Plan a
♥ ♥ ♥
ညိုမြသွေး
@ ပိုးဟပ်အသေတကောင်ရယ်
အမှိုက်သရိုက်တွေရယ်
ဖုံထောင်းထောင်းထနေတဲ့ငါ့ဧည့်ခန်းက
ဧည့်မလာတာ ကြာပြီဆိုတဲ့အကြောင်းနဲ့
စည်ပင်မမ မရှိတော့ဘူးဆိုတဲ့အကြောင်းနဲ့
@ ဒါတွေ ငါရှင်းမှာပါ
ဒီအမှိုက်တွေက မိုင်နာအော်ပရေးရှင်းပါ
အရင်ဆုံး ငါ့ရင်ထဲမှာရှိနေတဲ့
နှလုံးသားအသေတခု ရှင်းပြီးရင်
တခဏတွင်း ရှင်းသွားမှာပါ...
ညိုမြသွေး
6;09PM
Tue,10 Jan 2016
poem#observation#shinlhu
No comments:
Post a Comment