယူလာပါတယ်​။ ဒါကို​ချေမြင်​​တော့ ဘယ်​ကယူလာလဲ​မေးပါတယ်​၊ သူ့ရဲ​ဘော်​က မြို့ထဲကသိမ်းလာတာဖြစ်​​ကြောင်း ၊ ရန်​သူ့ရဲ့ကားဖြစ်​​ကြောင်း ပြန်​ရှင်းပြ​တော့ ​ချေက
မင်းကို သူများပစ္စည်းမယူရဘူးလို့ ငါ​ပြောထားတယ်​မဟုတ်​လား သွားပြန်​ထားလိုက်​ဆို​တော့ ရဲ​ဘော်​က ဒါဆို ကျွန်​​တော်​ဘာနဲ့ချီတက်​ရမလဲလို့ပြန်​​မေးတယ်​၊ ​ချေကတခွန်းထဲပြန်​​ပြောတယ်​ လမ်း​လျောက်
လိုက်​လာခဲ့တဲ့။ ရှင်​လူတို့ ဗန္ဓုလစစ်​သူကြီးစစ်​ထွက်​မိန့်​ခွန်းမှာလည်း အများပြည်​သူမကြည်​ဖြူဘဲ သစ်​ခက်​တညွန့်​မယူရဘူး ဆိုတဲ့သ​ဘောမျိုးပါတာ မှတ်​မိပါတယ်​။ ရှင်​လူ​ပြောခဲ့တာ​တွေအားလုံး စိတ်​မှတ်​နဲ့ ပြန်​​ရေးတာမို့ အချက်​အလက်​ အ​သေးစိတ်​မှာလွဲ​ကောင်းလွဲနိုင်​ပါတယ်​၊ ဒါ​ပေမယ့်​ အများစုကတရားကိုယ်​ကအမှန်​ပါ။တော်​လှန်​​ရေးတို့ နိုင်​ငံ​ရေးတို့ဆိုတာက ​ပေးဆပ်​သူတို့ရဲ့နယ်​​မြေပါ၊ ပထမအကြိမ်​လွတ်​လပ်​​ရေးရပြီးပြန်​လည်​ထူ​ထောင်​​ရေး လုပ်​​နေချိန်​မှာ ရယူလိုသူ​တွေ ဝင်​​နှောက်​သွားလို့ ပြည်​သူလူထုဘဝဟာ လွတ်​လပ်​​ရေး​ရွှေ​ကျောင်း​ပြောင်​​ပြောင်​မှာ ဝမ်း​ခေါင်​​ခေါင်​ဖြစ်​ခဲ့ရပါပြီ..
ယခုတခါ ပြန်​လည်​ထူ​ထောင်​​ရေး ကာလမှာနိုင်​ငံ​ရေးဆိုတာ ​ပေးဆပ်​သူတို့​ပျော်​ရာ​မြေသာဖြစ်​သင့်​ပါ​ကြောင်း....
ရှင်​လူ
story#observation#shinlhu

No comments:

Post a Comment