
ဒီနေ့အကြိုက်ဆုံး comment
♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဒီနေ့ရှင်လူတင်လိုက်တဲ့ post ကို နော်ဝေ
ရောက်နေတဲ့ ညီမတယောက်က ဝင်မန့် 
တဲ့ comment ကိုဖတ်ပြီး ဒီနောက်ဆက်တွဲ
post ကိုရေးပါတယ်။ဒါကြောင့် အရင်တင်ထားတာနဲ့postကိုကော်ပီပြန်လုပ်
လိုက်တယ်။
Tue,1 Nov 2)16
♡ ဒီမနက် ဖွေးဖွေးသိမ့်အမေမလှိုင်က
မုန့်ဟင်းခါးကိုအီကြာကွေးထည့်ပြီးဖွေးကို
ိခွံ့တော့ ဖွေးကထွေးထုတ်လိုက်တယ်၊
အဲ့တော့ ဖွေးအမေက ဖွေးခြေသလုံးကို
ခပ်စပ်စပ်ကလေးရိုက်ကရော။ဖွေးကဝမ်းပန်းတနည်းငိုတယ်။ဒီတော့ရှင်လူကဖွေး
ကို ဘဲကြည့်သွားမယ် ဆိုပြီး ဖိနပ်စီး ဦး
ထုပ်ဆောင်းပြီးခေါ်ထုတ်လာခဲ့တယ်။ဒီလို
ရိုက်တာရှင်လူမကြိုက်ပါဘူး။ခလေးလည်း
ခံတွင်းပျက်ချင်ပျက်မပေါ့။သူမှမစားချင်တာ
၊ဒါသူ့အခွင့်အရေးပဲ။အဲဒါကွင်းထဲ ဘဲကြည့်
သွားပြီး အပြန် ရွှေကျီးနာနတ်ယိုမုန့်နဲ့
ပဲနို့တဗူးဝယ်ပေးပြီး အိမ်ပြန်လာခဲ့တယ်။
အဲဒါခြံဝမြောင်းကူးတံတားပေါ်ရောက်
တော့ဖွေးကပေရပ်နေတာမနည်းခေါ်ယူရတယ်။
❀ မိခင်တွေ သတိ❀ ကိုယ့်ခလေးကိုယ့်အိမ်မပြန်ချင်အောင်
်မလုပ်မိဖို့ပါပဲ...
Comment
ုWinwin Nu
ဒီမှာခလေးကိုရိုက်ရင်အမေထောင်၆လ ခလေးကိုအမေနဲ့ပေးမထားတော့ဘဲခလေးထိမ်းသိမ်းရေစခန်းကိုခေါ်သွားတယ်
ညီမWinwin Nu ရေးထားတာဖတ်ပြီးတော့
ရှင်လူ့ အဖို့ အဆန်းကြီးဖြစ်နေတယ်။
တလောကဖတ်ခဲ့ရတဲ့သတင်းတခုအရဆို
ိရင် အဲ့နိုင်ငံမှာ ဘာသာမဲ့လူဦးရေက
75 ရာခိုင်နှုန်းမကရှိတယ်ဆိုပဲ။ ရှင်လူ့မှာ
တွေးရင်းရှက်လို့မျက်နှာကြီးတောင်
ရဲပတောင်းနီသွားရဲ့။ဘယ့်နှယ်ဗျာ ဒီလိုဥပဒေမျိုးရှိလို့ရှိမှန်းတောင်အစကမသိခဲ့ပါဘူး။
သြော် ဒါနဲ့ ဖွေးဖွေးသိမ့်ကိစ္စ ထပ်ပြောရဦး
မယ်။ဒီလိုဗျ၊ ဖွေးကသူ့ကိုကြွေးတဲ့ မုန့်ဟင်းခါးတွေထွေးထုတ်လို့ အရိုက်ခံရပြီး
ရှင်လူနဲ့ဘဲကြည့်လိုက်လာချိန်မှာ သူ့အမေ
နဲ့ဖွားလေးတို့ကအဲ့မုန့်ဟင်းခါးကိုစား
ကြတာ မုန့် ဖတ်တွေကချဉ်နေလို့ ဘယ်လိုမှဆက်မစားနိုင်ကြဘူးတဲ့ဗျ....
story#observation#shinlhu
ု
့
့
ိ
ု
ွ့