Saturday, January 7, 2017

ညအိုင်​ပြာု♡ ♡ ♡

ညအိုင်​ပြာ
ု♡ ♡ ♡ ♡
ညိုမြ​သွေး
ဒိုင်းခနဲ ကန်​​ရေပြင်​လှိုင်းတံပိုးတို့ ပွက်ထ
သေနတ်​သံ​တွေဆူညံသွားခိုက်​မှာ
ငန်းရိုင်းတို့ ကစဉ့်​ကလျားထပျံ....
၈၈,၈၉,၉၀+++✈ ✈ ✈
တချို့ မုဆိုးပိုက်​ကွန်​ထဲ
တချို့ ဦးတည်​ရာမဲ့ပျံသန်း
တချို့က ​မြောက်​ဝန်​ရိုးစွန်းတိုင်
ရေခဲဖုံး ရပ်​ဝန်းများဆီ....
၂၀၁၆-၂၀၁၇ တ​ကောင်​ နှစ်​​ကောင်
သုံး​ကောင်​ ​လေး​ကောင်
ငန်းတို့​ပျော်​ရာ အိုင်​အိုကြီးဆီ...
တချို့က ထာဝရ
ပြန်​မလာနိုင်​ကြ​တော့
ဟောဒီအိုင်​ကြီးနားမှာ
ငှက်​ခတ်​မုဆိုး​တွေ တကယ်​မရှိ​တော့ဘူးလား
သေနတ်​သံ​တွေ တကယ်​ဆိတ်​ခဲ့ပြီလား
ကန်​​ရေပြင်​မှာ အုပ်​ဖွဲ့ကူးခတ်
စူးစမ်းလည်​တံရှည်​ကြီး​တွေနဲ့
ငန်းရိုင်းကြီး​တွေခမျာ
အနံ့အသက်​တခုကို​တော့ မ​သေမခြာ
ငြိမ်းချမ်း​ရေးလား
စစ်​ပွဲ​တွေလား
ဝိုးတဝါးဆည်းဆာမြူရိပ်​​တွေ​အောက်​မှာ...
(​နွေလယ်​​နေ၊ဒတ္ထ၊နှင်းခါးမိုး၊ညိုမြ​သွေး)
Fri,6 Jan 2017 ည​နေ 5:30 PM
ညိုမြ​သွေး
10:13AM
Sat,7 Jan 2017
Poem#observation#shinlhu

No comments:

Post a Comment