လိပဲ..ငါမူးနေပြီ
🗽🎠🗽🎭🗿
တခါတလေ
အဲဒီ အထီးကျန်မှုထဲ
ဘီယာ ပုလင်းတွေလည်း အချိုးကျပါခဲ့
ကြက်ကြော် တထောင်ဖိုးကတော့
ကလေးတွေက တဖဲ့စီ
ကိုယ်က တဖဲ့စီနဲ့ ကုန်ပေါ့...
စစ်ပွဲတွေဆီက
ဝိဥာဉ်တွေလည်း သတိရမိပါရဲ့
တပ်မတော်သားလား
သူပုန်သူကန်လား
တော်လှန်ရေးသမားလား
ငါကတော့ ဘသူ့ကို့မှမခွဲခြား
လာကြ ကလေးတို့
ညီအကိုတို့
မြန်မာဘီယာ သောက်ကြစို့...
ညိုမြသွေး
poem#observation #shinlhu
No comments:
Post a Comment