Friday, January 27, 2017

မြင်​ကွင်းတဆုံး လမ်းမကြီး​ပေါ်မှာ ♥ ♥

မြင်​ကွင်းတဆုံး လမ်းမကြီး​ပေါ်မှာ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ညိုမြ​သွေး
နှလုံးသား​ပေါ်ဖြတ်​ခုတ်​သွားတဲ့
့အမြန်​ရထားက
မျက်​​တောင်​တဖျပ်​ဖျပ်​ရပ်​ဝန်းမှာ
မုန်​တိုင်းမိုးသက်​​တွေ သွန်းပက်​ရွာ
့အ​မော​တွေကို ခရီး​ဆောင်​အိတ်​နဲ့
လွယ်​ရင်း
ဗာဟီရ ​တောင်​ထိပ်​ဆီ သွားရာအဆန်​ခရီး
အာ​ခေါင်​တခုလုံး ​ခြောက်​​​သွေ့ ကွဲအက်
ယာယီ ​ဖြေသိမ့်​ဆွတ်​ဖြ​န်းနွမ်း​ပြေစရာ
သံ​ယောဇဉ်​ တ​ပေါက်​​တ​လေ မပါခဲ့
တံလှပ်​နဲ့ထုဆစ်​ထားတဲ့
အာရုံမြင်​ အို​အေစစ်​​လေးတခု
ငါ့မျက်​စိ​တွေ လုံးဝ မှိတ်​မသွားခင်​​လေး
ညို​ယောင်​​ယောင်​ မိုးသားရိပ်​ထဲမှာ
တကယ်​က
အေးမြတဲ့ ​ရေစင်​ တစက်​မျှမပါ
ညိုမြ​သွေး
Mon,23 Jan
2017
poem#observation#shinlhu

သွေးသံတရဲရဲ အရသာ ~~~~~~~~~~~~ ညိုမြ​သွေး Chat head

သွေးသံတရဲရဲ အရသာ
~~~~~~~~~~~~
ညိုမြ​သွေး
Chat head ကိုActive လုပ်​ပြီး
ထိုင်​​ငေး​နေတာ....
ငါ့ဒဏ်​ရာ ငါချစ်​​နေပြီလား...
မင်းက
ချောင်​ပိတ်​ အကန်​ခံထားရတဲ့ေ​ခွးအိုကြီးပါကွာ....
ညိုမြ​သွေး
8:06AM
Sat,31 2016
poem#observation #shinlhu

ဝန်​ကြီးနဲ့အတူ ရက်​လည်​သွားခြင်း ♪ ♪

ဝန်​ကြီးနဲ့အတူ ရက်​လည်​သွားခြင်း
♪ ♪ ♪ ♪ ♬ ♬ ♬ ♪ ♬ ♬
Wed,25 Jan 2017
ဒီ​နေ့ ရှင်​လူ တို့ Maze Walker Team က
ကိုကြီး ဦးသန်းထွန်းရဲ့ဇနီး ​ဒေါ်လှလှဝင်း
ရက်​လည်​ဆွမ်း​​ကြွေး​ပေါ့။ ကျန်​ကိုကြီး​တွေ
အ​ကြောင်း​ကြောင်း​ကြောင့်​မလိုက်​နိုင်​ကြ။
ကိုကြီးဦး​မောင်​​မောင်​စိန်​က ​နေမ​ကောင်း
ဖြစ်​​နေတယ်​။ဒါနဲ့ ရှင်​လူရယ်​ ကိုကြီး
ဦးသန်းးတင်​(ဝန်​ကြီး​ဟောင်း)ရယ်​ နှစ်​​ယောက်​ပဲ သွားခဲ့ကြရတယ်​။ ကိုကြီး
ဦးသန်တင်​ (ဝန်ုကြီး​ဟောင်း)ဆိုလို့
မဆလ ဝန်​ကြီး​ဟောင်းနဲ့မမှား​စေလိုပါ။
ဒီဝန်​ကြီးက တချိန်​ သင်္ကြန်​သံချပ်​ တ​ခေတ်
ကောင်းစဉ်​က အရမ်း​အောင်​မြင်​ခဲ့ပြီး
ပြိုင်​ပွဲတိုင်းလိုလို ဆု​တွေတသီကြီး ဆွတ်​ခူးခဲ့တဲ့ ``ခြင်းကြားဒုတ်​​ထောက်​´´
သံချပ်​အဖွဲ့ နဲ့ ​နောက်​အမည်​​ပြောင်း
``​ပေါက္ခရဝဿ´´အဖွဲ့​တွေမှာရှင်​ဘုရင်​လုပ်​ပြီးသံချပ်​တိုင်​ခဲတဲ့ ကိုမြင့်​လွင်​(​ကျောင်း
ဆရာ)နဲ့အတူ အမတ်​ စစ်​သူကြီး စသဖြင့်
သရုပ်​​ဆောင်​ခဲ့ကြတဲ့ ကိုမြတ်​ဆိုင်​၊ဖိုးကွမ်း
တို့နဲ့အတူ ဝန်​ကြီး​နေရာကပါဝင်​ခဲ့သူပါ။
သူ့မှာ ကားဆိုလို့တစီးတ​လေ​တောင်​မရှိ
ရှာတဲ့ဝန်​ကြီး​ဟောင်းမို့ ရှင်​လူနဲ့အတူ
မဉ္ဇူလမ်းသို့ ကိုယ်​ပိုင်​​ခြေ​ထောက်​ဖြင့်
ချီတက်​ခဲ့​ကြောင်းပါ....
story#observation#shinlhu

Saturday, January 21, 2017

❀တိမ်​တိုက်​​ပေါ်​လှေ​လှော်​တဲ့ရှင်​လူ... ♪ ♬ ♪

❀တိမ်​တိုက်​​ပေါ်​လှေ​လှော်​တဲ့ရှင်​လူ...
♪ ♬ ♪ ♬ ♪ ♬ ♪ ♪ ♬ ♪ ♬
Sat,21 Jan 2017
မ​နေ့ည​နေကdreambed​ပေါ်အိပ်​​ပျော်​​နေတုန်း လက်ျာဝင်းဆီကဖုန်းဝင်​လာတယ်​။
မနက်​ဖြန်​ Alha Thit Art Gallery မှာ
ကိုစိုး​နိုင်ပန်းချီပြပွဲ ဖွင့်ပွဲ ဖိတ်ခိုင်းလို့  တဲ့။
အိမ်အလုပ်ကလည်း ဖုတ်လှိုက်​ ဖုတ်​လှိုက်
်ဖြစ်​​နေေ​​​​​​လ​​တော့အလွယ်​တကူလိုက်​မယ်
ပြောလိုက်​တယ်​။ဒီလိုနဲ့ဒီမနက်​ကိုစိုးနိုင်​အိမ်​ရှိရာ​မြောက်​ဒဂုံမှာစုရပ်​လုပ်​ကြပြီး၉နာရီ​လောက်​ Ahla Thit Art Gallery ရှိရာ
တက္ကသိုလ်​ရိပ်​သာလမ်းဘက်​ကားတစီးနဲ့ထွက်​လာခဲ့ကြတယ်​။ရောက်​​တော့ ပြခန်းထဲမှာMRTV4ကအဖွဲ့သား​တွေကလည်း ကင်​မရာ​တွေတပြင်​ပြင်​လုပ်​​နေကြပြီ
၊ မကြာခင်​မှာ ပန်းချီဆရာ ကြီး ​မောင်​ဒီ
ရောက်​လာတာလည်း​တွေ့ရတယ်​။တင်​ထားတဲ့ကား​လေး​တွေလိုက်​ကြည့်​၊အာရုံငြိ
တဲ့ကားနားမှာ ခင်​ရာမင်​ရာ​တွေနဲ့ ဓာတ်​ပုံ​လေးဘာ​လေးရိုက်​​ပေါ့။
ခဏ​နေ​တော့တ​ယောက်​ကလာ​ပြောတယ်​၊foreignerနဲ့အင်​တာဗျူးရိုက်​ဖို့တဲ့။လက္ခံပြီးထလိုက်​မယ်အလုပ် ဖုန်းတလုံးနဲ့အလုပ်
ရှုပ်​​နေတဲ့ကဗျာဆရာ ​စေတ(ကိုမြင့်​​မော်​)
ကို​တွေ့လိုက်​တာ​ကြောင့်​စိတ်​​ပြောင်းသွား
ပြီး။ အင်း ကိုမြင့်​​မော်​​ခေါ်သွား သူနဲ့ပိုသင့်​​တော်​တယ်​...(ဟဲဟဲ..ဟိုကပြန်
ေ​ပြာရင်​နားမလည်​မယ့်​အတူတူ)ကိုမြင့်
မော်​က ဘာသာပြန်​စာအုပ်​​တွေ ​ရေး​နေသူ
ဆို​တော့နားမလည်​​တောင်​ခန့်​မှန်းသိနဲ့ 
ရွှီးနိုင်​​လောက်​တယ်​ ​ပေါ့​။ဒီလိုနဲ့ foreigner
အမျိုးသား​လေးနဲ့ ကိုမြင့်​​မော်​ ကင်​မရာ​ရှေ့
ယက်​ကန်​ ယက်​ကန်​ ​ရောက်​သွားတယ်​။
ဒီလို​ပြောလို့တမျိုးမထင်​ပါနဲ့။ကိုမြင့်​​မော်​က
ဘယ်​သွားသွား ​ကျောပိုးအိတ်​၊​ဘေးလွယ်
အိတ်​၊လက်​ဆွဲအိတ်​​တွေအစုံသယ်​လာတတ်​သူမို့ အထုပ်​အပိုး​တွေဖယ်​ရပြုရနဲ့
ယက်​ကန်​ ယက်​ကန်​ဖြစ်​တာပါ။ သူတို့
အင်​တာဗျူး​နေ​တော့မှပဲ​အေး​အေး​ဆေး
ဆေး ပန်းချီကား​တွေကြည့်​​နေတဲ့ မဒမ်​ကို
ရှင်​လူက နှုတ်​ခွန်းဆက်​လိုက်​ပါတယ်​။
where are you from? ​ပေါ့။သူမက သွက်
သွက်​ လက်​လက်​ပဲ..French..လို့ပြန်​​ဖြေပါ
တယ်​။ ဒီ​နေရာမှာဘိုလိုဆက်​​ရေးရင်
စပလင်​​တွေမှားမစိုးလို့။ ဘာသာပြန်​ပြီးပဲ
ဖော်​ပြလိုက်​ပါတယ်။
အိုး ဖရန့် ၊ငါသိတာေ​ပါ့ ၊မင်းတို့ ဆီက အနု
ပညာရှင်ေ​တွ ငါအများကြီး​လေ့လာခဲ့တာပဲ၊
great!ဆိုလိုက်​​တော့ သူ့မျက်​နှာမှာ​ပျော်​ရွှင်
ရင်းနှီးတဲ့အရိပ်​တချို့ဖြတ်​​ပြေးသွားတယ်​။
မင်း ဒီပန်းချီကား​တွေ ဘယ်​လိုထင်​လဲ
ဆို​တော့။သူကထင်​မြင်​ချက်​​တွေကို တသီ
ကြီး​ပြောချလိုက်​ပါတယ်​။ဟဲဟဲ ခင်​ဗျားတို့
ရှင်​လူကြီးတလုံးမှ နားမလည်​ပါဘူး။
ခေါင်းတညိတ်​ညိတ်​နဲ့verygoodလိုက်​တာ
ပေါ့ဗျာ။ယူကပန်းချီဆရာလား..တဲ့။
သူ့အ​မေးကို ​ခေါင်းခါလိုက်​ပြီး ၊ငါက
ကဗျာ​ရေးသူပါ ပန်းချီဆရာ နဲ့အနုပညာသူငယ်​ချင်း​တွေပါလို့​ပြောပြရပါတယ်။ဒီအချိန်​မှာဗျူးပြီးလို့ထွက်​လာတဲ့အမျိုးသားကိုလှမ်း​ခေါ်ပြီးမိတ်​ဆက်​​ပေးပါတယ် ။သူက ကဗျာဆရာပါ ဆို​တော့
အမျိုးသား​လေး က ဝမ်း​မြောက်​ဝမ်းသာနဲ့ ရှင်​လူ့ကိုလက်​ကမ်း​ပေးရင်းလက်​ဆွဲနှုတ်​ဆက်ပါ​တော့တယ်​။ ရှင်​လူက ဟန်​မပျက်​သူ့လက်​ကိုဆုပ်​ကိုင်​ရင်း
လှုပ်​ရမ်းလိုက်​ရ​ပေမယ့်​ စိတ်​ထဲက​တော့
မြန်​မာကဗျာဆရာ​တွေလက်​ကအ​တော်
ကြမ်းတယ်​ထင်​သွားရင်​ဒုက္ခပါပဲလို့​တွေးမိပါတယ်​။နေ့စဉ်​ တံစည်းတိုက်​ လွှတိုက်​ တူထု​နေရ​တော့လက်​​တွေကအသားမာတက်​လို့။
အဲ့လိုနဲ့ အလ္လာပ သလ္လာပ ​ပြောပြီး ပြခန်း
က ကိုနန်းနွယ်​ရဲ့ ပါရမီဖြည့်​ဖက်​က​လေး
ဒိုင်​ခံ​ဖျော်​ထားတဲ့ ​ကော်​ဖီတခွက်​​ကောက်
သောက်​​နေတုန်း ခုန ဖရန့်​ မဒမ်​​လေးက
I find! I find! ​​အော်​ရင်း ​ဝမ်းသာတဲ့အသံနဲ့ 
ရှင်လူ့လက်ကိုဆွဲပြီး ပန်းချီကားတချပ်ေ​​​​​ရှ့
ကိုဆွဲ​​ခေါ်သွားပါတယ်​။ US ​ဒေါ်လာ 400
တန်​ကားတချပ်​ကိုဝယ်​ယူသွားပါတယ်​။
အဲဒါ ကိုစိုးနိုင်​ရယ်​ ရှင်​လူရယ်​ မဒမ်​ရယ်
တွဲပြီးပန်းချီကား​ရှေ့မှာဓာတ်​ပုံလည်းရိုက်​လိုက်​ပါ​သေးတယ်​။ ပြီး​တော့ ကိုစိုးနိုင်​ကို
လှမ်းပြီး ရှင်​လူ့ဘက်​ငဲ့ပြရင်း nice friend
လို့​ပြောလိုက်​ပါတယ်​။ ဟဲဟဲ US 400 တန်
ကားတကား ကူညီ​ရောင်းခဲ့တဲ့ ကိစိုးနိုင်​ရဲ့
nice friend ကြီးရှင်​လူ့ ခမျာ ခုတ​လော
လုပ်​ငန်းကိုင်​ငန်းအဆင်​မ​ပြေလို့ အိမ်​လခ
၃လစာအ​ကြွေးတင်​​နေတာ US ​ဒေါ်လာနဲ့တွက်​မယ်​ဆို ​ဒေါ်လာ US 180
ကျော်​မယ်​ထင်​ပဗျာ....
story#observation#shinlhu

Saturday, January 14, 2017

နှင်း​ကြွေမယ့်​​ဆောင်း ♪♡ ♪ ♥

နှင်း​ကြွေမယ့်​​ဆောင်း
♪♡ ♪ ♥ ♪ ♡ ♬
♡ ရင်​နင့်​​အောင်​ချမ်းတယ်
ဂျာကင်​အင်္ကျီက ခန္ဓာကို​နွေး​ပွေ့ထားတာ​တောင်
နှလုံးသားကချမ်းတုန်​လို့
♡ ​ဆောင်း​ရေ....
ငါက အ​အေးနဲ့​တောက်​​လောင်​​နေတဲ့
နှင်းစက်​က​လေးပါကွဲ့
ပိန်းကြာဖက်​က​လေး​ပေါ်က
အသာ​လျောဆင်းလို့
မင်းမြင်​ကွင်း​ပေါ်က
မကြာခင်​​ပျောက်​ကွယ်​သွားမယ့်
အနတ္တ နှင်းပွင့်​မျှပါကွယ်
ညိုမြ​သွေး
10:52PM
Sat,14 Jan 2017
poem#observation#shinlhu

Friday, January 13, 2017

Plan a ♥

Plan a
♥ ♥ ♥
ညိုမြ​သွေး
@ ပိုးဟပ်​အ​သေတ​ကောင်​ရယ်
အမှိုက်​သရိုက်​​တွေရယ်
ဖုံေ​ထာင်း​​ထောင်း​ထ​​နေတဲ့ငါ့ဧည့်​ခန်းက
ဧည့်​မလာတာ ကြာပြီဆိုတဲ့အ​ကြောင်းနဲ့
စည်​ပင်​မမ မရှိ​တော့ဘူးဆိုတဲ့အ​ကြောင်းနဲ့
@ ဒါ​တွေ ငါရှင်းမှာပါ
ဒီအမှိုက်​​တွေက မိုင်​နာ​​အော်​ပ​ရေးရှင်းပါ
အရင်​ဆုံး ငါ့ရင်​ထဲမှာရှိ​နေတဲ့
နှလုံးသားအ​သေတခု ရှင်းပြီးရင်
တခဏတွင်း ရှင်းသွားမှာပါ...
ညိုမြ​သွေး
6;09PM
Tue,10 Jan 2016
poem#observation#shinlhu

ညအိုင်​ပြာု♡ ♡ ♡

ညအိုင်​ပြာ
ု♡ ♡ ♡ ♡
ညိုမြ​သွေး
ဒိုင်းခနဲ ကန်​​ရေပြင်​လှိုင်းတံပိုးတို့ ပွက်ထ
သေနတ်​သံ​တွေဆူညံသွားခိုက်​မှာ
ငန်းရိုင်းတို့ ကစဉ့်​ကလျားထပျံ....
၈၈,၈၉,၉၀+++✈ ✈ ✈
တချို့ မုဆိုးပိုက်​ကွန်​ထဲ
တချို့ ဦးတည်​ရာမဲ့ပျံသန်း
တချို့က ​မြောက်​ဝန်​ရိုးစွန်းတိုင်
ရေခဲဖုံး ရပ်​ဝန်းများဆီ....
၂၀၁၆-၂၀၁၇ တ​ကောင်​ နှစ်​​ကောင်
သုံး​ကောင်​ ​လေး​ကောင်
ငန်းတို့​ပျော်​ရာ အိုင်​အိုကြီးဆီ...
တချို့က ထာဝရ
ပြန်​မလာနိုင်​ကြ​တော့
ဟောဒီအိုင်​ကြီးနားမှာ
ငှက်​ခတ်​မုဆိုး​တွေ တကယ်​မရှိ​တော့ဘူးလား
သေနတ်​သံ​တွေ တကယ်​ဆိတ်​ခဲ့ပြီလား
ကန်​​ရေပြင်​မှာ အုပ်​ဖွဲ့ကူးခတ်
စူးစမ်းလည်​တံရှည်​ကြီး​တွေနဲ့
ငန်းရိုင်းကြီး​တွေခမျာ
အနံ့အသက်​တခုကို​တော့ မ​သေမခြာ
ငြိမ်းချမ်း​ရေးလား
စစ်​ပွဲ​တွေလား
ဝိုးတဝါးဆည်းဆာမြူရိပ်​​တွေ​အောက်​မှာ...
(​နွေလယ်​​နေ၊ဒတ္ထ၊နှင်းခါးမိုး၊ညိုမြ​သွေး)
Fri,6 Jan 2017 ည​နေ 5:30 PM
ညိုမြ​သွေး
10:13AM
Sat,7 Jan 2017
poem#observation#shinlhu

Saturday, January 7, 2017

ညအိုင်​ပြာု♡ ♡ ♡

ညအိုင်​ပြာ
ု♡ ♡ ♡ ♡
ညိုမြ​သွေး
ဒိုင်းခနဲ ကန်​​ရေပြင်​လှိုင်းတံပိုးတို့ ပွက်ထ
သေနတ်​သံ​တွေဆူညံသွားခိုက်​မှာ
ငန်းရိုင်းတို့ ကစဉ့်​ကလျားထပျံ....
၈၈,၈၉,၉၀+++✈ ✈ ✈
တချို့ မုဆိုးပိုက်​ကွန်​ထဲ
တချို့ ဦးတည်​ရာမဲ့ပျံသန်း
တချို့က ​မြောက်​ဝန်​ရိုးစွန်းတိုင်
ရေခဲဖုံး ရပ်​ဝန်းများဆီ....
၂၀၁၆-၂၀၁၇ တ​ကောင်​ နှစ်​​ကောင်
သုံး​ကောင်​ ​လေး​ကောင်
ငန်းတို့​ပျော်​ရာ အိုင်​အိုကြီးဆီ...
တချို့က ထာဝရ
ပြန်​မလာနိုင်​ကြ​တော့
ဟောဒီအိုင်​ကြီးနားမှာ
ငှက်​ခတ်​မုဆိုး​တွေ တကယ်​မရှိ​တော့ဘူးလား
သေနတ်​သံ​တွေ တကယ်​ဆိတ်​ခဲ့ပြီလား
ကန်​​ရေပြင်​မှာ အုပ်​ဖွဲ့ကူးခတ်
စူးစမ်းလည်​တံရှည်​ကြီး​တွေနဲ့
ငန်းရိုင်းကြီး​တွေခမျာ
အနံ့အသက်​တခုကို​တော့ မ​သေမခြာ
ငြိမ်းချမ်း​ရေးလား
စစ်​ပွဲ​တွေလား
ဝိုးတဝါးဆည်းဆာမြူရိပ်​​တွေ​အောက်​မှာ...
(​နွေလယ်​​နေ၊ဒတ္ထ၊နှင်းခါးမိုး၊ညိုမြ​သွေး)
Fri,6 Jan 2017 ည​နေ 5:30 PM
ညိုမြ​သွေး
10:13AM
Sat,7 Jan 2017
Poem#observation#shinlhu