ညအိုင်ပြာ
ု♡ ♡ ♡ ♡
ညိုမြသွေး
ဒိုင်းခနဲ ကန်ရေပြင်လှိုင်းတံပိုးတို့ ပွက်ထ
သေနတ်သံတွေဆူညံသွားခိုက်မှာ
ငန်းရိုင်းတို့ ကစဥ့်ကလျားထပျံ....
၈၈,၈၉,၉၀+++✈ ✈ ✈
တချို့ မုဆိုးပိုက်ကွန်ထဲ
တချို့ ဦးတည်ရာမဲ့ပျံသန်း
တချို့က မြောက်ဝန်ရိုးစွန်းတိုင်
ရေခဲဖုံး ရပ်ဝန်းများဆီ....
၂၀၁၆-၂၀၁၇ တကောင် နှစ်ကောင်
သုံးကောင် လေးကောင်
ငန်းတို့ပျော်ရာ အိုင်အိုကြီးဆီ...
တချို့က ထာဝရ
ပြန်မလာနိုင်ကြတော့
ဟောဒီအိုင်ကြီးနားမှာ
ငှက်ခတ်မုဆိုးတွေ တကယ်မရှိတော့ဘူးလား
သေနတ်သံတွေ တကယ်ဆိတ်ခဲ့ပြီလား
ကန်ရေပြင်မှာ အုပ်ဖွဲ့ကူးခတ်
စူးစမ်းလည်တံရှည်ကြီးတွေနဲ့
ငန်းရိုင်းကြီးတွေခမျာ
အနံ့အသက်တခုကိုတော့ မသေမခြာ
ငြိမ်းချမ်းရေးလား
စစ်ပွဲတွေလား
ဝိုးတဝါးဆည်းဆာမြူရိပ်တွေအောက်မှာ...
(နွေလယ်နေ၊ဒတ္ထ၊နှင်းခါးမိုး၊ညိုမြသွေး)
Fri,6 Jan 2017 ညနေ 5:30 PM
ညိုမြသွေး
10:13AM
Sat,7 Jan 2017
poem#observation#shinlhu
No comments:
Post a Comment