"ကာလာမသုတ္တာန်ပူဇော်ခြင်း"
🌼🙄💮😌📱🤐🌸🌷
မနက် ၉ နာရီကျော် အလုပ်ကပြန်တိုင်း တကောင်းလမ်းထိပ် နားမှာ သံဃာ ဆွမ်းတန်းတခုနဲ့ မကြာခဏ ဆုံလေ့ရှိပါတယ်။
"အမှတ် (၁)ဝိုင်း အောင်ရတနာ ကျောင်းတိုက်မှ သံဃာတော်များ ဆွမ်းခံကြွ လာပါပြီ ခင်ဗျာ"
၇ နှစ်သားအရွယ် ကိုရင်လေးတပါးက Hand Speaker လေးနဲ့ ဆွမ်းတော်
အော်သံလေးက ကြည်ညို သဒ္ဓါ
ပွားစရာ။ ဒီနေ့ လမ်းအရှေ့ခြမ်းမှာ သံဃာတန်းက ဆွမ်းရပ်နေတော့ နောက်နားကရောက်လာတဲ့ ရှင်လူကြီး ဖြတ်ရခက်နေတယ်။
"လမ်းမှာ ရဟန်းသံဃာ
တွေရဲ့ အရိပ်တွေ့ရင် မနင်းမိစေနဲ့"
ငယ်စဉ် ကထဲက အဖွားဖြစ်သူရဲ့ ဆုံးမစကားကြောင့် တသက်လုံး ရှောင်လာခဲ့တဲ့ သံဃာ့အရိပ် ။ မိမိ ကျန်းမာရေးအရ
လမ်းမှာ ကြာကြာရပ်မနေချင် ၊
အိမ် အမြန်ရောက်မှ အမြန် နားရမှာ။ ခုလို ရပ်စောင့်နေရတာ စိတ်ပင်ပန်းလှပေါ့။ လမ်းဘေးတိမ်းရပ်နေရင်း အတွေးထဲမှာအရိပ် အကြောင်း တွေ စဉ်းစားနေမိတယ်။ အရိပ်ဆိုတာ နင်းလို့ ရသလား။ သစ်ပင်ရိပ်အောက် ဝင်တဲ့အခါ အရိပ်သာ ခြေထောက်အောက်ရောက်နေရင် နေပူကမိနေအုံးမှာပေါ့ ၊အရိပ်က ကိုယ့် ခန္ဓာပေါ် ဖုံးနေလို့သာ အပူကလွတ်နေတာ။
ဒါဆို အရိပ်ဆိုတာ နင်းလို့မရ ခိုလို့သာ ရတဲ့သဘော။
ကာလမ သုတ္တန်ကို စိတ်က ရည်မှန်း ပူဇော် လိုက်မိပါတယ်။
strory#observation #shinlhu
No comments:
Post a Comment