Saturday, November 26, 2016

တရားနာသူ ❆ ❆ ❆

တရားနာသူ
❆ ❆ ❆ ❆
ညိုမြ​သွေး

ဖွင့်​ထားတဲ့တရား​ခွေက နားထဲမှာ
မကြားတချက်​  ကြားတချက်
ပျင်းရိဖွယ်​ မိုးစက်​မိုး​ပေါက်​တို့က
သွပ်​မိုး​ပေါ် တ​ဖျောက်​​ဖျောက်​...
ညက ပိုနက်​လာပြီး ​မောဟက​မှောင်​သထက်​ပို​မှောင်​လာတယ်
တတ်​သလိုလို နပ်​သလိုလိုနဲ့
အပရိက ​နေ့ရက်​များ  လများ
နှစ်​များ.........

ညိုမြ​သွေး
11:11 PM
Thu,6 Oct 2016
poem#observation#shinlhu

No comments:

Post a Comment