❀ ❀ ❀ ❀ ❀
Aသက်ငြိမ်
စိတ်ကို...
ပက်လက်ကုလားထိုင်လေးပေါ်
ပစ်တင်ထားလိုက်တယ်...
ကျနော်ထားသလို သူနေရင်
ကျနော် အရိယာဖြစ်လောက်ပြီ...
ီဒီလိုနဲ့ မနိုင်မနင်း
လောကကြီးသာ အရွယ်ရောက်လို့
ကျနော်ကတော့ ဥမမယ် စာမမြောက်
နိဝရဏတွေနဲ့ အသင်းပင်းဖွဲ့
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အဲဒီစိတ်ကို
ထိုင်ကြည့်ရင်း....
ကျနော့်ရဲ့ညနေကလေးတွေဟာ
ရေခဲတောင်ကြီး ပြိုကျသလို
တဝုန်းဝုန်း....
Aသက်ငြိမ်
Tue,20 Sep 2016:
poem#observation#shinlhu
No comments:
Post a Comment