သဘာဝရဲ့ရင်သွေးငယ် food blogger စစ်စစ်..🤓🤑😝😎🤩🥳🤭🤫
တနေ့ပြီးတနေ့...
တရားတွေနာရင်း ကိလေသာအကြောင်းသိသိလာတယ်။အမှန်တော့ အရင်တုန်းက အဲဒီလောဘ ဒေါသ မောဟ ဆိုတဲ့ကိလေသာနဲ့ နေ့တိုင်းရန်ဖြစ်နေရတာကိုတရားလို့ထင်ခဲ့တာ။"မင်းနဲ့ပေါင်းလို့ ငါ ဒုက္ခတွေရောက်နေတာ၊သွား...သွား မင်းကိုအလိုမရှိဘူး"ပြောလေ ဒေါသကဖြစ်လေ။ အင်းမဟုတ်သေးပါဘူး ဒီကောင်နဲ့ အဆင်ပြေအောင် အလိုက်သင့်ပေါင်းကြည့်မှဆိုပြီး ဒီနေ့တော့ ဝက်ပေါင်သားလေးထောင်ဖိုးဝယ်ခဲ့တယ်။အခါတိုင်းလည်း ဝက်သားကိုအမျိုးမျိုးချက်စားခဲ့တာပဲ။တသက်လုံးချက်စားခဲ့လို့လည်းရိုးနေပြီ။ဒီနေ့တော့ အွန်လိုင်းပေါ်ကတွေ့တဲ့ချက်နည်းအတိုင်းချက်စားမယ်ဆိုပြီးလိုတာတွေရှာဝယ်လာခဲ့တယ်။အရင်ဆုံးဝက်သားတုံးတွေကိုဆားရည်နဲ့ ၁၅ မိနစ်စိမ်ထားလိုက်တယ်။ပြီးတော့ ကြက်သွန်မိတ်နဲ့ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ ချင်းနည်းနည်းထောင်းထည့်။ပြီးတော့ နာနတ်ပွင့်နည်းနည်းထည့်ပြီးဝယ်ထားတဲ့ဘီယာဘူးကိုဖောက် အပေါ်ကလောင်းထည့်။ပိုတဲ့ဘီယာကို တခါထဲမော့ချပလိုက်တယ်။အေးရော။ဒီလိုနဲ့ ဟင်းအိုးပွက်လာတော့ အရည်ခပ်မြည်းလိုက် ၊အသားဖဲ့မြည်းလိုက်နဲ့ ခု ခေါင်းထဲမှာရီတီတီဖြစ်နေပြီ။ဆီးချိုတက်တာလား၊ သွေးတိုးနေတာလား၊ဘီယာမူးတာလား မသိနိုင်တော့။ဒါ...နေ့လယ်စာစားချိန်မရောက်သေး။
အင်း...ဓမ္မမိတ်ဆွေတို့ရေ။ကိလေသာဆိုတာ ရန်သူလား မိတ်ဆွေလား ပယ်ရမယ့်တရားလား ၊ပေါင်းရမယ့်တရားလား။မဂ္ဂင် ၈ ပါးထဲမှာ ဘယ်လိုသွန်သင်ထားသလဲ။
ဝှူး...ဘာကမူးမှန်းမသိ မူးတော့မူးနေပြီ။
story#observation#shinlhu
No comments:
Post a Comment