ရှင်လူ့ စီးတော် မြင်း Blue Diamond
🏇🏇🏇🏇🏇🏇🏇🏇🏇
ဒီစီးတော် မြင်းကလေးက ရှင်လူ့ ကိုဝန်ဆောင်မှုပေးခဲ့တာ လေးနှစ်ကျော်ခဲ့ ပြီ။
ရှင်လူ Bella မှာ အလုပ်စဝင်တော့ ရှင်လူ့အသက်က ၆၄ ၊အခု ၆၈ နှစ်ထဲရောက်ခဲ့ ပြီ။အဲ့တုန်းကနေ့ စဉ် အလုပ်ဆင်းဖို့ Bella ဂိုဒေါင်ရှိရာ တောင်ဒဂုံစက်မှုဇုံ
(၁ ) ဟားခါးလမ်းကိုသွားဖို့ ရာ အမှတ် (၆) ကားက သစ်ဆိုင်ကွေ့ မှာပဲ မှတ်တိုင်ရှိလေတော့ ဟားခါးလမ်းကိုရောက်ဖို့ အဝေးကြီး လမ်းလျှောက်ရမှာ။ဒီတော့ ဖွေးဖွေးသိမ့် ဦးငယ်ချောင်ထိုးထားတဲ့ Mountain ဘီးလေးကို ဆွဲထုတ် မွမ်းမံပြီး နေ့ စဉ် အလုပ်ဆင်းခဲ့ရတယ်။ ရှင်လူ့ အိမ်ခန်းရှိရာ
တောင်ဥက္ကလာက နေ ပြီး ဘေလီတံတားကို ဖြတ် မြောက်ဒဂုံကိုကျော် တောင်ဒဂုံစက်မှုဇုံထိ နေ့ တိုင်းအသွား အ ပြန် ဒီဆေးသားအ ဖြူတွေကွက် ပြီး သံချေးတွေတက်နေတဲ့ သံချေးတဝက် ဆေးတဝက်ဘီးကလေးနဲ့ တွဲလာခဲ့တာ အတော် ကြာခဲ့ ပြီပေါ့။သူ့ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း
အစိတ်ဝန်းကျင်က ရှင်လူ့ မှာ BSA စက်ဘီးအစိမ်းပုပ်လေးတစီး ရှိခဲ့ဖူးပါတယ်။အဲ့ BSA လေးကလည်း ဦးလေးဝမ်းကွဲတယောက်မှာ တစီးပိုနေလို့ ပြန်ရောင်းတာနဲ့ အရစ်ကျ ငွေသွင်း ပြီး ပြန်ဝယ်ထားတာပါ။အဲ့ဘီးလေးနဲ့ ရှင်လူတို့မောင်နှံ(မမ
မကွယ်လွန်ခင်ချိန်ထိ) တောင်ဥက္ကလာတခွင်မက တ ခြား မြို့ နယ်များကိုပါ တဝီဝီပတ်ခဲ့ပါတယ်။နာဂစ်မုန်တိုင်း ပြီးခါစ ကဆို
တောင်ဥက္ကလာကနေ ပြီး ယုဇနဥယျာဉ် မြို့ တော်ထိ သွားလည်ပြီး လက်ဖက်ရည်သောက်ခဲ့ ကြပါတယ်။ နီးနီးလေးထင်လို့
မမကို ကယ်ရီယာပေါ်တင်ပြီးနင်းသွားလိုက်တာ တောင်ဒဂုံ စက်မှုဇုံ(၃)ကိုကျော်တော့ တမျှော်တခေါ် လယ်ကွင်း ပြင်ကြီးတဆုံးမှာ ယုဇနဥယျာဉ်က မှုန်ပျပျ။တချို့ 
ကွန်ကရစ်လမ်းတွေက ပေါက်ပြဲ ပြီး သံချောင်း ကြီးတွေကထိုးထိုးထောင်ထောင်။
အဲ့ဒီနေ့ ကဥက္ကလာ ပြန်ရောက်တော့
လင်မယားနှစ်ယောက်လုံး ဒီကိုဂျင် တလုံးစီပဲသောက်ခဲ့ရတယ်။၂၀၀၉ ဇန္နဝါရီမှာမမကွယ်လွန် ပြီးနောက် ဝန်တဝက်ပေါ့သွားတဲ့ BSA လေးကို သိတ်မကျန်းမာတော့တဲ့ ရှင်လူ ကြီး ဆက်စီးနေပါသေးတယ်။TB ဖြစ်လို့ TBဆေး ၆ လ သောက်ရင်း လုပ်လက်စ အိမ်တွင်းလုပ်ငန်းလေး(ပန်းထိမ် မီးဂေါက်၊ဆီဘူး)ဆက်လုပ်ရင်း
တနေ့  လုပ်ငန်းမိတ်ဖက်(ပါတနာ)ဦးထွန်းရင်တို့အိမ် ကို ကုန်ချောပေး ကုန်ကြမ်းယူအသွား "တနေ့ ကရှင်လူလာတော့ စက်ဘီးနောက်မှာ ရှင်လူ့ မိန်းမပါလာတယ်"လို့ ဦးထွန်းရင်က ဆီးပြောပါတယ်။
"အာ...မဟုတ်တာ"
"ဟုတ်တယ် သမီးငယ်ကြည်ပြာက
ရှင်လူ့မိန်းမပါလာတယ် ပြော ပြီး ညက
အိပ်မက်ပေးလို့ သူ ကြိုက်တဲ့ မုန့်ဟင်းခါး
ချက်ပြီး ဘုရားဆွမ်းတော်ကပ်ထားတာ
ဟိုမှာ ကြည့်"ဆို ပြီးပြလို့ ဘုရားစင် ကြည့်လိုက်တော့ ထမင်းစားပန်းကန်ကြီးနဲ့ကို
မုန့် ဟင်းခါး ဆွမ်းကပ်ထားတာ။ အင်း ကိုယ်က သိတ်နေမကောင်းပေမယ့် စက်ဘီးနောက်မှာ အဖော်ပါတယ်ဆိုတော့
နင်းရတာ အရင်ကလို အားပါလာတယ်။
တကယ်တော့ ည ညဆိုယောင်ယမ်းဖက်မိတုန်းလေ။နှစ်ပေါင်း၄၀စာ ဥပါဒါန်တရားတွေ။နောက်ဆုံး ဒီBSAဘီးလေးကိုယ်တိုင် ချူချာလာတယ်။ခဏခဏလည်းမ ပြင်နိုင်၊ ပြန်ရောင်းလိုက်ဖို့ကလည်း သံယောဇဉ်က မ ပြတ်။ စစ်အစိုးရခေတ် အနှစ်၂၀ လုံးလုံး ပါတီကြေညာချက်စာရွက်စာတမ်းတွေခါးကြားထိုး ပြီး စစ်ထောက်လှမ်းရေးဆိုင်ကယ်တွေနဲ့ အ ပြိုင်ကြဲ၊
ရပ်ကွက် လမ်းကြိုလမ်းကြားမကျန် အတူတွဲခဲ့တဲ့ ရဲဘော်စက်ဘီးလေး။ဆက်လက်ထိမ်းသိမ်းထားဖို့  မတတ်နိုင်ဆဲမှာပဲ
လေ ဖြန်းထားဖူးတဲ့မိတ်ဆွေတယောက်
စက်ဘီးပြန်စီးကျင့်ချင်တယ်ဆိုတာနဲ့ 
"ပြင်သုံးဗျာ"ဆို ပြီးပေးလိုက်တာ တခါတခါ သူ ပြု ပြင်မွမ်းမံထားတဲ့ BSA လေးစီးပြီး လက်ဖက်ရည်ဆိုင်လာတာတွေ့ ရင်
"ငါ့ရဲဘော်လေးက ခုလို ယုယလိုက်တော့လည်း မဆိုးဘူး"ဆို ပြီး ဖြေသိမ့်နိုင်ခဲ့ပါရဲ့။
ခုတော့ ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက
"ရှင်လူ့ Mountain ဘီးလေး ဆေးမသုတ်ဘူးလား"မေးတာနဲ့"ငါ မှ မလုပ်တတ်တာဘဲကွာ"ဆိုတော့ "ကျနော်ဒီနေ့ အားတယ် ၊ပေးပိုက်ဆံ၊ဆေးဘူးနှစ်ဘူးလောက်ဝယ်ရမယ်"တဲ့။"ငါ့မှာ ပိုက်ဆံနည်းနေ ပြီ၊ မင်းပဲစိုက်ဝယ်ထားလိုက် ၊လကုန်ငါပေးမယ် ၊အ ပြာနုသုတ် ကွာ"ပြောလိုက်တာ မောင်ဝင်း အ ပြင်ထွက်သွား ပြီး
မှုတ်ဆေးနှစ်ဘူးနဲ့ သံဘရပ်ရှတွေ စက်ကော်ပတ်တွေဝယ်လာတယ်။မောင်ဝင်းတယောက် စက်ဘီးကို တစစီ ဖြုတ်ရင်း"
ရှင်လူ့ ဘီးက သံချေးကိုက်နေတော့ တချို့ဟာတွေ ဖြုတ်မရဘူး"တဲ့။
"အေး မရတဲ့နေရာ ဒီတိုင်းထား၊ သတင်းစာပတ်ပြီးသာမှုတ်ကွာ"လို့။
ဒီလိုနဲ့ မောင်းဝင်းပလပ်ထိုး ပြီးစက်ကော်ပတ်တိုက်နေသံ ကြားနေရတယ်။အတော် ကြာတော့ အိမ်ရှေ့ လမ်းပေါ်နေပူ ကြီးထဲ
ခွေးခြေခုံပေါ် စက်ဘီးဖရိမ် ကြီးခွတင် ပြီးဆေးမှုတ်နေလေရဲ့။ ညနေလည်းစောင်းရော
"ရ ပြီ ရှင်လူ၊ ဆေးခြောက် ပြီဆို ပြီးစက်ဘီးကို ပြန်ဆင်နေတယ်။သူ့ နားကို
ရှင်လူ့ မိတ်ဆွေ အ ငြိမ်းစား လေတပ်ကအရာခံဗိုလ် ကြီးရောက်လာ ပြီး ဝိုင်းဝန်း
ကိုင်တွယ်ပေး၊အ ကြံပေးရင်းနဲ့ပဲ ရှင်လူ့ 
Mountain ဘီးလေး အသက်ပြန်ဝင်လာခဲ့တယ်။အပြာရောင်ဖြစ်သွားတဲ့ စီးတော်မြင်းကလေးကို နာမည်တခုတော့ ပေးဦးမှပါပဲ။သူ့ ကိုခွစီးရင်း သမီးထက်ထက်တို့အွန်လိုင်းဖွင့်ရောင်းနေတဲ့ Blue Lady နာမည်လေးသတိရ ပြီး Blue Angel ပေးရကောင်းမလား တွေးမိသေးတယ်။အာ..မ ဖြစ်သေးပါဘူး။ တော် ကြာ ကယ်ရီယာပေါ်
Angel လေးတွေပါလာမှ ဖြင့်တွေးမိ ပြီး။
အင်း Blue Diamond ...ဆိုရင်။
ဟုတ် ပြီ ဒါမဆိုးဘူး။
ကိုင်း ..ရွာစားရေ၊ မ ကြာ မဆိုင်း ဝဠာတိုင်း ခွင် ဒုန်းစိုင်းလို့သာ နှင်တော့မည်
Blue Diamond ဖေ့သားကြီး ခွာစုံပေါက်လို့သာ ဟီလိုက်ပေရော့ ၊ရွာအပြန်
ခွာသံပေးလိုက်မယ် တိုင်းတုန်ရော့လဟယ်...
story#observation#shinlhu
No comments:
Post a Comment