ရောက်ရာအရပ်ကပြန်လာပါ
✈ ♡ ➳ ♥ ✈ ❀ ✏ ✌
ညိုမြသွေး
တချိန်တုန်းကပေါ့...
ဇာတ်ကြောင်းပြန်ဖို့ နိဒါန်းကို
အဲသလိုမျိုး စရရင်ကောင်းမလား...
ရောင်းရင်းတို့ရေ...
ငါတို့ ပုံပြင်ရဲ့ အစက
လှလည်းလှပ သန့်လည်းသန့်စင်
နုနုနယ်နယ် လူငယ်လူရွယ်တွေမဟုတ်လား
ငါတို့မျက်လုံးတွေဟာ သောကြာကြယ်လိုရွှန်းပ
အနာဂတ် ဆီ တရိပ်ရိပ်ပြေးနေတဲ့
တို့စိတ်နဲ့ တို့ခန္ဓာတွေဟာ တဦးနဲ့တဦး
ဘယ်နှခါပဲပြန်ကြည့်ကြည့် အပြစ်အနာအဆာဆိုတာ ရှာလို့မရ..
တယောက်ကိုတယောက် သိတ်ကိုချစ်ခဲ့ကြ...
တို့တွေ အိမ်ထောင်ရက်သားကိုယ်စီကျ
မိသားစုဘဝ ကိုယ်စီရခဲ့တာတောင်..
တပူးပူးတတွဲတွဲသံယောဇဉ်တွေက
တို့အိမ်ရှင်မတွေ မျက်မှောင်ကုပ်ချင်စရာ
တတွဲတွဲ ...
ခုတော့များကွာ...တလောက ငမှိုင်းတယောက်
တခွက်ပြီးတခွက် နေ့ဆက် လဆက် နှစ်တွေပါဆက်ပြီး ရာစုတဝက်အကုန်မှာ
အသက်ပါကုန်ခဲ့တာ မင်းမသိ ငါမသိ
ဟိုတယောက်မသိ..ကျန်သုံးလေးယောက်လည်းမသိ..
တမြို့တည်းနေကြပြီး တယောက်သေတာတောင်တယောက်မသိရလောက်အောင်
အသည်းတွေက မာကုန်ရသလား...
အေး ..မကြာမီ လာမည်...မျှော် ပေါ့...
သူ့အလှည့် ကိုယ့်လှည့်ဆိုတာ
ငါတို့ ခွက်လှည့်ခဲ့သလိုပဲပေါ့..လာတော့မှာပါ
ဒီလိုပဲ ခုလိုပဲ ငမှိုင်းလိုပဲ...
ငါတို့ တိတ်တိတ်ဆိတ်ဆိတ် ..မပြောမဆိုနဲ့
ထွက်သွားကြဦးမှာလား...
နုပျိုသန့်စင်ခဲ့တဲ့ ငါတို့ကိုယ်မှာ စိတ်မှာ
ဟောဒီနှလုံးသွင်းမှုတွေထဲမှာ ဒဏ်ရာတွေ
အမာရွတ်တွေ အထပ်ထပ် သမိုင်းဝင်အမှတ်အသားတွေကလည်း လှတာလည်းရှိ မလှတာလည်းရှိ...ဖုံးဖိထားရုံနဲ့တော့ မလုံနိုင်ဘူးထင်ပ..
ဖြစ်နိုင်ရင်တော့ ဇာတ်လမ်းထဲက တချို့စာမျက်နှာတွေကို ဆုတ်ပစ်ပြီး
အားလုံးဝိုင်းဖတ်ကြ အားလုံးတိုင်တိုင်ပင်ပင်နဲ့လွမ်းမောတသဖွယ်ရာ ဟောဒီညနေပြာပြာကလေးမှာ
ညိုမြသွေး
10:58 PM
Mon,15 Aug 2016
poem#obsrrvation#shinlhu
No comments:
Post a Comment