ညရဲ့အသံ
❀❀❀❀❀
Aသက်ငြိမ်
ညက ကျနော့ကိုမိတ်ဆွေဖွဲ့ခဲ့
ကျနော်နဲ့ ညဟာ ငယ်ပေါင်းတွေပေါ့
ကျနော်ကညရဲ့အသံကိုနားထောင်ရင်း
ပြုံးတဲ့ခါပြုံးမိ
ခေါင်းညိမ့်မိတဲ့အခါတွေလည်းရှိခဲ့ပေါ့
ညနဲ့ကျနော်
ဘယ်ခါမှ အချင်းမများ
ညနဲ့ကျနော့ရဲ့ချစ်ချင်းဟာ
လူသိနည်းတဲ့ကိစ္စတခုပါပဲ
ထိပ်တန်းလျှို့ဝှက်ပေါ့ဗျာ
ဒီကိစ္စက ညနဲ့ကျနော်ပဲသိပါတယ်။
Aသက်ငြိမ်
12.:02AM
Thu,10 Nov 2016
poem#observation#shinlhu
No comments:
Post a Comment