ရှင်လူတြိဂံရဲ့ အနားတဖက်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ရှင်လူစီးကရက်ဗူးကုန်နေလို့
ထွက်ဝယ်တော့
ဖွေးဖွေးသိမ့်ကသူလည်းလိုက်မယ်တဲ့။
ဦးထုပ်ဆောင်းဖိနပ်စီးပြီး လိုက်လာခဲ့တယ်။ဆိုင်ရောက်လို့
သမီးဘာစားမလဲဆိုတော့ တထောင်တန်
ကိတ်မုန့် ကြီးကောက်ကိုင်ကရော။ ကျန်တဲ့မုန့်အသေးတွေနဲ့ပြန်လဲပေးလို့မရ
တော့ဘူး။ဒါကြီးကိုလက်ကမချတော့။
အိမ်ရောက်တော့ အလုံးလိုက်ကိုက်စားတယ်။သူ့အမေက
လှီးပေးဖို့လုပ်တော့ ငိုကရော။
``ကဲ..သူကြိုက်သလို စားပါစေလေ´´ ရှင်လူလည်း ဗိုက်ကင်း(ပင်လယ်ဓားပြ)
တွေစားပုံမျိုးကို သဘောကျတာ၊ကြက်ဆင်သားပေါင်
အကြီးကြီးကိုတဖက်ကကိုင်ပြီးကိုက်၊
ဘီယာကိုပုံးလိုက်ကိုင်ပြီးရင်ပပ်ပေါ်ဖိတ်ကျလာတဲ့အထိ အားရပါးရသောက်တာ...
သူ့အမေက ``ဦးလေးလုပ်တာ ပျက်စီး
မယ်´´တဲ့။ မပျက်စီးပါဘူး၊သူ့အရွယ်နဲ့သူ
သိလာပါလိမ့်မယ်။ဖွေးကဥာဏ်ကောင်းပါတယ်...
story#observation#shinlhu
No comments:
Post a Comment