Sunday, November 30, 2025
story
story
story
Friday, November 28, 2025
story ပေးဆပ်သူတို့ပျော်ရာမြေ ==================== ရှင်လူ နိုင်ငံရေး လုပ်တာကို အခွင့်ထူးခံချင်သူတွေအကြောင်း ဒေါ်စုပြောတော့ ကွယ်လွန်သူ ဆရာ တက္ကသိုလ်ထင်ကြီး ရဲ့ဖခင်ရေးထားတဲ့မှတ်တမ်းစာအုပ်ကို သွားသတိရမိတယ်။အဲဒီမှတ်တမ်းစာအုပ်က ခုချိန်ထိ ထုတ်ဝေတာမတွေ့မိသေးဘူးထင်တာပဲ။ထုတ်ဝေသူတဦးက စာမူကို မထုတ်ဖြစ်တာကြောင့် ရှင်လူနဲ့ လူကြုံပါးပြီး ဆရာတက္ကသိုလ်ထင်ကြီးထံပြန်ပို့ခိုင်းတ�
Wednesday, November 26, 2025
story
story
story
အရိုင်းဘုံမှာသာတဲ့လ(သို့မဟုတ်)ကျေးဇူးတော်နေ့-Thanksgiving day ⛵
၁၇ ရာစုတုန်းကအင်္ဂလန်နိုင်ငံမှာ(Church of England) ဟာ တစ်ခုတည်းသော ခွင့်ပြုထားတဲ့ ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး၊ ဘုရင့်ရဲ့အာဏာကို ဆန့်ကျင်တဲ့ အယူအဆမှန်သမျှကိုသည်းမခံခဲ့ပေ။ အဲဒီအချိန်က Church of England ရဲ့ အစဥ်လာလမ်းကြောင်းကိုမလိုက်လိုတဲ့ Nonconformist
( ပရိုတက်စတင့်အသင်းတရပ်ရပ်)ကဲ့သို့သော လူများဟာ ထောင်ချခံရခြင်း၊ ဒဏ်ငွေချမှတ်ခံရခြင်းနဲ့ လူမှုရေးအရ သပိတ်မှောက်ခံရခြင်းများကို ရင်ဆိုင်ခဲ့ကြရတယ်။
ဒီနှိပ်ကွပ်မှုများကြောင့် ဘာသာရေးလွတ်လပ်ခွင့်အတွက် စွန့်စားရန် ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ (Pilgrims) ဟုခေါ် သီးသန့်အသိုင်းအဝိုင်းတစ်ခုကို မွေးထုတ်ပေးခဲ့တယ်။ ပထမဦးစွာ သူတို့ဟာ ပိုမိုသည်းခံမှုရှိတယ်ထင်ရတဲ့ နယ်သာလန်ကိုထွက်ပြေးခဲ့ကြတယ်။ ဒါပေမယ့် နယ်သာလန်မှာလည်း သူတို့ဟာ စီးပွားရေးအခက်အခဲများ၊ ယဉ်ကျေးမှုကွဲလွဲမှုများနဲ့ နောက်ဆက်တွဲမျိုးဆက်သစ်များအတွင်း မိမိတို့ဂုဏ်သိက္ခာနဲ့ယုံကြည်ချက်များ ပျောက်ဆုံး
သွားမှာကို တည်ဆောက်ဖို့ အတွက် အိပ်မက်မျိုးမဟုတ်ခဲ့ပါ။
ဒါနဲ့ပဲ သူတို့ဟာ အမေရိကအသစ်ကို သွားရောက်အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ဒီ့နောက်အင်္ဂလန်ပြန်လာပြီး ငွေကြေးထောက်ပံ့မှုတွေရှာ လိုအပ်တာတွေကိုပြင်ဆင်ပြီး (၁၆၂၀)ခုနှစ်အင်္ဂလန်Southampton)မြို့ ကနေ Mayfloweသင်္ဘော
နဲ့ အခြား သင်္ဘောတစ်စင်းဖြစ်တဲ့ Speedwell နဲ့အတူ ထွက်ခွာခဲ့ကြတယ်။
* Speedwell သင်္ဘော ဟာခရီးမဝေးခင် ရေယိုစိမ့်မှုဖြစ်တဲ့အတွက် ပြန်ဆိုက်ရပြီး၊ ခရီးသည်အားလုံးနီးပါး Mayflower တစ်စင်းတည်းပေါ်မှာ စုပြီးစီးခဲ့ကြရတယ်။
ဒီလိုနဲ့ Mayflower ခရီးရှည်ရဲ့ ကြမ်းတမ်းတဲ့အသစ်တစ်ခုအစပြုခဲ့ကြတယ်။
ဒါ့ကြောင့် ၁၆၂၀ ပြည့်နှစ်မှာ ခရီးသည်၁၀၂ယောက်
တို့ဟာ (Virginia) ကို ထွက်ခွာခဲ့ကြတယ်။ဒီခရီးဟာ ခန့်မှန်းခြေအရ ရက်ပေါင်း ၆၆ ရက်ကြာမြင့်ခဲ့ပြီး၊ ပင်လယ်ပြင်တွင် လှိုင်းကြီးများနှင့် ရင်ဆိုင်ခဲ့ရတယ်။ သင်းဘောပေါ်မှာ ကျဉ်းမြောင်းပြီး မသန့်ရှင်းတဲ့ အခြေအနေများကြောင့် ရောဂါများ ဖြစ်ပွားခဲ့ကြတယ်။ သူတို့၏ ခရီးစဉ်ဟာ မျှော်မှန်းထားတာထက် ပိုမိုဝေးကွာသွားပြီး၊ လက်ရှိ မက်ဆာချူးဆက်ပြည်နယ် (Massachusetts) ကမ်းခြေကို ၁၆၂၀ ခုနှစ် ဆောင်းရာသီမှာ ရောက်ရှိခဲ့ကြတယ်။ ဆောင်းရာသီရဲ့ ကြမ်းတမ်းမှုက သူတို့အတွက် ကြောက်မက်ဖွယ်ရာ စမ်းသပ်မှုတစ်ခုဖြစ်ခဲ့တယ်။ အအေးဒဏ်၊ အစားအစာရှားပါးမှုနှင့် ရောဂါများကြောင့် ခရီးသည် တစ်ဝက်နီးပါး သေဆုံးခဲ့ကြရတယ်။
ကျေးဇူးတော်နေ့(Thanksgiving) ရဲ့မူလအစ.......
ဒါပေ၊မယ့် ကံကောင်းထောက်မတယ်ပြောရမှာပေါ့
လေဒေသခံ(Wampanoag) ကျေးရွာ သားတွေကဒီဥရောပသားတွေကိုကူညီခဲ့ကြတယ်။
သူတို့ဟာစိုက်ပျိုးရေးနည်းလမ်းတွေ၊ ဒေသထွက်သီးနှံများကို စိုက်ပျိုးနည်းတွေကို သင်ကြားပေးခဲ့ကြတယ်။ ၁၆၂၁ ခုနှစ် ဆောင်းဦးရာသီရိတ်သိမ်းချိန်မှာ ခရီးသည်တော်များဟာသူတို့ရဲ့ ပထမဆုံးသော ရိတ်သိမ်းမှုကို အောင်မြင်စွာ ရရှိခဲ့ကြတယ်။ ကျေးဇူးတင်ခြင်းအထိမ်းအမှတ်အဖြစ်၊ ခရီးသည်တော်များဟာ(Wampanoag) ကျေးရွာသား ၉၀ ခန့်ကို ဧည့်ခံကျွေးမွေးပြီး သုံးရက်တိတိ ကျေးဇူးတင်ခြင်းပွဲတော်ကိုကျင််းပခဲ့ကြတယ်။အဲဒီနေ့ဟာကျေးဇူးတော်နေ့ရဲ့ပထမဆုံးအကြိမ် ကျင်းပမှုဖြစ်တယ်။ ဒီပွဲမှာ သူတို့ဟါ ဘုရားသခင်ကို ကျေးဇူးတင်ခြင်း၊ မိသားစုများနဲ့အတူရှိခြင်းနဲ့အသက်ရှင်ကျန်ရစ်ခြင်းအတွက် ဝမ်းမြောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်။
အဆုံးသတ် ခက်ခဲကြမ်းတမ်း
မှုကနေပေါက်ဖွားလာတဲ့ ကျေးဇူးတော်နေ့ဟာ ကမန်းကတန်းကျင်းပတဲ့ ပွဲလမ်းသက်သက်မဟုတ်ဘဲ၊ လွတ်လပ်ခွင့်အတွက် စွန့်လွှတ်စွန့်စားခဲ့မှုများ၊ မျှဝေခံစားခဲ့ကြရတဲ့ဒုက္ခများနဲ့ ကျေးဇူးတင်ခြင်းမေတ္တာတရားတို့ ရဲ့သက်သေသာဓကတစ်ရပ်ဖြစ်တယ်။လွတ်လပ်မှုနယ်သစ်ရှာခရီးသည်တော်များရဲ့ သေလုနီးပါး ကြုံတွေ့ခဲ့ရတဲ့ ခရီးတို့ဟာဒီကျေးဇူးတော်နေ့မှာ မျှဝေစားသောက်ကြတဲ့ ကျေးဇူးတင်ခြင်းစိတ်ခံစားမှုကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ဒါဟာ လူသားတို့ရဲ့ ဇွဲလုံ့လ၊ ယုံကြည်ခြင်းနဲ့ မျှဝေမှုစိတ်ဓာတ်တို့က ဘယ်လောက်ကြီးမားတဲ့ ဒုက္ခ
ကိုမဆို ကျော်လွှားနိုင်ကြောင်း သတိပေးနေတဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပင်ဖြစ်တယ်။
မှန်ပါတယ်။ ဝမ်ပန်နိုအဂ် (Wampanoag) လူမျိုးများဟာ အမေရိကတိုက်သား (Native Americans) များဖြစ်ပြီး၊ သမိုင်းတွင်ကျယ်ခဲ့တဲ့ "ကျေးဇူးတော်နေ့"မှာ(Pilgrims) ခရီးသည်တော်များကို ကူညီခဲ့သူများဖြစ်ကြပါတယ်။
အခုချိန် အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ (Thanksgiving Day) ကို ကျင်းပပုံဟာ သမိုင်းကြောင်းအစဖြစ်ခဲ့တဲ့ ၁၆၂၁ခုနှစ်မှာ Plymouthကျေးရွာက ရိုးရှင်းတဲ့ ရိတ်သိမ်းပွဲကနေ ကြီးကျယ်ခမ်းနားတဲ့ မိသားစုပွဲတစ်ခုအဖြစ် ပြောင်းလဲလာပါပြီ။
ကျင်းပချိန် နိုဝင်ဘာလ စတုတ္ထကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ရုံးပိတ်ရက်ဖြစ်ပြီး စနေ၊ တနင်္ဂနွေနဲ့ ပေါင်းကာ ရှည်လျားတဲ့ အားလပ်ရက်အဖြစ် ကျင်းပပါတယ်။
👨👩👧👦 မိသားစုစည်းဝေးခြင်း နေရာတကာမှ မိသားဝင်များ ပြန်လည်စုရုံး နှစ်စဉ်နှစ်တိုင်း "ကျေးဇူးတော်နေ့ ခရီးသည်အရေအတွက် အမြင့်ဆုံးရက်" ဖြစ်ကာ လေကြောင်း၊ ကားလမ်းများ ပြတ်တောက်သွားတတ်ပါတယ်။
🍗 ထမင်းဝိုင်း ကျေးဇူးတော်နေ့ညစာ ကြက်ဆင်သားဟင်း၊ ခရန်ဘယ်ရီဆော့စ်၊ အာလူးချေပြီး ချက်ထားသောဟင်း၊ ပြောင်းဖူးမုန့်၊ ချိပ်စ်ပါသော ဟင်းသီးဟင်းရွက်နှဲ့မုန့်ကြွပ်ကြီးများထဲတွင် ချက်ထားသော အသားတုများ တို့ဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။
🏈 အားကစားကြည့်ခြင်း အမေရိကန်ဘောလုံးလိဂ် (NFL) ကျေးဇူးတော်နေ့တွင် NFL ဘောလုံးပွဲစဉ်များ ကျင်းပပြီးမိသားစုဝင်များအတူကြည့်ရှုကြပါတယ်။
🛍️ ဈေးဝယ်ခြင်း အနက်ရောင်စနေ ကျေးဇူးတော်နေ့ပြီးတစ်ရက်ဖြစ်သော သောကြာနေ့တွင် "အနက်ရောင်စနေ" ဈေးလျှော့ပေးသည့်နေ့ဖြစ်ကာ ခရစ္စမတ်ဈေးဝယ်စတင်ကြပါတယ်။
🧡 ကျေးဇူးတင်ခြင်း ကျေးဇူးတင်စကား ထမင်းစားဝိုင်းတွင် မိသားစုဝင်တိုင်းက မိမိကျေးဇူးတင်ရှိသည့် အရာများအကြောင်း ဝိုင်းဝန်းမျှဝေပြောဆိုကြပါတယ်။
---
ကျေးဇူးတော်နေ့ရဲ့ အဓိပ္ပာယ်နှင့် ဆင်နွှဲပုံ
၁။ ကျေးဇူးတင်ခြင်း၏ အနှစ်သာရ
ကျေးဇူးတော်နေ့ရဲ့ဗဟိုချက်မှာ "ကျေးဇူးတင်ခြင်း" ပါပဲ။ မိသားစုဝင်တွေဟာ ထမင်းစားတဲ့အခါ၊ သို့မဟုတ် စုရုံးနေတဲ့အခါ တစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့ရတဲ့ ကောင်းချီးများအတွက် ကျေးဇူးတင်စကား ပြောကြားကြပါတယ်။ ဥပမာ - ကျန်းမာရေး၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေရှိခြင်း၊ အလုပ်အကိုင်စသည်ဖြင့် ဖြစ်ပါတယ်။
၂။ စေတနာ့ဝန်ထမ်းလုပ်အားပေးခြင်း
မိသားစုပွဲတွေကျင်းပရင်းဆင်းရဲသားများအတွက်လည်း မမေ့ကြပါဘူး။ လူမှုရေးအဖွဲ့အစည်းတွေက ချို့တဲ့သူများအတွက် အခမဲ့ကြက်ဆင်သားဟင်းပွဲများ ဝေငှပေးတတ်ပြီး စေတနာ့ဝန်ထမ်းများက ထိုအစီအစဉ်တွေမှာ ကူညီဆောင်ရွက်ပေးကြပါတယ်။
၃။ ကျေးဇူးတော်နေ့ ခရီးစဉ်
ကျေးဇူးတော်နေ့ဟာနှစ်စဉ် ခရီးသွားအရေအတွက် အများဆုံးရက်သတ္တပတ် ဖြစ်ပါတယ်။ လူသန်းပေါင်းများစွာဟာ မိသားစုဆီပြန်ဖို့ လေကြောင်းခရီး၊ ကားခရီးတွေ ထွက်ကြပါတယ်။ ဒါကြောင့် လေဆိပ်တွေ၊ ကားလမ်းမကြီးတွေမှာ လူအများအပြားနဲ့ ပြတ်တောက်မှုတွေ ကြုံရတတ်ပါတယ်။
၄။ ကျေးဇူးတော်နေ့ ပါရာဒါ
ကျေးဇူးတော်နေ့မနက်ခင်းမှာ"Macy's Thanksgiving Day Parade" လို့ခေါ်တဲ့ ကြီးကျယ်တဲ့ လှေကားထစ်ပွဲတစ်ခုကို နယူးယောက်မြို့မှာ ကျင်းပပါတယ်။ ကြီးမားတဲ့ ပူဖောင်းရုပ်ကြီးတွေ၊ ဂီတအဖွဲ့တွေ၊ ဖျော်ဖြေရေးသမားတွေနဲ့ တောက်ပလှပပါတယ်။ ဒီပွဲကို လူသန်းပေါင်းများစွာက မြို့လမ်းမပေါ်ကနေရော၊ ရုပ်မြင်သံကြားကနေပါ ကြည့်ရှုကြပါတယ်။
---
ကျေးဇူးတော်နေ့ရဲ့ အဓိကအစားအစာများ
· ကြက်ဆင်သားဟင်း: ကျေးဇူးတော်နေ့ရဲ့ သင်္ကေတဖြစ်ပါတယ်။ တစ်ကောင်လုံးအခြောက်လှန်းပြီး မီးဖုတ်ကာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ကြပါတယ်။
· ခရန်ဘယ်ရီဆော့စ်: ချိုချဉ်အရသာရှိပြီး ကြက်ဆင်သားနဲ့ တွဲဖက်စားသုံးကြပါတယ်။
· ပြောင်းဖူးမုန့်: ပြောင်းဖူးမှုန့်နဲ့ ပြုလုပ်ထားတဲ့ ချိုပြီး ပျော့အိအိမုန့်ဖြစ်ပါတယ်။
· အာလူးချေပြီး ချက်ထားသောဟင်း: အာလူးကို ချေပြီး ထောပတ်၊ နို့၊ ခရင်မ်တို့နဲ့ ရောမွှေထားတာဖြစ်ပါတယ်။
· မုန့်ကြွပ်ကြီးများထဲတွင် ချက်ထားသော အသားတုများ: မုန့်ကြွပ်ခွက်ထဲမှာ ပေါင်းမုန့်၊ ဟင်းသီးဟင်းရွက်၊ အသားတို့ကို ထည့်ပြီး ချက်ထားတာဖြစ်ပါတယ်။
· ဖုတ်ကြော်ထားသော ရွှေရောင်ချို: ရွှေရောင်ချိုကို ချိပ်စ်နဲ့ မတ်ရှ်ပြုလုပ်ပြီး ဖုတ်ထားတာဖြစ်ကာ ချိုပြီး နူးညံ့တဲ့ အရသာရှိပါတယ်။
· ရွှေရောင်ချိုမုန့်: ရွှေရောင်ချိုကို ဟင်းချိုအနေနဲ့ ချက်ပြုတ်ကြပါတယ်။
· ပိုင်းမုန့်: ကျေးဇူးတော်နေ့အတွက် အထူးပြုလုပ်ထားတဲ့ ပိုင်းမုန့်မျိုးစုံရှိပြီး၊ ရွှေရောင်ချိုပိုင်း၊ ပန်းသီးပိုင်း၊ သစ်ကြားသီးပိုင်းတို့ ဖြစ်ကြပါတယ်။
ကျေးဇူးတော်နေ့ဟာ မိသားစုနဲ့ ချစ်ရသူတွေအတူစုရုံးပြီး တစ်နှစ်တာအတွင်း ရရှိခဲ့တဲ့ ကောင်းချီးများအတွက် ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာစားသောက်ခြင်းနဲ့ အတူတူအချိန်ဖြုန်းခြင်းတို့ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်နှက်နေတဲ့ နွေးထွေးပျူငှာတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။
မှတ်ချက်။ ။ဒီ ကျေးဇူးတော်နေ့ဟာ တဖက်စောင်းနင်း ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အလွန်လှပတဲ့ သင်္ကေတတခုဖြစ်နေတာကြောင့် ရှင်လူကြီးမနည်းကြိုးစားရေးခဲ့ရပါတယ်။ရှင်လူ့ဖုန်းက စာရိုက်ရတာအဆင်မပြေပါ။ရိုက်ရင်း ရပ်ရပ်သွားလို့ ဖုန်းပိတ်ပြီးပြန်ဖွင့်ပြန်ရိုက် ပြန်ပြင် အကြိမ်ကြိမ်ကျိုးစားရပါတယ်။ရှင်လူတို့ဆီကအတာသင်္ကြန်နဲ့ခပ်ဆင်ဆင်ယဉ်ကျေးမှုပွဲတော်မို့ အမှတ်တရဖတ်ကြည့်နိုင်ရအောင်။
story#observation#shinlhu
Tuesday, November 25, 2025
story
Monday, November 24, 2025
story
Sunday, November 16, 2025
Draft
ငွေဆိုတာ**ကုန်ဖလှယ်တန်ဖိုး (Exchange Value)** ပဲရှိပြီး **အသုံးချတန်ဖိုး (Use Value)** မရှိဘူးဗျ..ဥပမာပြောရရင်...."
တဘက်ဝိုင်းကစကားသံများကိုနားစွင့်ရင်း ဖန်ခွက်ထဲက လက်နှစ်လုံးစာအရက်ကိုတဖြည်းဖြည်းချင်းစုပ်သောက်လိုက်ပါတယ်။မိမိရောက်နေတဲ့နေရာက သာမာန်အရက်ဖြူဆိုင်လေးတဆိုင်ပါပဲ။ဒါပေမယ့် မြို့ပြနဲ့သိတ်မဝေးတဲ့ ဆင်ခြေဖုံးဒေသမို့ ဒီဆိုင်လေးမှာ လက်လုပ်လက်စားလူတန်းစားတွေရော ပညာတတ်အလွှာလူလတ်တန်းစားတွေအစ ပင်စင်စားတွေအထိလာထိုင်လေ့ရှိကြပါတယ်။ဆိုင်ရှင်ကလည်းနေ့စဥ် ဖောက်သည်များအတွက် စားပွဲတိုင်းမှာ သံပန်းကန်တချပ်နဲ့ ဆီးဖြူသီးများအခမဲ့ထည့်ပေးထားပြီး ဆားခွက်လေးပါချပေးထားလေတော့ စားသုံးသူ ကာစတာမာများမှာ အမြည်းဖိုးမပါလည်းကိစ္စမရှိ ။ဆိုင်ရှင်ရဲ့စီးပွားရေးအမြင်ကရှင်းရှင်းလေးပါပဲ။ဆီးဖြူသီးပေါချိန်ဆီးဖြူသီး၊သရက်သီးပေါချိန် သရက်သီးစိမ်းများလှီးပြီး အမြည်းမပြတ်အောင်တည်ခင်းပေးရုံပါပဲ။သူ့အဖို့ ကအရက်ဂါလံများများရောင်းရလေလေ ရေများများရောရလေလေမဟုတ်လား။
"ပီကာဆိုရဲ့ ဂွါယာနီကာ ပန်းချီကားကြီးဆို စပိန်ပြည်တွင်းစစ်ကိုအခြေခံပြီးဆွဲထားတာဗျ"
"နေစမ်းပါအုံး...ဟိုနားရွက်ဖြတ်တဲ့ ပန်းချီဆရာဗျာ...ဘယ်သူ..ကျုပ်နာမည်မေ့နေလို့...."
"ဗင်းဆင့်ဗင်းဂိုးပါဗျာ ၊
သူသေပြီးမှသူ့ပန်းချီကားတွေကကမ္ဘာကျော်ခဲ့တာ..သူ့ရဲ့ နေကြာပန်းဆိုတဲ့ ကားကြီးဆိုဒေါ်လာ ၅၃.၃သန်းကျော်နဲ့ရောင်းခဲ့ရတာ...."
မိမိက လူသစ်တယောက်ပြီပြီ ဆိုင်ရဲ့ထောင့်ကျကျစားပွဲလေးမှာ တယောက်ထဲသောက်လေ့ရှိပါတယ်။ဒေသအသစ်တခုရောက်လေတိုင်း အခြေအနေအရပ်ရပ်သိချင်ရင် ထိုဒေသကအရက်ဆိုင်နဲ့စျေးကိုလေ့လာတာအကောင်းဆုံးပါပဲ။
မိမိဒီဆိုင်ရောက်စ အစောပိုင်းရက်များမှာတော့ အရာရာတိုင်းဟာ ပုံမှန်ယန္တယားတခုလိုပါပဲ။အရက်ဝိုင်းအသီသီးဟာ တူရာတူရာ အစုလေးတွေနဲ့ ညနေခင်းကို ဖြတ်သန်းနေကြပါတယ်။
စာပေ ဂီတ ပန်းချီ ကအစ ဘောဂဗေဒ ဘာသာရေးမကျန် သန်ရာသန်ရာ
စုဖွဲ့ထိုင်ကြတဲ့ဝိုင်းတွေရှိသလို
စာသိတ်မတတ်ကြတဲ့ လက်လုပ်လက်စား များကလည်း
ဗဟုသုတရလည်းမနည်းဆိုတဲ့သဘောနဲ့နီးစပ်ရာဝိုင်းထဲဝင်ပြီးနားထောင်ကြပေါ့။
ဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ချောင်ကျကျစားပွဲမှာတယောက်ထဲထိုင်လေ့ရှိတဲ့မိမိကိုသူတို့သတိထားမိသွားပါတယ်။
"ဟိုဆရာကြီး...တယောက်ထဲ မပျင်းဘူးလားဗျ၊ လာလေဗျာ
စကားလေးဘာလေးပြောရအောင်ကျုပ်တို့နဲ့လာဝိုင်းပါ"
"နေပါစေ ဗျာ၊ခင်ဗျားတို့ဘာသာလွတ်လွတ်လပ်လပ်ဆွေးနွေးကြပါ၊ ကျနော့ကြောင့် အနှာင့်အယှက်ဖြစ်မစိုးလို့ပါ"
"ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးဗျ၊ဒီမှာက အားလုံးလွတ်လပ်တယ်၊ကိုယ့်အိမ်မှာထက်တောင်လွတ်လပ်သေးတယ်"
မိမိက သူတို့ဝိုင်းထဲဝင်ရမှာမဝံမရဲဖြစ်နေမိတယ်၊ဒါ့ကြောင့်ဘာမှပြန်မပြောဘဲ အတန်ကြာငြိမ်သက်တုန့်ဆိုင်းနေဆဲ..
"လာစမ်းပါ ကိုယ့်လူရ၊ဒီမှာအားလုံးဟာ လွတ်လွတ်လပ်လပ်ပဲ၊ တနေ့တနေ့ ဆွေးနွေးကြ ၊ငြင်းခုံံကြ နဲ့ အသိညာဏ်ဖလှယ်နေကြတာ၊ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ယမကာဝိုင်းတွေဖြစ်မပေါ့ဗျာ"
သူတို့ထဲက ကော်ကိုင်းမျက်မှန်ထူထူနဲ့ အသက် ၆၀ ကျော်လောက် စာပေသမားကြီးရဲ့ဖိတ်ခေါ်ချက်ကြောင့်မိမိမှာမနေသာတော့ဘဲ သောက်လက်စပုလင်းနဲ့ဖန်ခွက်လေးကိုအသာမရင်းဝိုင်းကူးလာခဲ့ပါတယ်။
တဝိုင်းလုံး လူသစ်တယောက်ကိုကြိုဆိုတဲ့အနေနဲ့ ခွက်အသီးသီးထဲ အရက်ကိုအနေတော်ထည့် ခွက်ချင်းတိုက်ပြီး ချီးယာစ် လုပ်လိုက်ကြပါတယ်။ဒီလိုနဲ့ သွေးပူစပြုနေပြီဖြစ်တဲ့ဝိုင်းကလေးဟာ ပုံမှန်အယူအဆ ကောက်ချက်တွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြန်ပါတယ်...
Saturday, November 15, 2025
story
လောဘမူစိတ်ဟူသည်...😀😬😁😂🤓😎🤩🥳🥳
မနက်ခင်း လက်ဖက်ရည် ဆိုင်မှာ လက်ဖက်ရည် တခွက်မှာရင်း စီးကရက်ဘူးသစ်ကလေးကိုဖောက် တလိပ်ထုတ်ပြီးမီးညှိဖွာရှိုက်လိုက်တယ်။ဒီအချိန်မှာ ဆွမ်းခံကိုယ်တော်တပါးက အနားမှာရပ်ပြီး မိမိမျက်နှာကိုစိုက်ကြည့်နေတာကြောင့် အသိဘုန်းကြီးများလား စဥ်းစားပေမယ့် မဟုတ် ။ ဘာကိစ္စ များပါလိမ့်။မိမိကစူးစမ်းဟန်နဲ့ ပြန်ကြည့်လိုက်တော့ ဘုန်းကြီးက…"စီးကရက်"လို့တခွန်းထဲပြန်ပြောလိုက်မှ …"သြော်...စီးကရက်အလှူခံချင်လို့ပဲ."တွေးပြီး တလိပ်ထုတ်ကာ ဘုန်းကြီး ကိုတရိုတသေကပ်လိုက်တယ်။ဒီအချိန်မှာ ဝိနည်းတွေဘာတွေ စပ်စုတတ်တဲ့ရှင်လူကြီးဘာမှမစဥ်းစားဖြစ်။အသက် ၇၀ ကျော်တာတောင် စီးကရက်မပြတ်သူမို့ ကိုယ်ချင်းစာကာ ကိုယ့်လိုပဲ သောက်ချင်ရှာမှာတွေးပြီးပေးလှူလိုက်ခြင်းသာ။ပြီးမှ တခုတွေးမိပြန်ပေါ့။လက်ဖက်ရည်ဆိုင်မှာ ဆုံနေကျမိတ်ဆွေများ တိုက်သလို တလိပ်ချင်းတိုက်သလိုဖြစ်သွားတာ။တကယ်ဆို ဘူးလိုက်ကပ်လိုက်လည်းဘာမှပိုမကုန်သွား။ခုတော့ အလှူကုသိုလ်က ကိုယ့်အတွက် ၁၉လိပ်ချန်ပြီး ဘုန်းကြီးကိုတလိပ်လှူသလိုဖြစ်သွားတယ်။အင်း... ရှင်လူကြီးလည်း အဘိဓမ္မာလေ့လာခဲ့သူမို့ အကုသိုလ် ၁၂ပါး၊ လောဘမူစိတ် ၈ ပါး၊ဒေါသမူစိတ် ၂ ပါး၊မောဟမူစိတ် ၂ ပါး စသဖြင့်ရေတွက်တဲ့အကျင့်ပါနေလို့လားမသိ။စီးကရက်တလိပ်ဘုန်းကြီးလှူပြီး ယူနစ်တွေ တွက်နေလိုက်တာ....။
ဟိုက်... ဗုဒ္ဓေါ...အဲ့ဘုန်းကြီး က ပစ္စေကဗုဒ္ဓါဖြစ်နေပြီး မိမိကိုကယ်မချင်လို့ အလှူလာခံတာဆိုရင် အလှူက ဓိဋ္ဌဓမ္မဝေဒနိယ ကံ.. ချက်ချင်း အကျိုးပေးမှာ။
ကတောက်စ်...တဘူးလုံးလှူလိုက်ရမှာ...
story#observation #shinlhu