(အမှာစာ)
ရှင်လူတခါ ဈေးဝယ်ထွက် ၊ပဲ ကြီးနှစ်ခါချက်
🤔👺🤗🤡🙄😌😁👺🤡🤗
အမ်! ရှင်ဘုရင်တခါထွက် ပဲ ကြီးတလှေချက်ပဲ ကြားဖူးပါတယ်၊ ဘယ့်နှာ ကြီးပါလိမ့်ဆို ပြီး မိတ်ဆွေများ ခေါင်းစား သွားနိုင်ပါတယ်။
ဒီလိုပါ ၊ ရှင်လူ ကြီး ဇနီးသည်မမ ကွယ်လွန်တာ လာမယ့် ၂၀၂၁ ဇန္နဝါရီဆို ၁၂နှစ်တင်းတင်း ပြည့်ပါ ပြီ။
မမဆုံး ပြီးကတည်းက မနက်မနက် ဈေးဝယ်ထွက်ရင် အ မြဲလို ကသိကအောင့်
ဖြစ်ရပါတယ်။ခုပဲ ကြည့်၊ ပဲ ကြီးဟင်းချိုလေး ချက်စားချင်လို့ ဝယ်တာ ဈေးသည်က
ပဲ ကြီး ငါးကျပ်သား မရောင်းချင်။တချို့ 
သားငါးသည်များဆိုရင်လည်းး အစိတ်သားနှစ်ထောင် ဘာညာနဲ့ ပြော ပြီး
တဆယ်သားလောက်ဝယ်ရင် ငြို ငြင်တတ် ကြပါတယ်။
ကဲခုတော့ ပဲ ကြီးတဆယ်သား ငါးရာနဲ့ဝယ်လာရ ပြီး တရက်စာ ညမနက်အတွက် တဝက်ချက် ပြီး ကျန်တာကို Fridge ထဲထည့်ထား။ ဟော ဒီနေ့  မစားချင်တော့ပေမယ့် ကြာ ကြာသိမ်းမထားနိုင်တာနဲ့ ပဲ ကြီးဟင်းပဲထပ်ချက်ရ ပြန်တယ်။
တခါတခါ ဘဝမှာ ငါးကျပ်သားလိုနေတဲ့ဝေဒနာက အတော်ဆိုးပါတယ်။ အခန့် မသင့်ရင် ဝမ်းတောင်လျှော သွားနိုင်ပါတယ်။
အဲ့လိုနဲ့ ခံစားချက်တွေ ပေါက်ကွဲ ပြီး ကဗျာတပုဒ် ရေးမိပါရော။တကယ်တော့ ကဗျာဆိုတာ ရှင်းပြဖို့ မလိုပါဘူး။
ဒါပေမယ့် နောက်ခံသမိုင်းမသိသူတို့က
ရှင်လူ ကြီး အရိုးလိုလို့ အသားတောင်းတယ် ထင်မစိုးလို့ ကဗျာကို အမှာစာရေး ပြီးတင်လိုက်ရ ကြောင်းပါ။
ဇနီးသည် မရှိတဲ့ နောက်
💃🏃🕺🕴️💃🏃
သူတို့ က ငါးကျပ်သား
ရောင်းမပေးနိုင်
ငါက ငါးကျပ်သားတန် လူတယောက်
ဒီလိုနဲ့ လူ့အ ဖြစ်မှာ
ငါးကျပ်သား လိုနေခဲ့ပါတယ်။
ညို မြသွေး
story#observation#shinlhu
No comments:
Post a Comment